အကွက်ဆန်းတွေလုပ်ခဲ့ပြန်တာကြောင့် အဝါကဒ်ပြခံလိုက်ရတဲ့ ဆွာရက်

ဆွာရက်အနေနဲ့ မြက်ခင်းစိမ်းပေါ်မှာကို့ရို့ကားရားနိုင်တဲ့ အပြုအမူတွေပြုလုပ်လေ့ရှိတတ်တာဟာ အဆန်းတော့မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားမှာဘောလုံးကိုလက်နဲ့ပုတ်ထုတ်ခဲ့တာ၊ ချီရယ်လီနီကို ကိုက်ခဲ့တာ၊ ဂိုးသမားက လက်နဲ့ ဖမ်းတာကို ပင်နယ်တီတောင်းဖို့ကြိုးစားခဲ့တာတွေဟာဆွာရက်ရဲ့ဘောလုံးသမိုင်းမှာ အမှတ်မရချင်စရာအကောင်းဆုံးကို့ရို့ကားရားအဖြစ်အပျက်တွေပဲဖြစ်ပါတယ်။

အခုလည်း ဆွာရက်တို့ဟာ ညက ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အကွက်ဆန်းတွေလုပ်ခဲ့ပြန်တာကြောင့် ကွင်းလယ်ဒိုင်ရဲ့ အဝါကဒ်ပြသတိပေးခြင်းကိုခံခဲ့ရပါပြန်ပါတယ်။ဆွာရက်ဟာပြီးခဲ့တဲ့ နွေရာသီကမှ ဘာစီလိုနာကနေ အက်သလက်တီကိုကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး၊ အက်သလက်တီကိုအတွက်ကစားပေးခဲ့တဲ့ပထမဆုံးလာလီဂါ(၅)ပွဲမှာ သွင်းဂိုး (၄)ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

ညက ကစားသွားခဲ့တဲ့ ရုရှားကလပ်ကိုလိုမိုးတစ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ကွင်းလယ်ဒိုင်ဟာ ပင်နယ်တီပေးရမယ့် အခြေအနေဟုတ်မဟုတ်ကို VARမှာ ပြန်လည်စစ်ဆေးနေစဉ်မှာ ဆွာရက်က ကွင်းလယ်ဒိုင်အနားကိုသွားရောက်ပြီး၊ ဒိုင်နဲ့ အတူ VARကိုသွားရောက်ကြည့်ရှု့ခဲ့တာဖြစ်ပါတယ်။ကွင်းလယ်ဒိုင်ကတော့ဆွာရက်ကို ချက်ချင်းဆိုသလို အဝါကဒ်ပြသခဲ့ပြီး၊

ကိုလိုမိုးတစ်ဘက်ကိုလည်း ပင်နယ်တီသတ်မှတ်ပေးခဲ့ပြီး၊ အဆိုပါပင်နယ်တီကို ကိုလိုမိုးတစ်ကစားသမား အက်တန်မီရန်ချန့်က သွင်းယူပေးသွားခဲ့ပါတယ်။ဆွာရက်အနေနဲ့ အဆိုပါပွဲစဉ်မှာ အပိုင်ဂိုးသွင်းခွင့်အခွင့်အရေးတွေများစွာရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့သလို မလိုအပ်ပဲ အဝါကဒ်ပြစ်ဒဏ်ရရှိအောင်ပြုလုပ်ခဲ့တဲ့အတွက် အသင်းပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုပါခံခဲ့ရပါတယ်။

ဆွာရက်ကတော့သူ့ရဲ့အကျင့်တွေကိုဘယ်တော့မှပြောင်းလဲမှမဟုတ်ဘူးလို့အက်သလက်ပရိသတ်တွေကဆိုရှယ်မီဒီယာထက်မှာမှတ်ချက်ပေးပြောဆိုခဲ့ကြပါတယ်။အဆိုပါပွဲစဉ်မှာ အက်သလက်အနေနဲ့ ကိုလိုမိုးတစ်ဘက်ကို ဖိအားပေးကစားနိုင့်ခဲ့ပေမဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့် ရုရှားမြေမှာ သရေတစ်မှတ်ကိုသာပိုင်ဆိုင်ခဲ့ရပါတယ်။

AZ-SportsGabar