နံနက်ခင်းအားကစားသတင်းတိုများ (၄.၁၁.၂၀၂၀)

အင်တာမီလန်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ဟာ (၃-၂)ရလဒ်နဲ့အတူ အနိုင်ရခဲ့ပါတယ်။ ဘန်ဇီးမား၊ ရာမို့စ်တို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်ခဲ့ပေမဲ့ မာတီနက်၊ ပါရီဆစ်တို့က ပြန်ချေပအပြီး၊ ရိုဒရိုင်ဂိုရဲ့အနိုင်ဂိုးနဲ့ ရီးရဲလ်တို့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပထမဆုံးနိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။

ဂိုးသွင်းနိုင်ခဲ့တဲ့ ရာမို့စ်ကတော့ ရီးရဲလ်အတွက် ကစားသမားဘ၀ ဂိုး (၁၀၀)ပြည့်သွားခဲ့ပြီလို့သိရပါတယ်။ ဗဟိုနောက်ခံလူ တယောက်အနေနဲ့ ဥရောပထိပ်သီးလိဂ်မှာ အခုလို ဂိုး (၁၀၀)ပြည့်ခဲ့တာဟာ ရာမို့စ်ဟာ တိုက်စစ်မှူးလို့တောင် မှတ်ယူရမယ့်အနေအထားလည်း ဖြစ်နေပါတယ်။

အတ္တလန်တာကို (ဝ-၅)နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒီယေဂိုဂျိုတာဟာ လီဗာပူးအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ တိုက်စစ်က ဆာလား၊ မာနေးတို့လည်း လူစုံတက်စုံဂိုးသွင်းနိုင်ခဲ့ပြီး၊ လီဗာပူးအတွက် ဂိုးပြတ်နိုင်ပွဲတပွဲဖြစ်ခဲ့ပါတယ်။

အဂူရို မပါဝင်နိုင်ခဲ့တဲ့အနေအထားတွေရှိခခဲ့ပေမဲ့ အိုလံပီယာကော့စ်ကို (၃-ဝ)နဲ့ ဂိုးပြတ်နိုင်ပွဲတခု မန်စီးတီးတို့ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် ဖာရန်တောရက်၊ ဂျီးဆပ်၊ ဂျောင်ကန်ဆယ်လိုတို့က အသီးသီးဂိုးတွေသွင်းယူခဲ့ပြီး၊ ဒီဘရိုင်းခြေစွမ်းပြ နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဝေးလ်အသင်းရဲ့လက်ရွေးစင်ပွဲတွေကို အဖမ်းခံနေရတဲ့ ကာလအတွင်းမှာ ရိုင်ယန်ဂစ်ကိုင်တွယ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ နိုဝင်ဘာလအတွင်းကစားမယ့်ပွဲစဉ်သုံးပွဲကို နောက်ခံလူဟောင်း ရောဘတ်ပေ့ချ်က ယာယီတာဝန်ယူမှာဖြစ်ပြီး၊ ရိုင်ယန်ဂစ်ရဲ့အမှုပြီးပြတ်ချိန်အထိလို့သိရပါတယ်။

ရက်ဘူလ်ဆဲလ်ဘတ်ကို (၂-၆)နဲ့ အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ကတော့ သူတို့ရဲ့ချန်ပီယံလိဂ် ရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်းကိုဆက်ထိန်းပြီး၊ အုပ်စုတွင်းဦးဆောင်ထားခဲ့ပါတယ်။ လီဝမ်ဒေါစကီး နှစ်ဂိုးသွင်းယူခဲ့ကာ ချန်ပီယံလိဂ်သွင်းဂိုး (၇၀)အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

AZ-SportsGabar