အင်္ဂလန်ရဲ့ဒုတိယလော့ဒေါင်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆက်ဖြစ်၊ မဖြစ် အခြေအနေ

ဗြိတိန်ရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဘိုရစ်ဂျွန်ဆင်က အင်္ဂလန်မှာ ဒုတိယလော့ဒေါင်းပြုလုပ်မယ်လို့ထုက်ပြန်ကြေညာခဲ့ဲပြီး၊ ပရီးမီးယားလိဂ်ဘောလုံးရာသီကို ဆက်လတ်ကျင်းပဖွယ်ရှိမရှိ အခြေအနေတွေကိုထုက်ပြန်သွားခဲ့ပါတယ်။အင်္ဂလန်ရဲ့ ဒုတိယလော့ဒေါင်းဟာ တစ်လခန့်ကြာမြင့်မှာဖြစ်ပြီးတော့ လာမယ့် ဒီဇင်ဘာ(၂)ရက်နေ့အထိလော့ဒေါင်းကာလဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ကိုရိုနာ ရောဂါပိုးတွေ့ရှိသူပြန်လည်မြင့်တက်လာခဲ့ပြီးတဲ့နောက်မှာ အခုလိုမျိုး ဒုတိယအကြိမ်လော့ဒေါင်းချဖို့ထုက်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လက ပထမလော့ဒေါင်းမှာတုန်းက အင်္ဂလန်ပရီးမီးယားလိဂ်အပါအဝင် နိုင်ငံအတွင်း ဘောလုံးလိဂ်ပြိုင်ပွဲတွေကိုရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး၊ ပရီးမီးယားလိဂ်ဟာလည်း (၃)လကြာရပ်ဆိုင်းထားခဲ့ရတာဖြစ်ပါတယ်။

သုံးလကြာရပ်ဆိုင်းထားခဲ့ပြီးတဲ့နောက်ပြန်လည်ကျင်းပတဲ့ အချိန်မှာလည်း ပရိသတ်တွေမပါပဲ ကွင်းပိတ်ပြီးကျင်းပခွင့်ပြုခဲ့ပါတယ်။ လက်ရှိအချိန်အထိလည်း ကိုရိုနာ ရောဂါးကူးစက်ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ခြင်းမရှိသေးတာကြောင့် ပရီးမီးယားလိဂ်ဘောလုံးရာသီကိုကျင်းပလျက်ရှိနေပေမဲ့ ပရိသတ်တွေကိုတော့ ကွင်းအတွင်းဝင်ရောက်ခွင့်မပြုသေးပါဘူး။လက်ရှိမှာ ကိုရိုနာရောဂါကူးစက်မှုပြန်လည်မြင့်တက်လာတဲ့ အပေါ်မှာလည်း၊

ဗြိတိန်ဝန်ကြီးချုပ် ဘိုရစ် ဂျွန်ဆင်က ဒုတိယအကြိမ်အင်္ဂလန်ကို လော့ဒေါင်းချပြီဆိုတဲ့အကြောင်း ပရီးမီးယားလိဂ်ပြိုင်ပွဲကိုဆက်လတ်ကျင်းပခွင့်ပြုမပြု အခြေအနေတွေကို အခုလိုပဲပြောကြားသွားခဲ့ပါတယ်။ ဂျွန်ဆင်က ” ပရီးမီးယားလိဂ်ကတော့ဆက်လတ်ပြီးတော့ ကျင်းပသွားမှာပါ ” လို့ပြောကြားသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကိုဆက်လတ်ကျင်းပခွင့်ပြုထားခဲ့ပေမဲ့၊

အင်္ဂလန်ပြည်တွင်းလိဂ်တွေဖြစ်တဲ့ အင်္ဂလန်မြောက်ပိုင်းလိဂ်နဲ့ တောင်ပိုင်းလိဂ်တွေကိုတော့လော့ဒေါင်းကာလအတွင်း ရပ်ဆိုင်းထားမှာဖြစ်တယ်လို့ ဘိုရစ်ဂျွန်ဆင်က တစ်ပါးတည်းပြောကြားသွားခဲ့ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်ကို အခုလို ဆက်လတ်ကျင်းပခွင့်ပြုထားခဲ့ပေမဲ့ ကစားသမားတွေ ဝန်ထမ်းတွေအားလုံးကို ကိုဗစ်ရောဂါပိုးရှိမရှိကိုတော့ အပတ်စဉ်တိုင်းမှာစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

AZ-Sportsgabar