နံနက်ပိုင်းအားကစားသတင်းတိုများ (၁၁.၁.၂၀၂၀)

ဦးဆောင်ဂိုးပေးလိုက်ရပေမဲ့ ချေပဂိုးနဲ့အနိုင်ဂိုးတွေသွင်းယူပြီး၊ လီဗာပူးအသင်း (၂-၁)အနိုင်ရလဒ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ နိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို တက်ရောက်လာနိုင်ခဲ့ကာအဲဗာတန်အသင်းကို တပွဲပိုကစား သုံးမှတ်အသာနဲ့ဦးဆောင်နေပါတယ်။

အလာဗက်စ်ကို (၁-၁)နဲ့ သရေကျခဲ့တဲ့ ဘာစီလိုနာအသင်းကတော့ လာလီဂါလေးပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ အမှတ်ပေးဇယားအဆင့် (၁၂)နေရာအထိ ရောက်ရှိသွားခဲ့ပါတယ်။ ထိပ်ဆုံးကရီးရဲလ်မက်ဒရစ်နဲ့ ၈ မှတ်ကွာဟ သွားချိန်မှာ ဘာစီလိုရဲ့ခြေစွမ်းက မေးခွန်းထုတ်စရာဖြစ်နေခဲ့ပါတယ်။

ဟူစကာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကတော့ အီဒင်ဟာဇက်ဂိုးပေါက်ပြန်တွေ့မှုနဲ့အတူ (၄-၁)ရလဒ်ကိုပိုင်ဆိုင်ခဲ့ပါတယ်။ တနှစ်ကျော်အကြာမှာမှ ရီးရဲလ်အတွက်ဂိုးကို ပြန်ရယူနိုင်ခဲ့တာဖြစ်ပြီး၊ ဟာဇက်၊ ဘန်ဇီးမား၊ ဗယ်ဗာဒီတို့သုံးဦးသား တက်ညီလက်ညီဂိုးသွင်းကာနိုင်ပွဲတပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဘန်လေကို အဝေးကွင်းမှာ သွားကစားခဲ့ရတဲ့ ချဲလ်ဆီးအသင်းကတော့ ဝ-၃ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲတပွဲကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဟာကင်ဇီယက်ဂိုးထပ်သွင်းခဲ့ပြီး၊ ချဲလ်ဆီးခံစစ်ကလည်း ပြိုင်ပွဲစုံ လေးပွဲဆက်ဂိုးမပေးရတဲ့အနေအထားကို ရောက်ရှိလာခဲ့ကာ ပုံစံကောင်းကိုပြသထားနိုင်ခဲ့ပါတယ်။

အင်တာမီလန်အသင်းကတော့ သူတို့ရဲ့ကွင်းလယ်မှာ အလုပ်မဖြစ်တော့တဲ့ အဲရစ်ဆင်ကို လာမယ့်ဇန်နဝါရီမှာထုတ်ရောင်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အဲရစ်ဆင်အတွက် ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့လက်လွှတ်ဖို့စဉ်းစားထားပြီး၊ ကွင်းလယ်မှာ ကစားသမားအသစ်ထပ်ခေါ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

အက်ဖ်အေဖလား အမျိုးသမီးဖိုင်နယ်ပွဲစဉ်ကို အဲဗာတန်နဲ့ မန်စီးတီး အမျိုးသမီးအသင်းက ဗိုလ်လုသွားမှာဖြစ်ပါတယ်။ (၅၀)ကြိမ်မြောက် အမျိုးသမီး အက်ဖ်အေဖလာဗိုလ်လုပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး၊ ဝင်ဘလေကွင်းမှာ ပရိသတ်မပါဘဲ ကျင်းပသွားမယ်လို့ သိရပါတယ်။

အင်္ဂလန်မှာ ကိုဗစ်ကြောင့် လော့ဒေါင်းတွေထပ်ချနေပေမဲ့ ပရီးမီးယားလိဂ်၊ EFL၊ လိဂ်ဝမ်းပွဲစဉ်တွေကို ဆက်လက်ကျင်းပသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။ ပရိသတ်တွေဝင်ခွင့်ရမယ့် ကိစ္စတွေကို ဆိုင်းငံ့ထားမှာဖြစ်ပြီး၊ ကျန်တဲ့အစီအစဉ်တွေကိုတော့ ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

AZ – SportsGabar