ကိုဗစ်အလွန် သူပြန်လာပြီဖြစ်ကြောင်းဘောလုံးကမ္ဘာကို သွင်းဂိုးတွေနဲ့ ကြေညာလိုက်တဲ့ စီရော်နယ်ဒို

ဂျုဗင်တပ်အသင်းရဲ့တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ကိုဗစ်(၁၉)ရောဂါကူးစက်ခံခဲ့ရတာကြောင့် ဂျုဗင်တပ်အသင်းရဲ့ပွဲစဉ်အချို့ကိုလွဲချော်ခဲ့ရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့ ညက ကစားခဲ့တဲ့ စပတ်ဇီယာနဲ့ ပွဲစဉ်မှာ စီရော်နယ်ဒိုတစ်ယောက် ပြန်လည်ပါဝင်လာခဲ့ဲပြီးတော့ ခြေစွမ်းပြ ကစားကာ သွင်းဂိုး(၂)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိဟာ ကိုဗစ်(၁၉)ကြောင့် (၁၉)ရက်အထိတစ်ကိုယ်တည်းကွာရန်တင်းဝင်ရောက်ကာနေထိုင်နေခဲ့ရတာဖြစ်ပြီး၊ ဒီတစ်ပတ်ရဲ့ အစောပိုင်းထဲမှာ စီရော်နယ်ဒိုအနေနဲ့ ကိုဗစ်(၁၉)ကနေပြန်လည်သက်သာလာပြီဆိုတဲ့ အကြောင်းကို ဂျုဗင်တပ်အသင်းကနေတရားဝင်ကြေညာချက်ထုက်ပြန်ခဲ့တာဖြစ်ပါတယ်။ညက ကစားသွားခဲ့တဲ့ စပတ်ဇီယာနဲ့ ပွဲစဉ်မှာတော့ စီရော်နယ်ဒိုတစ်ယောက် အရန်စာရင်းကနေပါဝင်လာခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ပွဲကစားချိန်(၅၆)မိနစ်မှာ လူစားဝင်ရောက်လာခဲ့ပြီး၊ စီရော်နယ်ဒိုဝင်မလာခင်မှာ စပတ်ဇီယာနဲ့ ဂျုဗင်တပ်တို့ဟာတစ်ဖက်တစ်ဂုးစီသရေကျနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုဝင်လာပြီးတဲ့နောက်(၃)မိနစ်အကြာ ပွဲကစားချိန်(၅၉)မိနစ်မှာ ဂျုဗင်တပ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။စီရော်နယ်ဒိုဟာကိုဗစ်(၁၉)ရောဂါကို (၁၉)ရက်လောက်ခံစားခဲ့ရပေမဲ့၊

ဂျုဗင်တပ်အတွက်ပြန်လည်ပါဝင်လာချိန်မှာတော့ အကောင်းဆုံးခြေစွမ်းတွေကိုပြသထားနိုင်ခဲ့ပြီး၊ စီရော်နယ်ဒို ပါဝင်လာပြီးနောက်ပိုင်း ဂျုဗင်တပ်ရဲ့ ကစားပုံတွေကပိုပြီးတေ့ အသက်ဝင်လာခဲ့၊ ကောင်းလာခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန်(၆၇)မိနစ်မှာရာဘီရော့က ဂျုဗင်တပ်အတွက်တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး၊ စီရော်နယ်ဒိုက နောက်ဆုံးပိတ်အနိုင်ဂိုးဖြစ်တဲ့ (၄)ဂိုးမြောက်ဂိုးကို ပွဲကစားချိန်(၇၆)မိနစ်မှာ ပင်နယ်တီကနေတစ်ဆင့် သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ကိုဗစ်ရောဂါကို တော်တော်လေးခံလိုက်ရပေမဲ့ မြက်ခင်းစိမ်းတွေပေါ်ကို ပြန်လာချိန်မှာတော့သူဟာ စီရော်နယ်ဒိုဖြစ်နေဆဲပဲဆိုတာကို သွင်းဂိုးတွေနဲ့ သက်သေပြခဲ့ပြီး၊ ဘောလုံးကမ္ကာကိုလည်း သူပြန်လာပြီဆိုတဲ့ အကြောင်းကို စတင်မိတ်ဆက်ခဲ့ပါတော့တယ်။

AZ-SportsGabar