နံနက်ပိုင်း အားကစားသတင်းတိုများ (၅.၁၁.၂၀၂၀)

ချန်ပီယံလိဂ်ပွဲစဉ်တွေအဖြစ် ကစားခဲ့တဲ့ ပွဲစဉ်တွေကတော့ ချဲလ်ဆီး (၃-ဝ)ရန်းနက်၊ ဆီဗီးလား (၃-၂)ခရန်စနိုဒေါ၊ ဇင်းနစ် (၁-၁)လာဇီယို၊ ကလပ်ဘရုဂ်ဝ-၃ ဒေါ့မွန်၊ ဘာစီလိုနာ ၂-၁ ဒိုင်နမိုကိဗ်၊ ဖာရန်ဗာရို့စ်၁-၄ ဂျူဗင်တပ်၊ လစ်ဇစ်၂-၁ပီအက်စ်ဂျီ၊ ရလဒ်တွေနဲ့ အသီးသီးပြီးဆုံးခဲ့ပါတယ်။

လစ်ဇစ်ကို (၂-၁)နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပီအက်စ်ဂျီကတော့ ပွဲချိန်တွင်း ကစားသမားနှစ်ယောက်အထိ အနီကတ်ပြခံခဲ့ရပါတယ်။ ဂူအိုင်း (၆၉)မိနစ်၊ ကင်ပန်ဘီ (၉၅)မိနစ် တို့ အသီးသီး နှစ်ဝါတနီနဲ့ ထုတ်ခံခဲ့ရပြီး၊ သုံးပွဲကစားပြီးချိန်မှာ (၃)မှတ်နဲ့ ချန်ပီယံလိဂ်အုပ်စုတွင်း နှစ်ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်နေပါတယ်။

ချဲလ်ဆီးရဲ့ဂိုးပြတ်နိုင်ပွဲမှာ တပွဲတည်း ပင်နယ်တီနှစ်လုံးသွင်းပေးခဲ့တဲ့ တီမိုဝါနာကတော့ (၁၉၈၇)နှစ်နောက်ပိုင်း ရီးရဲလ်နဲ့ ဘိုင်ယန်ပွဲမှာ လိုသာမက်သာရပ် ဘိုင်ယန်အတွက် အခုလိုပင်နယ်တီနှစ်ဂိုးသွင်းပြီးနောက် ပထမဆုံးဂျာမန်ကစားသမားဖြစ်လာခဲ့ပါတယ်။

အစ္စတန်ဘူလ်ကို ရှုံးနိမ့်သွားခဲ့တဲ့ မန်ယူအသင်းကတော့ တူရကီမြေမှာ သွားပြိုင်ရတဲ့နောက်ဆုံး ပြိုင်ပွဲစုံ ၃ ပွဲဆက်ကို ရှုံးနိမ့်ခဲ့တဲ့မှတ်တမ်းပိုင်ဆိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်သမိုင်းတလျှောက် ဒုတိယမြောက်နိုင်ပွဲကို ပိုင်ဆိုင်သွားခဲ့တဲ့ အစ္စတန်ဘူလ်ကတော့ မန်ယူအသင်းကိုမနိုင်ခင်မှာ (၂၀၁၇-၁၈)တုန်းက ကလပ်ဘရုတသင်းကိုပဲ နိုင်ထားဖူးတယ်လို့ သိရပါတယ်။

ပင်နယ်တီကနေ ဘာစီလိုနာအတွက် ဂိုးသွင်းပေးခဲ့တဲ့ မက်ဆီကတော့ ချန်ပီယံလိဂ်သုံးပွဲကစား သုံးပွဲဆက်ပင်နယ်တီနဲ့ ထူးခြားစံချိန်ကိုပိုင်ဆိုင်သွားခဲ့ပါတယ်။ မက်ဆီအတွက် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ အခုလို ပြင်ပဂိုးမပါဘဲ ပင်နယ်တီစံချိန်သုံးပွဲဆက်တာဟာ ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဒေါ့မွန်အတွက် ချန်ပီယံလိဂ်ဂိုးနှစ်ဂိုးသွင်းပေးခဲ့တဲ့ ဟာလန်းကလည်း ထူးခြားစံချိန်တခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်သွင်းဂိုး ၁၄ ဂိုးရှိလာချိန်မှာ ၁၁ ပွဲပဲကန်ရသေးတဲ့အတွက် ၁၄ ဂိုးကိုပွဲချိန်အနည်းဆုံးနဲ့ ပြည့်တဲ့ ချန်ပီယံလိဂ်ကစားသမားဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒို၊ မက်ဆီ၊ နေမာတို့တောင် မလုပ်နိုင်ခဲ့တဲ့ စံချိန်ဖြစ်ပါတယ်။

AZ-SportsGabar