ဘလြန္းဒီေအာ္ဆုအတြက္ သူ႔ရဲ႕ေရြးခ်ယ္မႈကိုထုတ္ေျပာခ့ဲတ့ဲ ကာကာ

ေအစီမီလန္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔႔ရဲ႕တိုက္စစ္မွဴး ေဟာင္း ကာကာက (၂၀၁၉)ဘလြန္းဒီေအာ္ဆုအတြက္ မက္ဆီနဲ႔ စီေရာ္နယ္ဒိုမဟုတ္တ့ဲ သူေရြးခ်ယ္ထားတ့ဲ အၾကိဳက္ဆံုးကစားသမားကို ထုတ္ေဖာ္ေျပာၾကားသြားခ့ဲပါတယ္။

(၂၀၀၇) ဘလြန္းဒီေအာ္ဆုနဲ႔ ဖီဖာအေကာင္းဆံုးကစားသမားဆုရွင္ ကာကာ (၂၀၁၉)ခုႏွွစ္ေဘာလံုးရာသီ ဘလြန္းဒီေအာ္ဆုအတြက္ သူ႔ရဲ႕အၾကိဳက္ဆံုးကစားသမားအျဖစ္ လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံလူ ဗာဂ်ယ္ဗန္ဒိုက္ကို ေရြးခ်ယ္ေပးခ့ဲပါတယ္။ ကာကာက လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္ကသာလ်ွင္ (၂၀၁၉)ဘလြန္းဒီေအာ္ဆုနဲ႔ထိုက္တန္မႈအရွိဆံုးသူလို႔ ထင္ျမင္ေနတာလည္းျဖစ္ပါတယ္။

ကာကာ က” အနာဂတ္မွာဘာေတြျဖစ္လာႏိုင္မလဲဆိုတာ ကၽြန္ေတာ္တို႔ေစာင့္ၾကည့္သြားရပါမယ္၊ ဗန္ဒိုက္ကို ဒီဆုေပးရမလားဆိုေတာ့၊ ဒါနဲ႔ပတ္သက္ျပီး ကၽြန္ေတာ့္ရဲ႕သူငယ္ခ်င္းေတြနဲ႔ ေျပာဆိုေဆြးေႏြးမႈအခ်ိဳ႕ရွိခ့ဲပါတယ္၊ ေနာက္ဆံုးမွာ ကၽြန္ေတာ္တို႔ ေရြးခ်ယ္လိုက္တ့ဲ နာမည္ကေတာ့ ဗန္ဒိုက္ပါပဲ၊ သူက ဒီရာသီ ပရီးမီးယားလိဂ္မွာ လီဗာပူးလ္နဲ႔အတူ ေကာင္းမြန္တ့ဲ ရာသီတစ္ခုကိုပိုင္ဆိုင္ႏိုင္ခ့ဲပါတယ္၊ ေနာက္ျပီး ဥေရာပခ်န္ပီလိဂ္မွာလည္း ဗိုလ္စြဲထားႏိုင္ခ့ဲပါတယ္၊ ဒီဆုအတြက္

အကဲျဖတ္မယ့္သူေတြ ဘယ္လိုဆံုးျဖတ္ၾကမလဲဆိုတာ ကၽြန္ေတာ္တို႔ ေစာင့္ၾကည့္ရပါမယ္၊ ဒါေပမ့ဲ ဒီအခ်ိန္ဟာ ေနာက္ခံလူတစ္ေယာက္ကို ဘလြန္းဒီေအာ္ဆုေပးရမယ့္ အခ်ိန္တစ္ခုပဲျဖစ္ပါတယ္ ” လို႔ ေျပာၾကားသြားခ့ဲပါတယ္။ ဗန္ဒိုက္ဟာ လီဗာပူးလ္အသင္းမွာ အေကာင္းဆံုးေျခစြမ္းေတြျပသလ်က္ရွိေနျပီး၊ (၂၀၁၉)ဘလြန္းဒီေအာ္ဆုအတြက္ ေရပန္းအစားဆံုးကစားသမားျဖစ္ေနပါတယ္။

