အင်္ဂလန်ရဲ့ဒုတိယလော့ဒေါင်းမှာကျောင်းတက်ခိုင်းပြီး၊ ဘောလုံးမကန်ခိုင်းတဲ့ အစိုးရရဲ့လုပ်ရပ်ကို ဆရာကျကျထောက်ပြပြောဆိုခဲ့တဲ့ (၁၄)နှစ်သားဘောလုံးသမား

ယူကေအစိုးရဟာ ဒီလ(၅)ရက်နေ့ကနေစပြီးတော့လာမယ့် ဒီဇင်ဘာ (၅)ရက်နေ့အထိ(၄)ပတ်ကြာ ဒုတိယလော့ဒေါင်းကိုချလိုက်ပါတယ်။ ဒီအခြေအနေမှာ အင်္ဂလန်ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်ပြိုင်ပွဲတွေကလွဲပြီး၊ နိုင်ငံအတွင်းရှိ ဘောလုံးပြိုင်ပွဲတော်တော်များများကိုရပ်ဆိုင်းထားဖို့ အမိန့်ထုက်ပြန်ထားခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုမျိုးနိုင်ငံအတွင်းရှိဘောလုံးလိဂ်ေတော်တော်များများလော့ဒေါင်းကာလအတွင်းရပ်ဆိုင်းထားဖို့ အစိုးရက အမိန့်ထုက်ပြန်ထားခဲ့ပေမဲ့ ကျောင်းတွေကိုတော့ပိတ်ထားခဲ့ခြင်းမရှိပါဘူး။ အစိုးရရဲ့ အဆိုပါ အမိန့်နဲ့ ပတ်သက်ပြီး Southern Counties East League အသင်းBalham ယူ(၁၄)အသင်းရဲ့ ကစားသမားလေးက စကိုင်းစပေါ့ရဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ထင်မြင်ချက်တွေကို အခုလိုပဲပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်ဒါကို လုံးဝနားမလည်ပါဘူး၊ ဘာကြောင့် ကျွန်တော်တို့ အနားပတ်ဝန်းကျင်တွေမှာ ဘောလုံးမကစားနိုင်ရတာလဲဗျာ၊ ဒါပေမဲ့ ကျွန်တော်တို့ ကျောင်းတော့တက်ရတယ်ဗျာ၊ ဒီလူကြီးတွေက အားကစားကို မကြိုက်ကြဘူးထင်ပါတယ်၊ကျွန်တော်တို့ကလေး(၁၅၀၀)လောက်နဲ့အတူ ဘာကြောင့်ကျောင်းတက်နိုင်ရတာလဲဆိုတာကို တကယ်နားမလည်ပါဘူး၊

ဒါပေမဲ့ ဘောလုံးကတော့ တစ်ကွင်းလုံးမှ လူ(၂၃)ယောက်ပဲရှိတာလေ၊ အဲ့ဒါကို ကျွန်တော်တို့ မလုပ်နိုင်ဘူးလား၊ တကယ်စိတ်တိုစရာပါပဲဗျာ၊ ” လို့ကောင်လေးကပြောကြားသွားခဲ့တာဖြစ်ပါတယ်။ကောင်လေးရဲ့အင်တာဗျုး ဗီဒီယိုကို မြင်တွေ့ရတဲ့သူတိုင်းကတော့ ကောင်လေးရဲ့ ပြောကြားချက်ကိုထောက်ခံခဲ့ကြပြီး၊ ဒီကောင်လေးဟာ ယူကေအစိုးရက လူကြီးတွေထက်တောင် အတွေးအခေါ်တွေကောင်းနေသေးတယ်လို့ချီးကျူးပြောဆိုနေခဲ့ကြပါတယ်။

လူတော်တော်များများကလည်း ကောင်လေးရဲ့အဆိုကို ထောက်ခံခဲ့ကြပြီး အနာဂတ်မှာ ယူကေအစိုးရရဲ့ ဝန်ကြီးချုပ်ဖြစ်လာမယ့် သူလို့တောင် ဟာသနှောချီးကျူးပြောဆိုခဲ့ကြပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ကောင်လေးရဲ့အဆိုကိုသဘောတူ မတူပြောခဲ့ကြပါဦးဗျ။

AZ-SportsGabar