နံနက်ပိုင်းအားကစားသတင်းတိုများ (၇.၁၁.၂၀၂၀)

နယူးကာဆယ်ကို အနိုင်ပြီး၊ အမှတ်ပေးဇယားထိပ်ကို ပထမဆုံးအကြိမ်ရောက်လာတဲ့ ဆောက်သမ်တန်အသင်းကတော့ အသင်းသမိုင်းတလျှောက်ပထမဆုံးအကြိမ်အမှတ်ပေးဇယားထိပ်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ (၂-ဝ)ရလဒ်နဲ့အတူ (၈)ပွဲကစား၊ (၁၆)မှတ်နဲ့ဇယားထိပ်ဆုံးမှာရပ်တည်နေပါတယ်။

ယူနိုက်တက်နည်းပြရာထူးအတွက်ထိုင်ခုံလှုပ်နေပြီလို့ အားလုံးဝဖေန်နေကြပေမဲ့ ဆိုးလ်ရှားက သူ့အနေနဲ့ ယူနိုက်တက်နည်းပြရာထူးမှာဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်း အဲဗာတန်နဲ့ပွဲမတိုင်းခင်ဖွင့်ဟလာခဲ့ပါတယ်။ အဲဗာတန်နဲ့အဝေးကွင်းမှာ ရလဒ်မကောင်းခဲ့ရင် ပိုချက်တီနိုနဲ့အစားထိုးဖို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

လက်စွမ်းကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပစ်ဖို့ဒ်အတွက် အခြေအနေတွေကို ကြံ့ကြံ့ခံကျော်လွှားဖို့ လိုအပ်တယ်လို့ ထောက်ပြပြောဆိုလိုက်ပါတယ်။ လာမယ့် မန်ယူနဲ့ပွဲမှာလည်း ပထမဂိုးသမားနေရာကနေ ပွဲမထွက်ရဘူးလို့ ထင်ကြေးပေးခံနေရပြီး၊ ပစ်ဖို့ဒ်တယောက် လက်ရွေးစင်ရာထူးကိုပါထိခိုက်လာဖို့ရှိနေပါတယ်။

လာမယ့်ဇန်နဝါရီလမှာအသင်းရဲ့ ကစားသမားငါးဦးအထိရောင်းချဖို့ ဘာစီလိုနာအသင်းဟာ ပြင်ဆင်ထားပြီလို့ သိရပါတယ်။ ဒမ်ဘီလီအပါအဝင် လစာမြင့်ကစားသမားတွေကို ဘာစီလိုနာဟာ သတ်မှတ်ကြေးထက်ပြောင်းရွှေ့ကြေးနိမ့်တဲ့ ဈေးနှုန်းတွေနဲ့ပါ ရောင်းဖို့လုပ်ဆောင်ထားတာဖြစ်ပါတယ်။

အီတလီနည်းပြ မန်ချီနီတယောက် ကိုဗစ်ပေါ့စတစ်တွေ့ခဲ့တယ်လို့ အသင်းကထုတ်ပြန်ခဲ့ပါတယ်။ လာမယ့်နှစ်ပတ်အတွင်း ပွဲစဉ်သုံးပွဲကစားဖို့ရှိနေတဲ့ အီတလီအနေနဲ့ နည်းပြနဲ့ပူးပေါင်းမှုအားနည်းနေမယ့်အချက်က နေရှင်းလိဂ်ပွဲစဉ်တွေကို ထိခိုက်လာဖို့ ရှိနေပါတယ်။

ဖာမီနိုဟာအသင်းအတွက် အရေးမပါဘူးလို့ ဝေဖန်ပြောဆိုမှုတွေကို နည်းပြပလော့က ဖာမီနိုအရေးပါတဲ့အချက်ကို မမြင်နိုင်ကြဘူးဆိုရင် သူလည်းဘာမှမကူညီနိုင်တော့ဘူးလို့ ကစားသမားဖက်က ကာကွယ်ပြောကြားလိုက်ပါတယ်။ ဂျိုတာ ခြေစွမ်းပြနေချိန်မှာ ဖာမီနိုထက်ပွဲထွက်မှာသုံးဖို့ ထောက်ပြမှုတွေကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

AZ-SportsGabar