အချက်အလက်အရ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဖရီးကစ် GOAT ကဘယ်သူဖြစ်နေမလဲ

ဆောက်သမ်တန်အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ ဂျိမ်းစ်ဝက်ဒ်ပရော့စ်ဟာ ပြီးခဲ့တဲ့ ဆန်းဒေးက ကစားခဲ့တဲ့ အက်စတွန်ဗီလာကို (၃-၄)နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဖရီးကစ်ကနေ(၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဖရီးကစ်ကနေသွင်းဂိုး(၂)ဂိုးကို တစ်ပွဲတည်း သွင်းယူပြီးချိန် ဂျိမ်းစ်ဝက်ဒ်ရဲ့ ပရီးမီးယားလိဂ်မှာ ဖရီးကစ်ကနေသွင်းယူထားတဲ့ ဂိုးအရေအတွက်က (၈)ဂိုးအထိရှိလာခဲ့ကာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်ဖရီးကစ်ဂိုးအများဆုံးသွင်းယူထားတဲ့ ထိပ်တန်းကစားသမား(၁၄)ဦးစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့သမိုင်းတစ်လျှောက် ဖရီးကစ်ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမား (၁၄)ဦးကတော့ ယူနိုက်တက်က မာတာက သွင်းဂိုး(၈)ဂိုးသွင်းယူပေးထားခဲ့ပါတယ်။ မာတာနဲ့အတူ စပါးကစားသမားဟောင်း အဲရစ်ဆင်ကလည်း (၈)ဂိုးနဲ့ ဒီစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။နောက်ထပ်တစ်ဦးကတော့ ဒီစာရင်းထဲကိုနောက်ဆုံးဝင်ရောက်လာတဲ့ ဆောက်သမ်တန်ကစားသမား ဂျိမ်းစ်ဝက်ဒပရော့စ်ပဲဖြစ်ပါတယ်။

လမ်းပတ်၊ ဂျေမီရက်နက်နဲ့ ဆိုလာနိုတို့ကတော့ ဖရီးကစ်သွင်းဂိုး (၉)ဂိုးနဲ့ထိပ်တန်ဖရီးကစ်ဂိုးသွင်းသူစာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။ ပီဒါဆန်၊ ဟက်တီတို့ကတော့ဖရီးကစ်သွင်းဂိုး(၁၀)ဂိုးစီနဲ့ ထိပ်တန်စာရင်းထဲမှာရပ်တည်လျက်ရှိနေပါတယ်။ ဆာဘတ်စတီယန် လာဆင်၊ လော့ရန့်ရောဘတ်နဲ့ ယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်းစီရော်နယ်ဒိုတို့ကဖီရီးကစ်သွင်းဂိုး(၁၁)ဂိုးစီနဲ့ အဆင့်(၄)နေရာမှာရပ်တည်လျက်ရှိနေပါတယ်။

အာဆင်နယ်ဂန္ထဝင်ဟင်နရီနဲ့ချဲလ်ဆီးမှာဟီးရိုးဖြစ်ခဲ့တဲ့ဇိုလာတို့ကဖရီးကစ်သွင်းဂိုး(၁၂)ဂိုးစီနဲ့ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်ဖရီးကစ်သွင်းဂိုးအများဆုံံးကစားသမားစာရင်းမှာ အဆင့်(၂)နေရာကနေရပ်တည်လျက်ရှိနေပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်ဖရီးကစ် GOAT အဖြစ်သက်မှတ်ခံထားရတဲ့ သူကတော့ ယူနိုက်တက်ရဲ့ ဂန္ထဝင်ကြီးဖြစ်တဲ့ ဒေးဗစ်ဘတ်ခမ်းပါ။ ဖရီးကစ်သွင်းဂိုး(၁၈)ဂိုးနဲ့ပြိုင်ဘက်ကင်း ဖရီးကစ်ဘုရင်အဖြစ်ရပ်တည်လျက်ရှိနေပါတယ်။

AZ-SportsGabar