ဆိုးလ်ရှားထုတ်ပယ်ခံရရင် ယူနိုက်တက်နည်းပြဖြစ်လာဖို့ အလားအလာအရှိဆုံး နည်းပြ (၁၀)ဦး

ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇)မှာ ယူနိုက်တက်တို့ဟာ အိမ်ကွင်းအိုးထရက်ဖို့်ဒ်မှာ အာဆင်နယ်ကို ဆိုးရွားတဲ့ ကစားပုံတွေနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် ဒီရာသီ ပရီးမီးယားလိဂ်(၆)ပွဲကစားပြီးချိန်မှာ ရှုံးပွဲ(၃)ပွဲအထိရှိနေပြီး (၂)ပွဲသာ အနိုင်ရထားခဲ့ကာ (၁)ပွဲသရေကျထားခဲ့တာပါ။ အမှတ်ပေးဇယားရဲ့ အဆင့်(၁၅)နေရာမှာ ရပ်တည်လျက်ရှိနေပြီး ကောင်းမွန်တဲ့ အနေအထားမျိုးမှာတော့ရှိမနေခဲ့ပါဘူး။ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာလည်း အိုလီအောက်ဆိုတဲ့ အသံတွေက ပြန်လည်ထွက်လာတာကြောင့် တကယ်လို့ဆိုးလ်ရှားသာအထုတ်ခံရရင် ယူနိုက်တက်ရဲ့နည်းပြသစ်ဖြစ်လာနိုင်ခြေအရှိဆုံး နည်းပြ(၁၀)ဦးကိုဖော်ပြပေးလိုက်ပါတယ်။

(၁၀)ခရစ်ဝိုက်ဒါ။ ။ရှက်ဖီးယူနိုက်တက်ကို တန်းပြန်တက်လာနိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီတုန်းကလည်း ပရီးမီးယားလိဂ်မှာ ရှက်ဖီးကို ဖျက်မြင်းအသင်းအဆင့်ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့တဲ့ ခရစ်ဝိုက်ဒါဟာ ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ရေပန်းစားတဲ့ အထဲမှာပါဝင်လာခဲ့တာဖြစ်ပါတယ်။(၉)ရော့နစ်ခ်။ ။လိုက်ဇစ်အသင်းမှာရှိနေစဉ်က အထင်ကြီးစရာစွမ်းဆောင်ရည်တွေပြသခဲ့တဲ့ ရော့နစ်ခ့်ဟာ ယူနိုက်တက်ရဲ့နည်းပြတစ်ယောက်အဖြစ်သင့်တော်နိုင်တဲ့ သူအဖြစ်ထင်ကြေးပေးခံထားရပါတယ်။

(၈)ဘင်နီတက်။ ။လီဗာပူးလ်နည်းပြဟောင်းကြီးဟာ ယူနိုက်တက်အတွက်လည်း အဆင်ပြေနိုင်မယ့် နည်းပြတစ်ယောက်အဖြစ်ထင်ကြေးပေးခံထားရပါတယ်။(၇)နေဂယ်မန်း။ ။လက်ရှိလိုက်ဇစ်အသင်းကို နေဂယ်မန်းတစ်ယောက် ဘယ်လိုကိုင်တွယ်ပြထားလဲဆိုတာ အားလုံးလည်း သိထားပြီးဖြစ်မှာပါ။ ဂွာဒီယိုလာလက်သစ်လို့တောင် တင်စားခံထားရတာဖြစ်ပါတယ်။(၆)ကာရစ်။ ။လက်ရှိဆိုးလ်ရှားရဲ့ လက်ထောက်နည်းပြအဖြစ်ဆောင်ရွက်နေတာဖြစ်ပြီး၊ ယူနိုက်တက်ဟာ သူ့ရဲ့ ပထမဆုံးနည်းပြရမယ့် အသင်းတစ်သင်းဖြစ်လာမလား စိတ်ဝင်စားစရာပါပဲ။

(၅)ရော်ဂျာ။ ။လက်ရှိလက်စတာအသင်းရဲ့နည်းပြဖြစ်ပြီး၊ လက်စတာအသင်းကို အကောင်းဆုံးပုံစံတွေနဲ့ ဦးဆောင်ပေးထားနိုင်တာတွေ့ရပါတယ်။ ယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်လာဖို့ အလားအလာအရှိဆုံးနည်းပြစာရင်းမှာ နံပါတ်(၅)နေရာမှာရှိနေပါတယ်။(၄)လော့ရန်ဘလန့်။ ။ပီအက်စ်ဂျီနဲ့ ပြင်သစ်အသင်းတို့မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသခဲ့တဲ့ သူတစ်ယောက်ဖြစ်ပေမဲ့ (၂၀၁၆)ခုနှစ်ကတည်းက အလုပ်လက်မဲ့ ဖြစ်နေတာပါ။(၃)ဟမ်ဆန်ဟတ်လ်။ ။လက်ရှိဆောက်သမ်တန်အသင်းရဲ့နည်းပြဖြစ်ပြီး၊ အာဘီလိုက်ဇစ်မှာတုန်းကလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။လက်ရှိမှာလည်း ယူနိုက်တက်ရဲ့နည်းပြသစ်ဖြစ်လာနိုင်ချေအရှိဆုံးနည်းပြစာရင်းမှာ အဆင့် (၃)နေရာမှာရပ်တည်လျက်ရှိနေပါတယ်။

(၂)အယ်လီဂရီ။ ။ဂျုဗင်တပ်ကနေထွက်ခွာလာခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတာပါ။ ယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်လာဖို့ အလားအလာတော်တော်လေးကိုရှိနေတဲ့ နည်းပြတစ်ယောက်ပဲဖြစ်ပါတယ်။(၁)စပါးအသင်းရဲ့နည်းပြဟောင်းဖြစ်တဲ့ ပိုချက်တီနိုကတော့ ယူနိုက်တက်ရဲ့နည်းပြရာထူးအတွက်ဆိုးလ်ရှားအထုက်ခံရရင် ပိုချက်တီနိုက အလားအလာအရှိဆုံးအဖြစ်ရပ်တည်နေတာပါ။ စပါးကနေ ထွက်ခွာလာခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတဲ့ ပိုချက်တီနိုကလည်းယူနိုက်တက်ရဲ့နည်းပြရာထူးကိုစိတ်ဝင်စားလျက်ရှိနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

AZ-SportsGabar