ဂိုးကန်သွင်းချက်အကြိမ်(၄၀)အထိပြုလုပ်ထားနိုင်ခဲ့ပေမဲ့ ဂိုးမရသေးတဲ့ ဘာစီကြယ်ပွင့်

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းက ဘာစီလိုနာကနေထွက်ခွာဖို့အလိုရှိနေခဲ့ပေမဲ့ အကြောင်းအမျိုးမျိုး မခြေအနေအမျိုးမျိုးကြောင့် ဘာစီလိုနာမှာပဲဆက်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့လာမယ့်ဘောလုံးရာသီမှာဆိုရင်တော့ မက်ဆီကို ဘာစီလိုနာမှာဆက်မြင်တွေ့ရဦးမလားဆိုတာက သံသယဖြစ်စရာကောင်းပါတယ်။

အာဂျင်တီးနားသားဟာ ဘာစီလိုနာမှာဆက်ရှိနေပေမဲ့ ပုံစံကောင်းတွေကတော့ပျောက်နေခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒိုင်နမိုကေ့ဗ်နဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာလည်းမက်ဆီဟာ ဒိုင်နမိုကေဗ်ကစားသမားက သူ့ရှေ့ကနေ ဘောလုံးကိုဆွဲယူသွားခဲ့တာတောင်လိုက်လုပဲလမ်းလျှောက်ပြီးကြည့်နေခဲ့တဲ့ အတွက်ကြောင့် မက်ဆီရဲ့ ဘာစီလိုနာအပေါ်ပေးဆပ်မှုတွေကို မေးခွန်းထုက်လာကြပါတယ်။

ဟုတ်ပါတယ်။ မက်ဆီဟာပြီးခဲ့တဲ့ နွေကတည်းက နည်းပြသစ်ကိုးလ်မန်းနဲ့ ပြဿနာတွေရှိနေခဲ့တယ်လို့ သတင်းတွေထွက်လာခဲ့သလို ဘာစီလိုနာရဲ့ အကြီးပိုင်းတာဝန်ရှိသူတွေကိုလည်း တိုက်ရိုက်ဝေဖန်မှုတွေပြုလုပ်ခဲ့တဲ့သူပါ။ ဒါ့ကြောင့် ဟိုငယ်စဉ်ကတည်းက မြတ်နိုးစွာပေးဆပ်ပြီး ကစားလာတဲ့ဘာစီလိုနာမှာ မက်ဆီတစ်ယောက်မပျော်တော့တာသေချာပါတယ်။

ဘာစီလိုနာအတွက်ကစားပေးနေရတာ မပျော်လာရခြင်းနဲ့အတူ မက်ဆီရဲ့ ခြေစွမ်းပိုင်းကလည်းကျဆင်းမှုတွေရှိလာခဲ့ပါတယ်။ မက်ဆီဟာ ဒီရာသီမှာ ဘာစီလိုနာအတွက်ပြိုင်ပွဲစုံ (၉)ပွဲပါဝင်ကစားပေးထားခဲ့ပြီးတော့ ဒီ(၉)ပွဲမှာ သွင်းဂိုးက (၄)ဂိုးသာသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီ(၄)ဂိုးလုံးကလည်း ပင်နယ်တီသွင်းဂိုးတွေပဲဖြစ်တာကြောင့် မက်ဆီရဲ့ ဂိုးသွင်းနှုန်းက သိသိသာသာကြီးကိုကျဆင်းလာနေတာဖြစ်ပါတယ်။

ပိုဆိုးတာကတော့ မက်ဆီဟာအဆိုပါ(၉)ပွဲမှာ ဂိုးပေါက်ကန်သွင်းမှု အကြိမ်(၄၀)အထိပြုလုပ်ခဲ့ပြီး၊ တစ်ပွဲကို ပျမ်းမျှဂိုးကန်သွင်းမှု (၄.၆)ကြိမ်အထိပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအကြိမ်(၄၀)လုံးမှာ တစ်ကြိမ်မှကို ဂိုးအဖြစ်ပြောင်းလဲထားနိုင်ခဲ့ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဘလွန်းဒီအော်ဆု(၆)ကြိမ်ရ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်အတွက် ဒီမှတ်တမ်းဟာတော်တော်ဆိုးတယ်လို့ပြောရမှာဖြစ်ပြီး၊မက်ဆီအနေနဲ့ အခုလိုမျိုးစွမ်းဆောင်ရည်တွေကျဆင်းလာတာဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာကနေထွက်ခွာခွင့်မရခဲ့တာတွေကြောင့်ဖြစ်နေမလားဆိုတာကတော့ မက်ဆီကိုယ်တိုင်ပဲ အသိဆုံးဖြစ်နေမှာပါ။

AZ-SportsGabar