လာမယ့်နွေဆို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူလို့ရတော့မယ့် ကမ္ဘာ့အကောင်းဆုံးကစားသမား

လာမယ့် (၂၀၂၁)နွေရာသီအပြောင်းအရွှေ့တော့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တွေထက်များစွာကွဲပြားခြားနားမှုတွေရှိလာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့လာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်ထဲမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ရှိနေတဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအများကြီးရှိနေလို့ပါပဲ။ဆိုတော့လာမယ့်နွေစေးျကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘယ်ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကိုခေါ်ယူလို့ရနိုင်မလဲကြည့်လိုက်ကြရအောင်။

(၁)အိုဇေးလ်။ ။အာဆင်နယ်တို့ဟာ လက်ရှိဘောလုံးရာသီပရီးမီးယားလိဂ်လူစာရင်းကနေ ချန်လှပ်ခဲ့ပြီးတဲ့နောက် အိုဇေးနဲ့ အာဆင်နယ်တို့ရဲ့ဇာတ်လမ်းဟာသေချာပေါက်အဆုံးသတ်သွားပြီး၊ စာချုပ်သက်တမ်းကလည်းလာမယ့်နွေဆိုကုန်မှာဖြစ်တဲ့အတွက် လာမယ့်နွေဈေးကွက်ထဲမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမယ့် အရည်အသွေးမြင့်ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။

(၂)ဒီယေဂိုကော်စတာ။ ။ချဲလ်ဆီးကနေအက်သလက်ကိုပြန်ရောက်လာကတည်းက ကော်စတာဟာခြေစွမ်းပိုင်းကျဆင်းမှုတွေရှိလာခဲ့တာပါ။အက်သလက်အတွက်တစ်ကျော့ပြန်ကစားခဲ့တဲ့ပွဲစဉ်(၇၈)ပွဲမှာသွင်းဂိုးက(၁၈)ဂိုးသာရှိထားခဲ့တာဖြစ်ပါတယ်။လာမယ့်နွေဆိုရင်တော့အလွတ်ပြောင်းရွှေ့ကြေးနဲ ရမှာဖြစ်ပါတယ်။(၃)ကာဗာနီ။ ။လက်ရှိယူနိုက်တက်နဲ့ တစ်နှစ်စာချုပ်ရှိထားပြီးလာမယ့်ရာသီဆိုရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲရမယ့် အဆင့်မြင့်တိုက်စစ်မှူးတစ်ယောက်ပဲဖြစ်ပါတယ်။

(၄)အီဗရာဟီမိုဗစ်။ ။လက်ရှိမှာ အသက်(၃၉)နှစ်ရှိပြီဖြစ်တဲ့ အေစီမီလန်ရဲ့တိုက်စစ်မှူးကြီးအီဗရာဟီမိုဗစ်ဟာ အကောင်းဆုံးခြေစွမ်းတွေပြသထားနိုင်နေတုန်းပါပဲ။ အေစီမီလန်အတွက်စီးရီးအေ (၄)ပွဲကစားပြီးချိန်မှာ သွင်းဂိုး (၇)ဂိုးအထိသွင်းယူပေးထားပါတယ်။လာမယ့်ရာသီဆိုရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်နိုင်မယ့် ကစားသမားပဲဖြစ်ပါတယ်။

(၅)ဒီပေး။ ။လိုင်ယွန်အတွက် ဒီရာသီ (၇)ပွဲမှာ (၄)ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်မှာ သူ့ရဲ့ခြေစွမ်းတွေကိုသက်သေပြဖို့ အခွင့်မရခဲ့ပေမဲ့ လိုင်ယွန်မှာတော့ အကောင်းဆုံးခြေစွမ်းတွေပြသလျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ နွေက ဘာစီကိုရောက်ဖို့နီးစပ်ခဲ့ပြီး၊ လာမယ့်နွေဆိုရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူလို့ရနိုင်မယ့် ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။

(၆)ဝစ်နယ်ဒမ်။ ။ကွင်းလယ်မှာရွေးချယ်စရာတွေအရမ်းများလာတဲ့ လီဗာပူးလ်အတွက် ဝစ်နယ်ဒမ်က အမေ့ခံကစားသမားဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေက ဘာစီကိုရောက်ဖို့နီးစပ်ခဲ့ပေမဲ့ လာမယ့်နွေကျရင်တော့ အလွတ်ကြေးနဲ့ ထွက်ခွာမယ့် ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။(၇)မက်ဆီ။ ။လာမယ့်နွေမှာတော့ ဘာစီနဲ့မက်ဆီတို့ရဲ့ လမ်းခွဲကိုသေချာပေါက်မြင်တွေ့ရမှာပါ။ ပြီးခဲ့တဲ့ နွေကတည်းက မက်ဆီဟာ ဘာစီကထွက်ခွာဖို့အလိုရှိခဲ့ပေမဲ့ ဘာစီက ထွက်ခွာခွင့်မပြုခဲ့တာရယ်၊ မြင့်မားလွန်းတဲ့ စာချုပ်ဖျက်သိမ်းကြေးတွေရယ်ကြောင့် ဘာစီမှာပဲဆက်ရှိနေခဲ့ပါတယ်။ လာမယ့်နွေဆိုရင်တော့ပ အလွတ်ကြေးနဲ့ သေချာပေါက်ထွက်ခွာတော့မှာဖြစ်ပါတယ်။

AZ-SportsGabar