ဂွါဒီယိုလာကို ကိုယ်တိုင်ဖုန်းဆက်ခဲ့တယ်ဆိုတဲ့ မက်ဆီရဲ့ဇာတ်လမ်း

နာမည်ကြီးသတင်းစာတစ်ခုဖြစ်တဲ့ တယ်လီဂရက်ကနေပြီးတော့ မန်စီးတီးဟာ လာမယ့်နွေဆို ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာကတည်းက အကြိုစာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။မန်စီးတီးဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ထဲမှာကတည်းက မက်ဆီကိုခေါ်ယူနိုင်ဖို့ နီးစပ်မှုရှိခဲ့တာပါ။

ဒါပေမဲ့ မက်ဆီဟာ ဘာစီလိုနာမှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့ပြီး၊ သူ့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့ အထိဘာစီလိုနာမှာပဲ ဆက်ရှိနေသွားတော့မှာပါ။လာမယ့်နွေရာသီဆိုတော့ မက်ဆီအနေနဲ့ ဘာစီလိုနာကနေအပြီးသတ်ထွက်ခွာဖို့ သေချာသလောက်အနေထားမှာရှိနေပါပြီ။ (၂၀၁၉-၂၀)ဘောလုံးရာသီမှာ ဘာစီလိုနာအနေနဲ့လာလီဂါမှာ ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရသလို၊

ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့ကာ ကွာတားဖိုင်နယ်ကနေလှည့်ပြန်ခဲ့ရပါတယ်။မက်ဆီအနေနဲ့ အသင်းရဲ့ အဆိုပါအခြေအနေတွေအပေါ်ကိုစိတ်ပျက်မှုတွေရှိခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကဆိုရင် မက်ဆီရဲ့အရင်းနှီးဆုံးဘာစီလိုနာအသင်းဖော်ဖြစ်တဲ့ ဆွာရက်ကလည်း အက်သလက်တီကို မက်ဒရစ်အသင်းဆီကိုပြောင်းရွှေ့သွားခဲ့တာပါ။

ဆွာရက်ရဲ့ထွက်ခွာမှုမှာ မက်ဆီအနေနဲ့ အသင်းရဲ့တာဝန်ရှိသူတွေအပေါ်ကိုလည်းလူသိရှင်ကြားဝေဖန်မှုတွေရှိခဲ့ပါတယ်။ အင်္ဂလန်ကိုပြောင်းရွှေ့လာဖို့ မက်ဆီဟာ ပတ်ဂွာဒီယိုလာဆီကိုတောင်ဖုန်းဆက်ကာ စကားပြောဆိုမှုတွေရှိခဲ့တယ်လို့ သတင်းတွေကဖော်ပြခဲ့တာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ နောက်ပိုင်းနှစ်တွေမှာ ဘာစီလိုနာရဲ့ အကြီးပိုင်းထဲကတာဝန်ရှိသူတွေနဲ့ပါအဆင်မပြေမှုတွေရှိလာနေပြီး၊

ဘာစီလိုနာကနေထွက်ခွာချင်နေခဲ့ပေမဲ့ မက်ဆီနဲ့ ဘာစီလိုနာတို့ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း(၇၀၀)အထိရှိနေတာကြောင့်ခေါ်ယူမယ့် အသင်းတွေအနေနဲ့လည်း အဆိုပြောင်းရွှေ့ကြေးကို ပေးချေဖို့အခက်အခဲတွေရှိနေခဲ့တာပါ။ ဒါပေမဲ့ လာမယ့်နွေဆိုရင်တော့ စာချုပ်ကပြည့်တော့မှာဖြစ်ပြီး ဘာစီလိုနာဘက်ကမက်ဆီကိုစာချုပ်သစ်ချုပ်ဆိုဖို့ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တောင်

ဘာစီလိုနာရဲ့ လုပ်ရပ်တွေအပေါ် သဘောကျခြင်းမရှိတော့တဲ့ မက်ဆီက စာချုပ်သစ်ချူပ်ဆိုဖို့ အခြေအနေတွေမရှိနိုင်တော့တာကြောင့်ဘာစီလိုနာအနေနဲ့ မက်ဆီကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့တောင်လက်လွှတ်သွားရဖို့ရှိနေတာပါ။ဒီအခြေအနေမှာ မန်စီးတီးကို ကိုင်တွယ်နေတဲ့ ဆရာဟောင်းဂွာဒီယိုလာကလည်း မက်ဆီကိုခေါ်ယူဖို့ အလိုရှိနေတာကြောင့် လာမယ့်ဇန်နဝါရီမှာကတည်းက အကြိုစာချုပ်နဲ့ ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ မန်စီးတီးတို့ပြင်ဆင်လာခဲ့တာပဲဖြစ်ပါတယ်။

AZ-SportsGabar