ဟာဇက္ကိုႏႈတ္ဆက္ခဲ့တဲ့၀ီလီယံ

ယခုႏွစ္ေဘာလံုးရာသီမကုန္ခင္ကတည္းက လူတိုင္းရဲ႕ပါးစပ္ဖ်ားမွာ ေနရာယူထားခဲ့တဲ့ ဟာဇက္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ၾကား အေျပာင္းအေရႊ႕ကိစၥဟာ ျပီးခဲ့တဲ့ေသာၾကာေန႔မွာေတာ့ ခ်ဲလ္ဆီးအသင္းနဲ႔ ရီးရဲလ္တို႔ၾကား သေဘာတူညီမႈရရွိခဲ့တာနဲ႔အတူ အျပီးသတ္သြားခဲ့ျပီျဖစ္ပါတယ္။

လြန္ခဲ့တဲ့(၂၀၁၂)ခုႏွစ္ကတည္းက လိုင္လီအသင္းကေန ေျပာင္းေရႊ႕လာခဲ့တဲ့ ဟာဇက္ဟာ ခ်ဲလ္ဆီးအသင္းအတြက္ (၇)ႏွစ္ၾကာကစားေပးခဲ့ျပီး ပရီးမီးယားလိဂ္ဖလား (၂)ၾကိမ္၊ အက္ဖ္ေအဖလား (၁)ၾကိမ္ ဆြတ္ခူးႏိုင္ခဲ့ပါတယ္။ ဟာဇက္ရဲ႕အသင္းေဖာ္ ၀ီလီယံကေတာ့ (၁)ႏွစ္ေနာက္က်ျပီးမွ ခ်ဲလ္ဆီးအသင္းထံကို ေရာက္ရွိလာခဲ့သူျဖစ္ျပီး၊ သူတို႔(၂)ဦးဟာ ခ်ဲလ္ဆီးမွာ (၆)ႏွစ္ၾကာအတူတြဲကစားခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ေနာက္ဆံုးအခ်ိန္အထိ ဟာဇက္ကို အသင္းမွာဆက္ထိန္းထားဖို႔ ၾကိဳးစားခဲ့ေပမဲ့လည္း မေအာင္ျမင္ခဲ့ပါဘူး။ ဒါေၾကာင့္ လာမယ့္ေဘာလံုးရာသီမွာေတာ့ ပရီးမီးယားလိဂ္ရဲ႕နာမည္ၾကီးကစားသမားတစ္ဦးျဖစ္တဲ့ ဟာဇက္ကို ခ်ဲလ္ဆီးမွာ ေတြ႕ျမင္ရမွာ မဟုတ္ေတာ့ပါဘူး။ ခ်ဲလ္ဆီးနဲ႔ဟာဇက္တို႔ရဲ႕လမ္းခြဲမွာ ကစားေဖာ္ေတြနဲ႔ အသင္းပရိသတ္ေတြကလည္း စိတ္ထိခိုက္ေနၾကျပီး၊ ၀ီလီယံကေတာ့ သူ႕ရဲ႕အင္စတာဂရမ္မွာ-

” ဟာဇက္ေရ…ျပီးခဲ့တဲ့ (၆)ႏွစ္လံုး မင္းနဲ႔အတူ တြဲကစားခဲ့ရတဲ့ အခ်ိန္ေတြအတြက္ ငါ ဂုဏ္ယူမိတယ္ကြာ၊ အနာဂတ္မွာ မင္းရဲ႕စိန္ေခၚမႈအသစ္ေတြကို ေအာင္ေအာင္ျမင္ျမင္ ေက်ာ္ျဖတ္ႏိုင္ပါေစ…” ဆိုတဲ့ ႏႈတ္ဆက္စာေလးတစ္ေၾကာင္းကို တင္သြားခဲ့ပါတယ္။

ဟာဇက္ဟာ အာဆင္နယ္ကို (၄)ဂိုး (၁)ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ဘာကူယူရိုပါလိဂ္ဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးအတြက္ (၂)ဂိုးသြင္းယူေပးခဲ့တာျဖစ္ျပီး၊ ဒါဟာ ခ်ဲလ္ဆီးကစားသမားဘ၀ သူ႔ရဲ႕ ေနာက္ဆံုး သြင္းဂိုးေတြလည္းျဖစ္သြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဟာဇက်ကိုနှုတ်ဆက်ခဲ့တဲ့ဝီလီယံ

ယခုနှစ်ဘောလုံးရာသီမကုန်ခင်ကတည်းက လူတိုင်းရဲ့ပါးစပ်ဖျားမှာ နေရာယူထားခဲ့တဲ့ ဟာဇက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကြား အပြောင်းအရွှေ့ကိစ္စဟာ ပြီးခဲ့တဲ့သောကြာနေ့မှာတော့ ချဲလ်ဆီးအသင်းနဲ့ ရီးရဲလ်တို့ကြား သဘောတူညီမှုရရှိခဲ့တာနဲ့အတူ အပြီးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့(၂၀၁၂)ခုနှစ်ကတည်းက လိုင်လီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဟာဇက်ဟာ ချဲလ်ဆီးအသင်းအတွက် (၇)နှစ်ကြာကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား (၂)ကြိမ်၊ အက်ဖ်အေဖလား (၁)ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဟာဇက်ရဲ့အသင်းဖော် ဝီလီယံကတော့ (၁)နှစ်နောက်ကျပြီးမှ ချဲလ်ဆီးအသင်းထံကို ရောက်ရှိလာခဲ့သူဖြစ်ပြီး၊ သူတို့(၂)ဦးဟာ ချဲလ်ဆီးမှာ (၆)နှစ်ကြာအတူတွဲကစားခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့နောက်ဆုံးအချိန်အထိ ဟာဇက်ကို အသင်းမှာဆက်ထိန်းထားဖို့ ကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် လာမယ့်ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်ရဲ့နာမည်ကြီးကစားသမားတစ်ဦးဖြစ်တဲ့ ဟာဇက်ကို ချဲလ်ဆီးမှာ တွေ့မြင်ရမှာ မဟုတ်တော့ပါဘူး။ ချဲလ်ဆီးနဲ့ဟာဇက်တို့ရဲ့လမ်းခွဲမှာ ကစားဖော်တွေနဲ့ အသင်းပရိသတ်တွေကလည်း စိတ်ထိခိုက်နေကြပြီး၊ ဝီလီယံကတော့ သူ့ရဲ့အင်စတာဂရမ်မှာ-

” ဟာဇက်ရေ…ပြီးခဲ့တဲ့ (၆)နှစ်လုံး မင်းနဲ့အတူ တွဲကစားခဲ့ရတဲ့ အချိန်တွေအတွက် ငါ ဂုဏ်ယူမိတယ်ကွာ၊ အနာဂတ်မှာ မင်းရဲ့စိန်ခေါ်မှုအသစ်တွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ပါစေ…” ဆိုတဲ့ နှုတ်ဆက်စာလေးတစ်ကြောင်းကို တင်သွားခဲ့ပါတယ်။

ဟာဇက်ဟာ အာဆင်နယ်ကို (၄)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ဘာကူယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချဲလ်ဆီးအတွက် (၂)ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး၊ ဒါဟာ ချဲလ်ဆီးကစားသမားဘ၀ သူ့ရဲ့ နောက်ဆုံး သွင်းဂိုးတွေလည်းဖြစ်သွားခဲ့ပါတယ်။

လူညိုချော@SportsGabar