ယူနိုက်တက်ဖန်တွေရှော့ခ်ရစေခဲ့တဲ့ အစ္စတန်ဘူလ်နဲ့ပွဲက ဖာနန်ဒက်စ်ရဲ့ဘောဆုံးရှုံးမှုအရေအတွက်

ယူနိုက်တက်တို့ဟာ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ရုန်းကန်နေခဲ့ရပေမဲ့ ဒီရာသီ ချန်ပီယံလိဂ်မှာ မရဏအုပ်စုထဲမှာ ပါဝင်နေတဲ့ အုပ်စု(H)မှာ ပီအက်စ်ဂျီ၊ လိုက်ဇစ်တို့ကို အနိုင်ယူထားခဲ့ပြီးအုပ်စူဗိုလ်အဖြစ်နဲ့ ပုံစံကောင်းတွေပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ညက ကစားခဲ့ဲတဲ့ အစ္စတန်ဘူလ်နဲ့ချန်ပီယံလိဂ်အုပ်စုပွဲ(၃)မှာတော့ ယူနိုက်တက်တို့ဆိုးရွားတဲ့ ကစားပုံတွေနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒီရှုံးပွဲမှာ အများအားဖြင့် လက်ညှိုးထိုးဝေဖန်ခံခဲ့ရတဲ့ သူကတော့ ယူနိုက်တက်ရဲ့နည်းပြဖြစ်သူဆိုးလ်ရှားဖြစ်ပြီး၊ ဆိုးလ်ရှားရဲ့သေချာရေရာတဲ့ ကစားကွက်အခင်းအကျင်းတွေ၊ ဂိမ်းပလန်မရှိမှုတွေအပေါ် လက်ညှိုးထိုးဝေဖန်ခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဖာနန်ဒက်စ်လို ကစားသမားမျိုးကအစ ခြေစွမ်းပိုင်းကညကပွဲစဉ်မှာဆိုးဆိုးရွားရွားဖြစ်နေခဲ့တာပါ။

ဖာနန်ဒက်စ်ဟာ လက်ရှိမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ်သက်မှတ်လို့ရနေတဲ့ သူဖြစ်ပြီး၊ ပွဲစဉ်တိုင်းမှာ အရေးပါတဲ့ သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ညကပွဲစဉ်မှာတော့ ဖာနန်ဒက်စ်တစ်ယောက်ြခေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရပြီး၊ တစ်ပွဲထဲမှာတင် ဘောလုံးဆုံးရှုံးမှု အကြိမ်အရေအတွက်(၃၄)ကြိမ်အထိရှိနေခဲ့တာပါ။

ဒီပမာဟာတော်တော်လေးကိုများတယ်လို့ဆိုရမှာဖြစ်ပြီး၊ ဖာနန်ဒက်စ်လိုကစားသမားက ဒီလောက်အထိဘောလုံးဆုံးရှုံးမှုတွေများခဲ့ရတဲ့ အထိယူနိုက်တက်တို့ရဲ့ကစားပုံတွေခြေစွမ်းတွေက ယိမ်းယိုင်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အစ္စတန်ဘူလ်နဲ့ပွဲစဉ်မှာဖာနန်ဒက်စ်ရဲ့ဘောလုံးပေးပို့ရာမှာတိကျမှုရာခိုင်နှုန်းကလည်း (၇၃.၈)ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ ဘောလုံးအချက်အလတ်ဝက်ဘ်ဆိုဒ်တစ်ခုဖော်ပြလာခဲ့ပါတယ်။

ဒါ့အပြင် ဖာနန်ဒက်စ်ဟာ အဆိုပါပွဲစဉ်မှာ ဂိုးပေါက်ခြိမ်းခြောက်မှု (၁)ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။နောက်ထပ်ဆိုးရွားတဲ့ မှတ်တမ်းတစ်ခုကတော့ အဆိုပါပွဲစဉ်အတွင်း ဖာနန်ဒက်စ်ဟာ ဂိုးရရန်အခွင့်အရေးဖန်တီးမှု (၁)ကြိမ်မှကို ရှိခဲ့တာပဲဖြစ်ပါတယ်။ ဖာနန်ဒက်စ်လို အဓိက ကစားသမားတွေကတောင်ခြေစွမ်းပျောက်နေရချိန်မှာယူနိုက်တက်တို့ အစ္စတန်ဘူလ်ကို အရေးနိမ့်ခဲ့ရတာဟာမဆန်းဘူးလို့ဆိုရမှာပဲဖြစ်ပါတယ်။

AZ-SportsGabar