ကစားသမားတွေလစာလျှော့မယူရင်ဒေဝါလီခံရနိုင်ချေရှိလာတဲ့ ဘာစီလိုနာ

ဘာစီလိုနာတို့ဟာဒေဝါလီခံရဖို့အရေးနဲ့ရင်ဆိုင်နေရတယ်လို့ သတင်းတွေထွက်ပေါ်လာနေမှုနဲ့အတူ ပထမအသင်းကြီးကစားသမားတွေအတွက် ပေးချေနေရတဲ့ တစ်နှစ်စာ လစာပမာဏကို ထုတ်ဖော်လာခဲ့ပါတယ်။သတင်းတွေအရ လက်ရှိမှာ ဘာစီလိုနာဟာ ကစားသမားတွေအပေါ်ပေးချေနေရတဲ့ လခပမာဏကိုလျှာ့ချဖို့လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘာစီလိုနာဟာ ကစားသမားတွေရဲ့လစာငွေပေးချေဖို့အတွက် ပေါင်သန်း(၁၇၀)အထိလိုအပ်နေတယ်လို့စပိန်ကလာတဲ့ သတင်းတွေကဆိုပါတယ်။ ဘာစီလိုနာဟာပထမအသင်းကြီး ကစားသမားတွေအတွက်တစ်နှစ်ကိုပေးချေနေရတဲ့စုစုပေါင်းလစာငွေပမာဏဟာပေါင်(၂၃၅)သန်းအထိရှိနေတာဖြစ်ပါတယ်။ဘာစီလိုနာရဲ့နောက်ဆုံးရသတင်းတွေအရ မက်ဆီဟာဘာစီလိုနာမှာလုပ်ခလစာအများဆုံးရနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး၊

တစ်နှစ်ကို မက်ဆီရဲ့လုပ်ခလစာအတွက် ဘာစီလိုနာ ဟာပေါင်(၆၅)သန်းအထိပေးခေေျနေရတယ်လို့ဆိုပါတယ်။အဆိုပါ ပေါင်(၆၅)သန်းဆိုတာ အပိုဆုကြေးတွေပါဝင်နေခြင်းတောင်မရှိသေးတဲ့ ပမာဏတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။မက်ဆီဟာ ဘာစီလိုနာမှာတစ်ပတ်ပေါင်(၉၈၈၀၀၀)အထိရရှိနေတာဖြစ်ပြီး၊ မက်ဆီရရှိနေတဲ့ တစ်နှစ်စာအပိုဆုကြေးကလည်း ပေါင်(၁၃)သန်းအထိရှိနေတာဖြစ်ပါတယ်။

ကတ်တလန်ရေဒီယိုစတေရှင်ကတော့ ဘာစီလိုနာဟာ ကစားသမားတွေကို လစာငွေ (၃၀)ရာခိုင်နှုန်းလျှော့ယူဖို့အတွက်၊ ကစားသမားတွေနဲ့ ညှိနှိုင်းမှုတွေပြုလုပ်ဖို့ စတင်ခဲ့တယ်လို့ဆိုပါတယ်။ဘာစီလိုနာအနေနဲ့ လစာငွေ(၃၀)ရာခိုင်နှုန်းလျှော့ယူဖို့ ဆွေးနွေးမှုဟာ နိုင်ဝင်ဘာလ(၅)ရက်နေ့မတိုင်မီ ကစားသမားတွေနဲ့ သဘောတူညီမှုရရှိဖို့လိုအပ်နေပြီး၊ အကယ်လို့ သဘောတူညီမှုမရရှိခဲ့ဘူးဆိုရင် ဘာစီလိုနာဟာဒေဝါလီခံရမယ့် အရေးနဲ့ ရင်ဆိုင်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ကိုရိုနာ ကမ္ဘာ့ကပ်ရောဂါရိုက်ခက်မှုဟာဘာစီလိုနာရဲ့ ဝင်ငွေတွေအပေါ် များစွာထိခိုက်မှုတွေရှိခဲ့ပြီး၊ ပေါင်(၈၈)သန်းအထိဆုံးရှုံးနစ်နာမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။မက်ဆီအနေနဲ့ ဘာစီလိုနာရဲ့ လစာငွေလျှော့ယူဖို့ ဆွေးနွေးမှုတွေကိုလက်မခံသေးဘူးလို့သိရပြီး၊ ပီကေးကတော့ သူ့ရဲ့ လက်ရှိလစာငွေရဲ့ (၅၀)ရာခိုင်နှုန်းအထိကိုလျှော့ယူဖို့ သဘောတူထားတယ်လို့ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ပီကေးအတွက် ဘာစီလိုနာပေးချေနေရတဲ့ လစာငွေဟာမက်ဆီနဲ့ ယှဉ်လိုက်ရင် များစွာနည်းပါးနေပြီး၊ ဘာစီလိုနာမှာ လစာငွေအများဆုံးကစားသမားတွေဖြစ်ကြတဲ့ မက်ဆီ။ ဂရစ်မန်းတို့လို ကစားသမားတွေကသာဘာစီလိုနာရဲ့လစာလျှော့ယူပေးဖို့တောင်းဆိုချက်တွေကို လက်မခံခဲ့ရင် ဘာစီလိုနာရဲ့ရှေ့ရေးကတော့ရင်လေးစရာဖြစ်လာခဲ့ပြီလို့ဆိုရမှာပဲဖြစ်ပါတယ်။

AZ-SportsGabar