လန်ဒန်မြို့လယ်ခေါင်က ပေါင်(၁၀၀၀)တန် စီရော်နယ်ဒို jump challenge

လက်ရှိမော်ဒန်ဘောလုံးလောကမှာတော့ ဂျုဗင်တပ်ကစားသမား စီရော်နယ်ဒိုရဲ့အမြင့်ခုန်စွမ်းရည်က တော်တော်လေးကိုပြောစမှတ်တွင်နေတဲ့ စွမ်းဆောင်ရည်တွေပါပဲ။စီရော်နယ်ဒိုရဲ့ အမြင့်ခုန်နိုင်မှုဟာ ဘတ်စကတ်ဘောသမားတစ်ယောက်ရဲ့ အမြင့်ခုန်စွမ်းဆောင်ရည်လောက်ကိုမြင့်မားနေတာဖြစ်ပါတယ်။ဒါ့အပြင် စီရော်နယ်ဒိုဟာအမြင့်ခုန်စွမ်းရည်တွေကောင်းတာမဟုတ်ပဲ၊

ခုန်လိုက်တဲ့ အချိန် စီရော်နယ်ဒိုရဲ့လေပေါ်မှာကြာရှိနေတဲ့ အချိန်ဟာအခြားသောသူတွေထက်ပိုကြာမြင့်နေတာဖြစ်ပါတယ်။ ဒါဟာလည်းစီရော်နယ်ဒိုရဲ့ နည်းစနစ်ပိုင်းနဲ့ အမြင့်ခုန်လိုက်တဲ့ အချိန်ကိုယ်ဟန်အနေအထားတွေကြောင့် လေပေါ်မှာ သာမန်ထက်အချိန်ပိုကြာမြင့်စွာရှိနေနိုင်တာဖြစ်ပါတယ်။(၂၀၁၆)ခုနှစ်ယူရိုဆီမီးဖိုင်နယ်က ဝေးလ်နဲ့ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ အမြင့်(၈၀)စင်တီမီတာ အထိခုန်ပြခဲ့ပြီး၊ အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

အဆိုပါ အမြင့်မှာ စီရော်နယ်ဒိုဟာ (ဝ.၇)စက္ကန့်အထိကြာမြင့်ခဲ့တာဖြစ်ပါတယ်။ ခေါင်းခုန်တိုက်ချိန်မှာ စီရော်နယ်ဒိုရဲ့ခေါင်းဟာ အမြင့်ပေ (၈)ပေနဲ့ (၇)လက်မမှာရှိနေခဲ့တာဖြစ်ပါတယ်။စီရော်နယ်ဒိုရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ပတ်သက်ပြီး (၂၀၁၆)ခုနှစ်တုန်းက ဝေးလ်အသင်းကိုကိုင်တွယ်နေခဲ့တဲ့ ကိုးမန်းက ” အဲ့ဒီလောက်အမြင့်ကြီးခုန်နေတဲ့လူတစ်ယောက်ကို ဂိုးမပေးရအောင် defend ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ” လို့မှတ်ချက်ပေးပြောဆိုသွားခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့ အမြင့်ခုန်စွမ်းရည်နဲ့ ပတ်သက်ပြီး ဖရီးစတိုင်ကစားသမားတွေဖြစ်ကြတဲ့ လိုက်ချ်နဲ့ ဝိုင်းဂရုဗ် တို့နှစ်ဦးမှာ လန်ဒန်မြို့လယ်ခေါင်မှာ (၂၀၁၆)ခုနှစ်ဝေးလ်နဲ့ဲပွဲစဉ်မှာစီရော်နယ်ဒိုူခေါင်းခုန်တိုက်ခဲ့တဲ့ အမြင့်ပမာဏကို ခုန်ပြီးတိုက်စေမယ့်အမြင့်ခုန် Challenge တစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ စီရော်နယ်ဒို ခေါင်းခုန်တိုက်ခဲ့တဲ့ (၈)ပေနဲ့ (၇)လက်မအမြင့်မှာဘောလုံးကိုချိတ်ထားခဲ့ပြီး၊ ဘောလုံးကိုထိအောင်ခေါင်းခုန်တိုက်စေခဲ့တာပါ။

လူတော်တော်များများက အဆိုပါအမြင့်ကိုခုန်ပြီး ဘောလုံးကိုထိအောင်ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ကြပါဘူး။ နောက်ဆုံးမှာတော့ သြစတြီးယားလူမျိုးတစ်ဦးကို အဆိုပါအမြင့်ထိခူန်ပြနိုင်ခဲ့ပြီး ပေါင်(၁၀၀၀)ကိုရရှိသွားခဲ့ပါတယ်။ အဆိုပါ သြစတြီးယားလူမျိုးဟာ အရပ်(၆)ပေ(၅)လက်မလောက်ရှိနေတာဖြစ်ပြီး၊ စီရော်နယ်ဒိုကတော့ အရပ်(၆)ပေ(၂)လက်မသာရှိထားခဲ့တာကြောင့်၊ (၈)ပေနဲ့ (၇)လက်မအမြင့်ကိုထိအောင်ခုန်ပြခဲ့ပေမဲ့ စီရော်နယ်ဒိုလောက်တော့ အမြင့်ခုန်စွမ်းရည်ကောင်းတယ်လို့ ပြောလို့ရမှာမဟုတ်ပါဘူး။

AZ-SportsGabar