အသင်းပြောင်းပြီးချိန်မှ မျှော်လင့်ထားတာထက် ပိုကောင်းပြနေတဲ့ပရီးမီးယားလိဂ် ကစားသမား(၄)ဦး

ပရီးမီးယားလိဂ်ဘောလုံးရာသီကတော့ ထင်မှတ်မထားတဲ့ စတင်မှုတွေနဲ့အတူ ပွဲစဉ်(၇)ကိုထိတောင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာအသင်းသစ်တွေကိုရောက်ရှိလာခဲ့ပြီးတဲ့နောက် မျှော်လင့်ထားတာအများကြီးပိုကောင်းပြနေတဲ့ပရီးမီးယားလိဂ်ကစားသမား(၅)ဦးကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။

(၅)ဟော့ဂျက်။ ။ပြီးခဲ့တဲ့နွေရာသီက စပါးကိုရောက်ရှိလာခဲ့ပြီးတဲ့နောက်၊ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာ စပါးအတွက် စတင်ပွဲထွက်ကစားခွင့်ရထားခဲ့ပါတယ်။ စပါးအသင်းရဲ့ ကွင်းလယ်မှာ အဓိကကျတဲ့ ကစားသမားတစ်ယောက်အဖြစ်ရှိနေပြီး၊ ယူနိုက်တက်ကို (၆-၁)နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဟော့ဂျက်ရဲ့ခြေစွမ်းတွေက အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ အသင်းကိုဦးဆောင်နိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး၊ စပါးအသင်းမှာထင်ထားတာတွေထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေကိုပြသလျက်ရှိနေပါတယ်။

(၄)ဒီယေဂိုဂျိုတာ။ ။ပြီးခဲ့တဲ့ နွေက ဝုဗ်ဗာဟမ်တန်ကနေပြီးတော့ခေါ်ယူခဲ့တာဖြစ်ပြီး လီဗာပူးလ်ရဲ့ပွဲကို ပြောင်းလဲသူတစ်ယောက်အဖြစ်တောင် စွမ်းဆောင်ပြထားနိုင်ခဲ့ပါတယ်။လီဗာပူးလ်အတွက် (၉)ပွဲပါဝင်ကစားပေးထားခဲ့ပြီး တစ်ပွဲပျမ်းမျှအပိုင်ဂိုးဖန်တီးမှု (၁.၃၅)ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ညက အတ္တလန်တာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ဟက်ထရစ်သွင်းဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဒီယေဂိုဂျိုတာကတော့ မျှော်လင့်ထားတာထက်အများကြီးပိုကောင်းနေတယ်ဆိုတာ သံသယဖြစ်စရောတောင်မရှိပါဘူး။

(၃)ဂျိမ်းစ်ရိုဒရီဂွတ်။ ။ရီးရဲလ်မှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရသလို နည်းပြဇီဒန်းရဲ့ အကြိုက်ကစားသမားမဖြစ်ခဲ့တဲ့ ရိုဒရီဂွတ်ဟာ ဆရာဟောင်း အန်ဆယ်လော့တီနဲ့ အဲဗာတန်မှာ ပြန်လည်ပူးပေါင်းခဲ့ချိန်မှာတော့တောက်ပမှုတွေက အရောင်တောက်လွန်းနေခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲကစားပြီးချိန်မှာ ဂိုးရရှိရန်အခွင့်အရေးဖန်တီးမှု (၁၇)ကြိမ်အထိရှိထားခဲ့ပြီး ယူနိုက်တက်ဖာနန်ဒက်စ်ပြီးရင်ပရီးမီးယားလိဂ်မှာ အများဆုံးပမာဏပဲဖြစ်ပါတယ်။ကြံ့ခိုင်မှုအသားပေးလွန်းတဲ့ ပရီးမီးယားလိဂ်မှာ ရိုဒရီဂွတ်တစ်ယောက်ရုန်းကန်ရမယ်လို့ထင်မှတ်ထားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ထင်မထားလောက်အောင်ကိုကောင်းပြနေတာပါ။

(၄)လီဝင်။ ။နောက်ဆုံးကစားသမားကလည်း အဲဗာတန်အသင်းရဲ့တိုက်စစ်ပိုင်းမှာခြေစွာပြနေတဲ့ လီဝင်ပဲဖြစ်ပါတယ်။အဲဗာတန်အတွက်ပြိုင်ပွဲစုံ (၉)ပွဲသာကစားရပြီးချိန်မှာလီဝင်သွင်းယူထားတဲ့ ဂိုးအရေအတွက်က (၁၁)ဂိုးအထိရှိနေတာပါ။ အသက်(၂၃)နှစ်သာရှိသေးပြီး ရှက်ဖီးမှာရှိနေစဉ်က ချန်ပီယံရှစ်ကလပ်တွေမှာ အငှားနဲ့သာကျင်လည်နေခဲ့ရပေမဲ့ အဲဗာတန်ကိုရောက်လာချိန်မှာတော့ လီဝင်တစ်ယောက် နေ့ချင်းညချင်းကိုတောက်ပလာခဲ့တာပါ။ ဒီရာသီပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆိုကိုချိန်လို့ရနေတဲ့ အထိဂိုးသွင်းကြမ်းပြနေတာပဲဖြစ်ပါတယ်။

AZ-SportsGabar