နံနက်ပိုင်း အားကစားသတင်းတိုများ (၆.၁၁.၂၀၂၀)

အာဆင်နယ်အသင်းနဲ့ မိုးလ်ဒီအသင်းရင်ဆိုင်ရာမှာတော့ အာဆင်နယ်အသင်းက(၄-၁)ရလဒ်နဲ့အတူ အနိုင်ရခဲ့ပါတယ်။ OG နှစ်ဂိုးကို မိုးလ်ဒီအသင်းကစားသမားကြောင့်ရခဲ့ပြီး၊ လက်ရှိအုပ်စုတွင်း (၃)ပွဲကစား (၃)ပွဲနိုင် (၉)မှတ်နဲ့အတူ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကတော့ လူဒိုဂရက်ကို (၁-၃)နဲ့အနိုင်ရတဲ့ စပါးအသင်းပွဲစဉ်မှာ အသင်းအတွက်တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးဟာ စပါးကစားသမားဘ၀ ပွဲ (၃၀၀)ပြည့်၊ သွင်းဂိုး (၂၀၀)ပြည့်အဖြစ် မှတ်မှတ်ရရ သွင်းနိုင်ခဲ့တဲ့ ဂိုးလည်းဖြစ်ပါတယ်။

အင်္ဂလန်အသင်းလက်ရွေးစင်လူစာရင်းမှာ မန်စီးတီးလူငယ်ကစားသမားလေး ဖိုဒင်ပြန်ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလမှာ ကစားမယ့် အင်္ဂလန်လူစာရင်းမှာ ဖိုဒင်ကိုရွေးချယ်ခဲ့ပေမဲ့ မေဆင်ဂရင်းဝုဒ်ကတော့ ပါဝင်လာတာမျိုးမရှိသေးပါဘူး။

လက်စတာနဲ့ဘရာဂါအသင်းပွဲစဉ်ကတော့ အီဟီရာနာချိုရဲ့သွင်းဂိုး(၂)ဂိုးအပါဝင် (၄-ဝ)ရလဒ်နဲ့အတူ ဘရာဂါကိုအနိုင်ရခဲ့ပါတယ်။ သုံးပွဲဆက်တိုက် ဥရောပပွဲစဉ်တွေကို အနိုင်ရလာပြီး၊ သူတို့ချန်ပီယံလိဂ်မှာ သုံးပွဲဆက် (၂၀၁၆)ခုနှစ်ကနိုင်ပြီးနောက်ပိုင်းဥရောပပွဲစဉ်တွေမှာ သုံးပွဲဆက်ပထမဆုံးအကြိမ်နိုင်ပွဲဆက်မှုဖြစ်လာါတယ်။

(၂၆)ပွဲဆက်ရှုံးပဲမရှိစံချိန်တင်လာတဲ့ အေစီမီလန်အသင်းကတော့ လိုင်လီနဲ့အတွေ့မှာ (ဝ-၃)ရလဒ်နဲ့အတူ ရှုံးနိမ့်ခဲ့ပါတယ်။ လိုင်လီအတွက် ၃ ဂိုးလုံးကို ယူဆက်ဖ် ရာဇီဆီတဦးတည်းသွင်းယူခဲ့ပြီး၊ အေစီမီလန်အသင်းရဲ့ စံချိန်တွေကို ရပ်တန့်ခဲ့ပါတယ်။

ကစားသမားအပြောင်းအရွှေ့တွေကို ကိုင်တွယ်နေတဲ့ အေ့ဂျင့်တွေရဲ့လုပ်ပိုင်ခွင်တွေကို မကြာခင်မှာလျှော့ချတော့ဖို့ရှိနေပါတယ်။ အေ့ဂျင့်ခတွေကို တရားဝင်ဖော်ပြရမှာဖြစ်ပြီး၊ အေဂျင့်အဖြစ်ဆောင်ရွက်လိုသူတွေကို သတ်မှတ်အရည်အချင်းတွေနဲ့ စိစစ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ့မွန်အသင်းရဲ့တိုက်စစ်မှူး ဟာလန်းကိုစာချုပ်ထားတဲ့ စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေးမပါဝင်ဘူးလို့သိရပါတယ်။ ကစားသမားသာ ဆန္ဒရှိရင် လက်ရှိရနေတဲ့လုပ်ခလစာအတိုင်းစာချုပ်ဖျက်သိမ်းကြေးပေးခေါ်နိုင်တဲ့အသင်းက ခေါ်နိုင်မှာဖြစ်ပြီး၊ ဟာလန်းသာဆန္ဒရှိရင် ကြိုက်တဲ့အသင်းကိုပြောင်းလို့ရတယ်လို့သိရပါတယ်။

AZ-SportsGabar