ပံုမွန္ဆိုရင္ ဘလြန္းဒီေအာ္ဆုဟာ ကြင္းလယ္နဲ႔ ေရွ႕တန္းကစားသမားေတြသာရေလ့ရွိၾကျပီး၊ ေနာက္တန္းကစားသမားေတြထဲမွာဆိုရင္ (၂၀၀၆)ခုႏွစ္က အီတလီအသင္းရဲ႕ခံစစ္မွဴး ကန္နာဗာရိုးကရရွိခ့ဲဖူးပါတယ္။ ယခုအခါမွာေတာ့ ဗန္ဒိုက္အေနနဲ႔ ေရွ႕တန္းကစားသမားေတြကိုေက်ာ္လြန္းျပီး၊ ဒီဆုကိုသိမ္းပိုက္သြားႏိုင္မလားဆိုတာ စိတ္၀င္စားစရာေကာင္းေနပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဘလွန်းဒီအော်ဆုအတွက် သူ့ရဲ့ရွေးချယ်မှုကိုထုတ်ပြောခဲ့တဲ့ ကာကာ

အေစီမီလန်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့တိုက်စစ်မှူး ဟောင်း ကာကာက (၂၀၁၉)ဘလွန်းဒီအော်ဆုအတွက် မက်ဆီနဲ့ စီရော်နယ်ဒိုမဟုတ်တဲ့ သူရွေးချယ်ထားတဲ့ အကြိုက်ဆုံးကစားသမားကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

(၂၀၀၇) ဘလွန်းဒီအော်ဆုနဲ့ ဖီဖာအကောင်းဆုံးကစားသမားဆုရှင် ကာကာ (၂၀၁၉)ခုနှစ်ဘောလုံးရာသီ ဘလွန်းဒီအော်ဆုအတွက် သူ့ရဲ့အကြိုက်ဆုံးကစားသမားအဖြစ် လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ ဗာဂျယ်ဗန်ဒိုက်ကို ရွေးချယ်ပေးခဲ့ပါတယ်။ ကာကာက လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ကသာလျှင် (၂၀၁၉)ဘလွန်းဒီအော်ဆုနဲ့ထိုက်တန်မှုအရှိဆုံးသူလို့ ထင်မြင်နေတာလည်းဖြစ်ပါတယ်။

ကာကာ က” အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတာ ကျွန်တော်တို့စောင့်ကြည့်သွားရပါမယ်၊ ဗန်ဒိုက်ကို ဒီဆုပေးရမလားဆိုတော့၊ ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့သူငယ်ချင်းတွေနဲ့ ပြောဆိုဆွေးနွေးမှုအချို့ရှိခဲ့ပါတယ်၊ နောက်ဆုံးမှာ ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ နာမည်ကတော့ ဗန်ဒိုက်ပါပဲ၊ သူက ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်နဲ့အတူ ကောင်းမွန်တဲ့ ရာသီတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်၊ နောက်ပြီး ဥရောပချန်ပီလိဂ်မှာလည်း ဗိုလ်စွဲထားနိုင်ခဲ့ပါတယ်၊ ဒီဆုအတွက်

အကဲဖြတ်မယ့်သူတွေ ဘယ်လိုဆုံးဖြတ်ကြမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်၊ ဒါပေမဲ့ ဒီအချိန်ဟာ နောက်ခံလူတစ်ယောက်ကို ဘလွန်းဒီအော်ဆုပေးရမယ့် အချိန်တစ်ခုပဲဖြစ်ပါတယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေပြသလျက်ရှိနေပြီး၊ (၂၀၁၉)ဘလွန်းဓီအော်ဆုအတွက် ရေပန်းအစားဆုံးကစားသမားဖြစ်နေပါတယ်။

ပုံမှန်ဆိုရင် ဘလွန်းဒီအော်ဆုဟာ ကွင်းလယ်နဲ့ ရှေ့တန်းကစားသမားတွေသာရလေ့ရှိကြပြီး၊ နောက်တန်းကစားသမားတွေထဲမှာဆိုရင် (၂၀၀၆)ခုနှစ်က အီတလီအသင်းရဲ့ခံစစ်မှူး ကန်နာဗာရိုးကရရှိခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ ဗန်ဒိုက်အနေနဲ့ ရှေ့တန်းကစားသမားတွေကိုကျော်လွန်းပြီး၊ ဒီဆုကိုသိမ်းပိုက်သွားနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

Sirဇော်ကြီး@SportsGabar