နံနက်ပိုင်းအားကစားသတင်းတိုများ (၃.၁၁.၂၀၂၀)

လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ သွားကစားခဲ့တဲ့ လက်စတာအသင်းကတော့ (၁-၄)ရလဒ်နဲ့အနိုင်ကစားခဲ့ပါတယ်။ တိုက်စစ်မှူး ဗာဒီတဂိုးသွင်းယူခဲ့ပြီး၊ သူ့ ကစားသမားဘ၀ သွင်းဂိုး (၁၁၀)အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဗာဒီရဲ့သွင်းဂိုးဟာ ယူနိုက်တက်ဂန္ဓဝင် ရိုင်ယန်ဂစ်ကို ဖြတ်ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီသူတို့ရဲ့ပထမဆုံးနိုင်ပွဲလို့ဆိုရမယ့် ပွဲကို ဖူဟမ်ဟာ ဝက်စ်ဘရွန်းနဲ့အတွေ့မှာ (၂-ဝ)နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာပဲ သွင်းဂိုးတွေကို အရယူခဲ့ပြီး၊ ဒုတိယပိုင်းမှာတော့ အနိုင်ရလဒ်ကို ထိန်းသွားခဲ့ကာ ဂိုးမပေးခဲ့ရဘဲ ဖူဟမ်တို့နိုင်ပွဲတပွဲကို အရယူခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အင်တာမီလန်အသင်းတို့ကစားမယ့် ပွဲစဉ်ကို အင်တာတိုက်စစ်မှူး လူကာကူတယောက် ပေါင်ခြံဒဏ်ရာကြောင့် လွဲချာ်မယ်လို့ သိရပါတယ်။ ဒီရာသီပြိုင်ပွဲစုံ အင်တာအတွက် ၇ ဂိုးအထိသွင်းပြီး၊ တိုက်စစ်မှာ ဂိုးအများဆုံးရှိနေတဲ့ လူကာကူမပါနိုင်တာက အင်တာအတွက် တိုက်စစ်ပိုင်းအားလျော့လာဖို့ရှိနေပါတယ်။

မန်စီးတီးတိုက်စစ်မှူး အဂူရိုကို ဒီတပတ်ကစားမယ့် ပွဲတွေပြီးရင် ဒဏ်ရာအခြေအနေသက်သာဖို့ နည်းပြပတ်ဂွါဒီယိုလာက မျှော်လင့်နေပါတယ်။ ဆေးအဖွဲ့ကတော့ အဂူရိုတယောက် လကုန်အထိအနားယူရဖို့ ခန့်မှန်းထားတဲ့အတွက် ပွဲစဉ်တွေကို ဆက်လွဲချော်ဦးဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းရဲ့ကစားသမားတွေဖြစ်တဲ့ မာတစ်နဲ့ ကိတ်တာတို့နှစ်ယောက် လာမယ့်ချန်ပီယံလိဂ်ပွဲမှာ ကြံ့ခိုင်မှုအခြေအနေကြောင့်ပါဝင်ဖို့ မသေချာဖြစ်နေတယ်လို့သိရပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်နေပြီး၊ မပါဝင်ဖို့ များနေတယ်လို့ ဆိုပါတယ်။

စပါးနည်းပြဟောင်း ပိုချက်တီနိုကတော့ သူ့အနေနဲ့ နည်းပြရာထူးကို ကမ်းလှမ်းလာတဲ့အထဲကနေမှ မှန်ကန်တဲ့အသင်းတသင်းကို စောင့်ဆိုင်းနေဆဲလို့သိရပါတယ်။ လက်ရှိအချိန်ထိ တာဝန်ယူမယ့်အသင်းကို မရွေးချယ်ထားသေးဘဲ သူ့အတွက် တကယ်အဆင်ပြေမယ့်အသင်းကို ရွေးချယ်မယ်လို့ဆိုခဲ့ပါတယ်။

AZ – SportsGabar