နံနက်ပိုင်းအားကစားသတင်းတိုများ (၂.၁၁.၂၀၂၀)

ဘရိုက်တန်အသင်းနဲ့ပွဲမှာ စပါးအသင်းက ဂါရတ်ဘေးလ်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။ (၂-၁)အနိုင်ရလဒ်နဲ့စပါးတို့ အမှတ်ပေးဇယားအဆင့် (၂)နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီး၊ မော်ရင်ဟိုရဲ့ဦးဆောင်မှုအောက်မှာ အေကာင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းကတော့ အူဘာမီယန်းရဲ့တလုံးတည်းသော အနိုင်ဂိုးနဲ့အတူ မန်ယူကိုအနိုင်ရခဲ့ပါတယ်။ ပင်နယ်တီကနေ တဆင့်သွင်းယူခဲ့တာဖြစ်ပြီး၊ (၁၄)နှစ်တာ ကာလအတွင်း ပထမဆုံးနိုင်ပွဲတပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ကိုဗစ် (၁၉)ကနေ ပြန်သက်သာလာချိန်မှာပဲ ရော်နယ်ဒိုဟာ လူစားဝင်လာပြီး၊ ဂျူဗင်တပ်အတွက် အနိုင် (၂)ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ စပီဇီယာ (၁-၄) ဂျူဗင်တပ်ဆိုတဲ့ ရလဒ်ကိုပိုင်ဆိုင်ခဲ့ကာ နိုင်ပွဲတပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။

အူဒီးနီးနီစ်ကို (၁-၂)နဲ့ အနိုင်ရတဲ့ပွဲမှာ အေစီအတွက်အနိုင်ဂိုးကို အီဗရာဟီမိုဗစ်ချ်က သွင်းယူနိုင်ခဲ့ပါတယ်။ အသင်းအတွက် ဦးဆောင်ဂိုးကိုဖန်တီးနိုင်ခဲ့သလိုအနိုင်ဂိုးပါ သွင်းနိုင်ခဲ့ချိန်မှာတော့ အသင်းရဲ့ငယ်ရွယ်တဲ့ ကစားသမားတွေကြားမှာ အခုလိုဦးဆောင်ထားနိုင်ခဲ့တဲ့အပေါ် ကျေနပ်နေခဲ့ပါတယ်။

အန်ဆယ်လော့တီရဲ့အဲဗာတန်အသင်းကတော့ ဂျိမ်းရိုဒရီဂွက်မပါနိုင်ခဲ့ချိန်မှာ နယူးကာဆယ်ကို (၂-၁)နဲ့ရှုံနိမ့်သွားခဲ့ပါတယ်။ အသင်းရဲ့တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေခဲ့ပြီး၊ ကလဲဗက်လေဝင်အတွက် အခွင့်အရေးတွေမဖန်တီးပေးနိုင်ခဲ့တာက ရှုံးပွဲတပွဲကို ဖြစ်သွားစေခဲ့ပါတယ်။

ဗီလာ (၃-၄) ဆောက်သမ်တန်ပွဲစဉ်မှာ ဆောက်သမ်တန်အတွက် ဖရီးကစ်ကနေ တိုက်ရိုက်နှစ်လုံးသွင်းပေးခဲ့တဲ့ ဝက်ဘရိုစီဟာ ထူးခြားစံချိန်တခုကို ပိုင်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ပထမပိုင်းအတွင်း ဖရီးကစ်ကနေ တိုက်ရိုက်သွင်းနိုင်တဲ့ ပထမဆုံးကစားသမားဆိုတဲ့ စံချိန်ကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်နဲ့ မန်စီးတီးအသင်းရဲ့ အက်ဖ်အေဖလား အမျိုးသမီးဗိုလ်လုပွဲမှာတော့ မန်စီးတီးအသင်းက အနိုင်ရသွားခဲ့ပါတယ်။ (၁-၃)ရလဒ်နဲ့ အနိုင်လဒ်ပြတ်သားခဲ့ပြီး၊ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို အချိန်ပိုမှာမှ သွင်းယူကာ ဂိုးပြတ်အနိုင်ရစေခဲ့ပါတယ်။

AZ – SportsGabar