အဲဗာတန်ကို ရှုံးခဲ့ရင်တောင် နည်းပြရာထူးအတွက်အေးဆေးဖြစ်နေဦးမယ့်ဆိုးလ်ရှား

တစ်ပတ်အတွင်း အာဆင်နယ်နဲ့ အစ္စတန်ဘူလ်တို့ကို စိတ်ပျက်စရာခြေစွမ်းတွေနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ယူနိုက်တက်တို့ဟာဆိုးလ်ရှားနေရာကို အစားထိုးဖို့ပြင်ဆင်နေပြီလို့ သတင်းတွေပြန်လည်ပြီးတော့ထွက်ပေါ်လာခဲ့ပါတယ်။မနေ့ကထွက်ပေါ်လာတဲ့ သတင်းတွေမှာဆိုရင် ယူနိုက်တက်တို့ဟာဆိုးလ်ရှားနေရာကိုအစားထိုးဖို့အတွက်စပါးနည်းပြဟောင်းပိုချက်တီနိုကို ဆက်သွယ်မှုတွေပြုလုပ်ထားပြီးဖြစ်တယ်လို့တောင် သတင်းထွက်လာတာပါ။

ဒါပေမဲ့ ယူနိုက်တက်ဘုတ်အဖွဲ့ကတော့ဆိုးလ်ရှားအပေါ်လက်ရှိအချိန်အထိယုံကြည်ထားဆဲဖြစ်ပြီး လာမယ့်စနေနေ့မှာရင်ဆိုင်ရမယ့် အဲဗာတန်နဲ့ ပွဲစဉ်မှာယူနိုက်တက်အနေနဲ့ အဲဗာတန်ကို ရှုံးနိမ့်ခဲ့မယ်ဆိုရင်တောင် ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြရာထူးကဆက်လတ်ပြီးတော့တည်မြဲနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။အစ္စတန်ဘူလ်ကိုရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ကစားပုံကတော်တော်လေးကိုချို့ယွင်းခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့ ကစားသမားတွေအပေါ်ဦးဆောင်နိုင်စွမ်းတွေကလည်း မေးခွန်းထုက်စရာဖြစ်ခဲ့ပြီး၊ အစ္စတန်ဘူလ်နဲ့ ပွဲအပြီးမှာ ယူနိုက်တက်နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေက ဆိုးလ်ရှားနဲ့ ယူနိုက်တက်ကစားသမားတွေအပေါ်ဝေဖန်မှုတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ ယူနိုက်တက်အသင်းရဲ့တာဝန်ရှိသူတွေကတော့အဲဗာတန်နဲ့ ပွဲမှာရလဒ်မကောင်းခဲ့ရင်တောင်ဆိုးလ်ရှားကိုထုက်ပယ်မှာမဟုတ်တဲ့အကြောင်း၊

ဆိုးလ်ရှားကိုပြောကြားထားပြီဖြစ်တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ပြီးတဲ့ရက်ကပိုင်းက စပါးနည်းပြဟောင်းပိုချက်တီနိုဟာ စကိုင်းစပေါ့နဲ့ အင်တာဗျုူးအစီအစဉ်တစ်ခုမှာ ယူနိုက်တက်နဲ့ ထွက်ပေါ်လျက်ရှိနေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ ဘောလုံးလောကထဲကိုပြန်လာဖို့အတွက်အဆင်သင့်ဖြစ်နေပြီလို့ပြောကြားသွားခဲ့တာပါ။

လက်ရှိဆိုူးလ်ရှားရဲ့ ယူနိုက်တက်ဟာပရီးမီးယားလိဂ်မှာလည်း (၆)ပွဲကစားပြီးချိန်(၃)ပွဲအထိရှုံးနိမ့်ထားကာ အဆင့် (၁၅)နေရာမှာရပ်တည်နေခဲ့သလို၊ ချန်ပီယံလိဂ်မှာလည်း ပီအက်စ်ဂျီနဲ့ လိုက်ဇစ်တို့ကို အနိုင်ရထားခဲ့ပေမဲ့ အစ္စတန်ဘူလ်ကိုရှုံးနိမ့်ခဲ့အပြီးမှာတော့ ကျန်ရှိနေတဲ့ ဒုတိယအကျော့ပွဲစဉ်တွေမှာသေချာအာရုံစိုင်ကစားသွားရတော့မှာပဲဖြစ်ပါတယ်။ ယူနိုက်တက်ဘုတ်အဖွဲ့အနေနဲ့ ဆိုးလ်ရှားကို နည်းပြရာထူးအတွက်အာမခံပေးထားပေမဲ ဆိုးလ်ရှားရဲ့ရှုံးပွဲဘယ်နှစ်ပွဲအထိအာမခံချက်တွေပေးထားနိုင်မလဲဆိုတာတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

AZ-SportsGabar