လိုက်ဇစ်(၂-၁)ပီအက်စ်ဂျီပွဲစဉ်မှပြောစရာဖြစ်ခဲ့တဲ့ အချက်များ

ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု (H)ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လိုက်ဇစ်နဲ့ပီအက်စ်ဂျီတို့ရဲ့ပွဲစဉ်မှာ လိုက်ဇစ်အသင်းက ပီအက်စ်ဂျီကို (၂-၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူသွားနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက်တော့ အုပ်စုအဆင့်ပထမအကျော့ပွဲစဉ်တွေအပြီး (၁)ပွဲသာနိုင်ခဲ့ပြီး (၂)ပွဲရှုံးနိမ်ခဲ့တာကြောင့် လာမယ့် ဒုတိယအကျော့ပွဲစဉ်တွေမှာ ပိုပြီးတော့ ဂရုစိုက်ကစားရတော့မှာဖြစ်ပါတယ်။ဆိုတော့ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီးပြောစရာဖြစ်ခဲ့တဲ့ အချက်တွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

(၁)ဟီးရိုးကေနေဗီလိန်ဖြစ်ခဲ့တဲ့ ဒီမာရီယာ။ ။ဒီမာရီယာဟာ ညကပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် ပွဲကစားချိန်(၆)မိနစ်မှာကတည်းကဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ပွဲကစားချိန်(၁၆)မိနစ်မှာနောက်ထပ်ဦးဆောင်ဂိုးရရှိဖို့အခွင့်အရေးဖြစ်ခဲ့တဲ့ ပင်နယ်တီရရှိခဲ့ပေမဲ့ ဒီမာရီယာကန်သွင်းခဲ့ရာမှာလွဲချော်သွားခဲ့ပါတယ်။ဒီမာရီယာအနေနဲ့ ဒီပွဲစဉ်မှာ အစောပိုင်းမိနစ်တွေမှာသာပုံစံကောင်းအချို့ကိုပြသနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမိနစ်တွေမှာတော့ ခြေစွမ်းပိုင်းကဆိုးရွားခဲ့ပြီး၊ ဟီးရိုးကနေဗီလိန်ဖြစ်သွားခဲ့ရပါတယ်။

(၂)အသင်းဟောင်းကိုနာကျင်စေခဲ့တဲ့ အန်ကုကု။ ။ပီအက်စ်ဂျီမှာ (၉)နှစ်တာရှိနေခဲ့တဲ့ အန်ကုကုဟာ ညက အသင်းဟောင်းကိုပြန်လည်ရင်ဆိုင်လာရချိန်မှာတော့ ကောင်းကောင်းကြီးကို ဒုက္ခပေးသွားနိုင်ခဲ့တာဖြစ်ပါတယ်။လိုက်ဇစ်ရဲ့ညာတောင်ပံကနေပြီးတော့ အတိုးအလှုပ်တွေနဲ့ထိုးဖောက်ကစားနေတဲ့ အန်ကုကုရဲ့ ကစားဟန်တွေက နောက်ထပ်ပြဿနာတွေရှိနေတဲ့ ပီအက်စ်ဂျီအတွက်တော့ အိပ်မက်ဆိုးဖြစ်ခဲ့ပြီး၊အန်ကုကုဟာချေပဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

(၃)နေမာ၊ အိုင်ကာဒီ၊အမ်ဘာပေမပါရင် ဘာကောင်မှမဟုတ်တဲ့ ပီအက်စ်ဂျီ။ ။ညက ပွဲစဉ်မှာနေမာ၊ အမ်ဘာပေနဲ့ အိုင်ကာဒီတို့ဟာဒဏ်ရာပြဿနာတွေရှိနေခဲ့တာကြောင့် ပါဝင်လာခဲ့ခြင်းမရှိပါဘူး။ပီအက်စ်ဂျီအနေနဲ့ ဒီကစားသမား(၃)ဦးမပါရင် ရေမြွေလိုဖြစ်နေပြီး၊ အဆိပ်မရှိတဲ့ သတ္တဝါတစ်ကောင်လိုပါပဲ။ ဒီကစားသမား(၃)ဦးမပါလာခဲ့တဲ့ ဒဏ်ကိုပီအက်စ်ဂျီတို့ကောင်းကောင်းခံစားခဲ့ရတာပဲဖြစ်ပါတယ်။

(၄)တူချယ်ရဲ့ ပီအက်စ်ဂျီနဲ့ အနာဂတ်အေပေါ်သက်ရောက်မှုတွေရှိခဲ့။ ။လိုက်ဇစ်ကို ရှုံးနိမ့်ခဲ့အပြီးမှာတော့ ပီအက်စ်ဂျီနည်းပြတူချယ်ရဲ့ အနာဂတ်ဟာ စိုးရိမ်ရေမှတ်ကိုရောက်ရှိလာခဲ့ပါပြီ။ပီအက်စ်ဂျီနဲ့ အဓိက ရည်မှန်းချက်က ချန်ပီယံလိဂ်ဖလားရရှိဖို့ပါ။ ဒါ့ကြောင့်ပဲ နေမာ၊ အမ်ဘာပေတို့လို ကစားသမားတွေကိုငွေပုံပေးပြီးခေါ်ယူထားခဲ့ပေမဲ့ တူချယ်ကတော့ ချန်ပီယံလိဂ်ဖလားကို ရယူပေးထားနိုင်ခဲ့ခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ရာသီက ဗိုလ်လူပွဲအထိတက်ရောက်နိုင်ခဲ့ပေမဲ့ ဒီရာသီမှာတော့ အုပ်စုအဆင့်ကနေတက်ဖို့တောင်ရုန်းကန်ရတော့ မယ့် အခြေအနေတွေရှိလာပါပြီ။ ဒါ့ကြောင့် တကယ်လို့သာ ပီအက်စ်ဂျီတို့ အုပ်စုအဆင့်က မကျွတ်ခဲ့ရင် တူချယ်ရဲ့ပီအက်စ်ဂျီနဲ့ အနာဂတ်ဟာလည်းပွဲသိမ်းသွားနိုင်နေတာပဲဖြစ်ပါတယ်။

AZ-SportsGabar