မက်ဆီကိုအကြိုစာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ မန်ချက်စတာကလပ်

လိုင်ယွန်နယ်မက်ဆီရဲ့ လက်ရှိအခြေအနေက ဘာစီလိုနာအသင်းနဲ့ ရာသီကုန်မှာ အလွတ်ကြေးနဲ့ထွက်မှာဖြစ်ပါတယ်။ ကလပ်ကလည်း မက်ဆီကိုပေးချေနေရတဲ့ ဝင်ငွေကို လျှော့ချဖို့ စာချုပ်သစ်ပြင်ဆင်နေတဲ့အပြင် တဖက်မှာလည်း ယိမ်းယိုင်လာတဲ့ ဘဏ္ဍာရေးအခြေအနေတွေကြောင့် မက်ဆီကိုစာချုပ်သစ်မကမ်းလှမ်းနိုင်တော့ဘဲ တခြားကစားသမားတွေကို စာချုပ်သစ်ပြင်ဆင်နေရပါတယ်။

ဒီအနေအထားမှာ မန်ချက်စတာကလပ်ဖြစ်တဲ့ မန်စီးတီးက မက်ဆီကို လာမယ့်ဇန်နဝါရီမှာ အကြိုသဘောတူညီမှုရယူဖို့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီလို့သိရပါတယ်။ မက်ဆီကို ကမ်းလှမ်းမှာက ဘာစီလိုနာဆီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ဖြစ်ပြီး၊ စာချုပ်သက်တမ်းကုန်တော့မယ့် ကစားသမားကို ရာသီကုန်မှာ တခါတည်းခေါ်နိုင်ဖို့ အကြိုစာချုပ်ချုပ်ဖို့ ပြင်နေပြီဖြစ်ပါတယ်။

အကြိုစာချုပ်ကို သဘောတူညီတာက ဇန်နဝါရီမှာ လုပ်ဆောင်နိုင်မှာပါ။ မက်ဆီကို ရှိရင်းစွဲလစာအပြင် အများကြီးပေးဖို့ ပြင်ဆင်ထားတဲ့ မန်စီးတီးအနေနဲ့ အေ့ဂျင့်ကို အေးဂျင့်ခစိုက်ထုတ်ဖို့ပြင်ဆင်ထားပေးဖို့ပါ ကြံဆောင်နေပါတယ်။ မက်ဆီကိုယ်တိုင်ကလည်း အကြိုစာချုပ်အတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ထားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဘုတ်အဖွဲ့အပြောင်းအလဲဖြစ်ခဲ့ပေမဲ့ ရော်နယ်ကိုးမန်းနည်းပြနေတဲ့ အသင်းမှာ မက်ဆီဟာ ဆက်ကစားဖို့ ဆန္ဒမရှိတော့သလို အသင်းရဲ့လက်ရှိအနေအထားတွေကြောင့် လစာအများကြီးယူနေရတဲ့ အဖြစ်ကနေ နှုတ်ထွက်ဖို့ရှိနေပါတယ်။ ဒါ့အပြင် မန်စီးတီးနည်းပြ ရာထူးနေရာကနေ ပတ်ဂွါဒီယိုလာဟာ မက်ဆီရောက်လာမယ့်အပြောင်းအလဲမှာ စာချုပ်သစ်မတိုးတော့ဖို့လည်းရှိနေတယ်လို့ သိရပါတယ်။

AZ – SportsGabar