ပေါ့ဘာနဲ့ဆို အနာဂတ်မှာ ယူနိုက်တက်ကို ကယ်တင်နိုင်တယ်လို့ပြောလာတဲ့ ဖာနန်ဒက်စ်

ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာ ယူနိုက်တက်တို့ဟာပေါ့ဘာကြောင့်ပေးလိုက်ရတဲ့ ပင်နယ်တီနဲ့အတူ အာဆင်နယ်ကို (၁)ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာရှုံးနိမ့်သွားခဲ့ပါတယ်။ အာဆင်နယ်အတွက်တော့ (၁၄)နှစ်အကြာမှ ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ပြန်အနိုင်ယူခဲ့တာကြောင့် ချိုမြိန်တဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်းယူနိုက်တက်အတွက်တော့ အာဆင်နယ်ကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာဧည့်ခံကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မရှုံးနိမ့်ခဲ့တာ(၁၄)နှစ်ကြာပြီဆိုတဲ့ မှတ်တမ်းကောင်းတစ်ခု ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒီပွဲစဉ်မှာယူနိုက်တက်တို့ဟာအသင်းရဲ့အဓိကကွင်းလယ်အတွဲဖြစ်တဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်အတွဲကို တွဲဖက်ပွဲထုက်လာခဲ့ပေမဲ့ ပေါ့ဘာရော၊ ဖာနန်ဒက်စ်တို့နှစ်ဦးလုံးဟာခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပဲဖာနန်ဒက်စ်ဟာဆိုရင်ပွဲကစားချိန်(၇၅)မိနစ်မှာလူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

ပေါ့ဘာဟာဆိုရင်လည်း အာဆင်နယ်ရရှိသားတဲ့ ပင်နယ်တီပြစ်ဒဏ်ရဲ့ အဓိက တရားခံဖြစ်ခဲ့တာပါ။မလိူအပ်ပဲ ဘယ်လာရင်ကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရတာဖြစ်ပြီး၊ ဆိုးလ်ရှားကိုယ်တိုင်ကလည်း ပေါ့ဘာအနေနဲ့ လုံးဝမလုပ်သင့်တဲ့ အရာကိုလုပ်ခဲ့တယ်လို့ ဒဲ့ဒိုးဝေဖန်သွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်မတိုင်မှာစကိုင်းစပေါ့နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖာနန်ဒက်စ်ရဲ့ပေါ့ဘာနဲ့ ပတ်သက်ပြီးပြောကြားချက်တစ်ခုကတော့ ပွဲအပြီးအာဆင်နယ်နဲ့ ပွဲအပြီးမှာ ပရိသတ်တွေကြားမှာ ဟာသတစ်ပုဒ်လိုဖြစ်လာခဲ့ပါတယ်။

အာဆင်နယ်နဲ့ပွဲစဉ်မတိုင်မီပေါ့ဘာနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က အခုလိုပဲပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်က ” ကျွန်တော်နဲ့ ပေါ ကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိထားပါတယ်၊ သူနဲ့ ကျွန်တော်နဲ့က အီတလီစကားနဲ့ပဲဆက်သွယ်ပြောဆိုလေ့ရှိနေတာပါ၊ မြက်ခင်းစိမ်းထက်မှာရော ကွင်းအပြင်ဘက်မှာပါ ဆက်ဆံရေးကောင်းတွေရှိထားပါတယ်၊

သူက ရယ်စရာကောင်းတဲ့ သူပါ၊ ဟာသတွေလုပ်ဖို့အမြဲအလိုရှိနေတဲ့ သူလည်းဖြစ်ပါတယ်၊ အီတလီမှာကတည်းက သူနဲ့ သိနေပြီးသားပါ၊ ကမ္ဘာ့ဖလားဆုရှင်တစ်ယောက်နဲ့ တစ်သင်းထဲကစားရတာကောင်းပါတယ်၊ သူဆီကနေ ကျွန်တော်အများကြီး သင်ယူနေရပါတယ်၊ ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီး ယူနိုက်တက်အတွက် ကြီးကျယ်ခမ်းနားတဲ့ အရာတွေကိုလုပ်နိုင်ပါတယ် ” လို့ပြောကြားသွားခဲ့ပါတယ်။

ဖာနန်ဒက်စ်အနေနဲ့ အခုလိုမျိုးတွေပြောကြားခဲ့ပေမဲ့ မှတ်တမ်းအချက်အလတ်တွေအရလက်ရှိမှာ ယူနိုက်တက်ရဲ့ အကောင်းဆုံးကွင်းလယ်အတွဲအဖြစ်ရှိနေတာကတော့ တိုမီနေး၊ ဖရက်ဒ်၊ ဖာနန်ဒက်စ်အတွဲပဲဖြစ်ပါတယ်။ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့အတူတွဲဖက်ပါဝင်ကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်တွေက ကျဆင်းနေတတ်တာကလည်း အချက်အလတ်တွေကဖော်ပြနေပြီးသားဖြစ်တာကြောင့် အနာဂတ်မှာပေါ့ဘာနဲ့ကြီးကျယ်ခမ်းနားတဲ့ အရာတွေလုပ်နိုင်တယ်ဆိုတဲ့ ဖာနန်ဒက်စ်ရဲ့ပြောစကားဟာ ရီးရဲလ်ကိုပြောင်းချင်နေတဲ့ ပေါ့ဘာကိုချုပ်ဆေးတိုက်တဲ့ စကားမျိုးသာဖြစ်ဖွယ်ရှိနေပါတယ်။

AZ-SportsGabar