(၂၀၀၀)ခုနှစ်ဖွား ကစားသမားတွေထဲက ကမ္ဘာ့တန်ကြေးအကြီးဆုံးကစားသမား(၁၀)ဦး

ဘောလုံးနဲ့ပတ်သက်တဲ့အချက်အလတ်တွေကိုစောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တစ်ဖွဲ့ကနေပြီးတော့(၂၀၀၀)ခုနှစ်ဇန်နဝါရီ(၁)ရက်ကစတင်ပြီးတော့ မွေးဖွားခဲ့တဲ့ ကစားသမားတွေထဲကနေပြီးတော့ ကမ္ဘာ့တန်ကြေးအရှိဆုံး ကစားသမား (၁၀)ဦးစာရင်းကိုထုက်ပြန်ခဲ့ပါတယ်။ ဒီကစားသမား(၁၀)ဦးစာရင်းမှာတန်ကြေးအရှိဆုံး(၂၀၀၀)ခုဖွာ ကစားသမားရဲ့ပြောင်းရွှေ့ကြေးကစတာလင်ပေါင်သန်း(၁၈၀)အထိရှိနေတာဖြစ်ပါတယ်။

ဒီကစားသမားကတော့ ဘိုင်ယန်မြူးနစ်နဲ့ အတူပြီးခဲ့တဲ့ဘောလုံးရာသီက ဖလား(၃)လုံးရရှိခဲ့တဲ့ အစွန်နောက်ခံကစားသမားအဖွန်ဆိုဒေးဗီးပဲဖြစ်ပါတယ်။ မယုံနိုင်စရာကောင်းတဲ့ dribbling စကေးတွေ၊ မယုံနိုင်စရာကောင်းတဲ့ ဘောလုံးအမြင်တွေနဲ့ ဘောလုံးဖြန့်ဝေမှုတွေကြောင့် ဒီကစားသမားဟာ လက်ရှိ(၂၀၀၀)ခုနှစ်ဖွယ်ကစားသမားတွေထဲမှာတန်ကြေးအမြင့်ဆုံးကစားသမားအဖြစ်သက်မှတ်ခံထားရတာဖြစ်ပါတယ်။

အဖွန်ဆိုဒေးဗီးရဲ့နောက်မှာတော့ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံကစားသမား ဆန်ချိုကစတာလင်ပေါင်(၁၂၅)သန်းနဲ့ ဒုတိယတန်ကြေးအမြင့်ဆုံးကစားသမားအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့အခြေအနေတွေရှိခဲ့တဲ့ ဆန်ချိုဟာဈေးကွက်ထဲက တန်ကြေးကတော့ ပေါင်သန်း(၁၀၀)လောက်အထိရှိနေတာဖြစ်ပါတယ်။လက်ရှိတောင်ပံကစားသမားတွေထဲမှာ အဆိုပါအင်္ဂလန်သားဟာ အကောင်းဆုံးစာရင်းဝင်နေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

တတိယနေရာမှာ ရပ်တည်နေတဲ့ သူကတော့ ဘာစီလိုနာအသင်းရဲ့ဆယ်ကျော်သက်ကစားသမားလေး အန်ဆုဖာတီဖြစ်ပြီးတော့ ပြောင်းရွှေ့ကြေးစတာလင်ပေါင်(၁၂၂.၇)သန်းအထိရှိနေတာဖြစ်ပါတယ်။ အဆင့်(၄)နေရာမှာရပ်တည်နေတဲ့ သူကတော့ မိုဗစ်လက်သစ်လို့တင်စားခံထားရတဲ့ အသက်(၂၀)သာရှိသေးတဲ့ ဒေါ့မွန်တိုက်စစ်မှူးလေးအာလင်းဟော်လန်ဖြစ်ပြီး၊ ပြောင်းရွှေ့ကြေးကစတာလင်ပေါင်(၁၂၀.၃)သန်းအထိရှိနေတာဖြစ်ပါတယ်။

အဆင့်(၅)နေရာမှာရပ်နေတဲ့သူကတော့ ယူနိုက်တက်ကစားသမားလေး မေဆွန်ဂရင်းဝုဒ်ဖြစ်ပြီးတော့ အသက်(၁၉)နှစ်သာရှိနေသေးတဲ့ မေဆွန်ရဲ့တန်ကြေးဟာ စတာလင်ပေါင်(၁၁၅.၃)သန်းရှိနေတာပါ။ အဆင့်(၆)နေရာမှာရပ်တည်လျက်ရှိနေတဲ့ သူကတော့လက်ရှိမန်စီးတီးအသင်းရဲ့ကစားသမားလေး ဖာရမ်တောရက်စ်ဖြစ်ပြီး စတာလင်ပေါင်(၁၀၆)သန်းအထိရှိနေတာပါ။

အဆင့်(၇)နေရာမှာရှိနေတဲ့ နောက်ထပ် (၂၀၀၀)ခုဖွားကစားသမားတစ်ယောက်ကတော့ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် ပုံဖော်ထားနိုင်ခဲ့တဲ့ ဘာကာယိုဆာခါဖြစ်ပြီး စတာလင်ပေါင်(၉၅.၈)သန်းအထိရှိနေတာပဲဖြစ်ပါတယ်။ဂျုဗင်တပ်အသင်းရဲ့ ကွင်းလယ်ကစားသမား ကူလူဆပ်စကီပဲဖြစ်ပြီးတော့ စတာလင်ပေါင်(၇၅.၁)သန်းနဲ့ အဆင့် (၈)နေရာမှာရပ်တည်လျက်ရှိနေပါတယ်။

အဆင့်(၉)နေရာမှာရပ်တည်လျက်ရှိနေတဲ့ နောက်ထပ်(၂၀၀၀)ခုဖွားကစားသမားတစ်ယောက်ကတော့ မန်စီးတီးအသင်းရဲ့ဖီးဖိုဒန်ဖြစ်ပြီးတော့ စတာလင်ပေါင်(၇၀.၃)သန်းအထိတန်ကြေးရှိနေတာပဲဖြစ်ပါတယ်။နောက်ဆုံးအဆင့်(၁၀)နေရာမှာရပ်တည်လျက်ရှိနေတဲ့ သူကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကစားသမားလေး ရိုဒရိုင်ဂိုဖြစ်ပြီးတော့စတာလင်ပေါင်(၆၉.၉)သန်းအထိရှိနေတာပဲဖြစ်ပါတယ်။

AZ-SportsGabar