လက်ရှိဘောလုံးလောကရဲ့ အထွန်းတောက်ဆုံး ဆယ်ကျော်သက်ကစားသမား (၁၀)ဦး

အခုဖော်ပြပေးမှာကတော့ အနာဂတ်မှာဘောလုံးလောကကို စိုးမိုးလာနိုင်တယ်လို့ထင်ကြေးပေးခံထားရတဲ့ လက်ရှိဥရောပရဲ့ အထွန်းတောက်ဆုံးဆယ်ကျော်သက်ကစားသမား (၁၀)ဦးအကြောင်းပဲ ဖြစ်ပါတယ်။ ဘောလုံးအသင်းတွေမှာလူတွေရဲ့ ပါဝင်မှုက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေကြတာပါ။ ယူနိုက်တက်မှာဆိုရင် မေဆွန်ဂရင်းဝုဒ်၊ ဘာစီလိုနာမှာဆိုရင် ဖာတီတို့လို လူငယ်ဆယ်ကျော်သက်ကစားသမားလေးတွေဟာ အသင်းရဲ့ အနာဂတ်တွေအဖြစ်သက်မှတ်ခံထားရတဲ့ သူတွေဖြစ်ပါတယ်။ ဆိုတော့ လက်ရှိဥရောပရဲ့ အထွန်းတောက်ဆုံးအဖြစ်သက်မှတ်ခံထားရတဲ့ ဆယ်ကျော်သက်ကစားသမားလေး(၁၀)ဦးကိုဖော်ပြပေးလိုက်ပါတယ်။

(၁၀)မာတင်နယ်လီ(အာဆင်နယ်)။ ။(၂၀၁၉-၂၀)ဘောလုံးရာသီမှာ အာဆင်နယ်နဲ့ အတူတောက်ပလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ ဒဏ်ရာပြဿနာတွေကို မာတင်နယ်လီရဲ့ ကစားဘဝအပေါ် သက်ရောက်မှုတွေရှိခဲ့ပါတယ်။ အာဆင်နယ်အတွက်ကစားခွင့်ရခဲ့တဲ့ အချိန်တွေမှာထိပ်တန်းခြေစွမ်းတွေထုက်ပြထားနိုင်ခဲ့ပြီး၊ မာတင်နယ်လီရဲ့ ကစားဟန်ကို ဘရာဇီးဂန္ထဝင် ရော်နယ်ဒိုနဲ့တောင်ခိုင်းနှိုင်းမှုတွေရှိနေတာဖြစ်ပါတယ်။ လက်ရှိဈေးကွက်ထဲမှာ မာတင်နယ်လီရဲ့တန်ကြေးက ယူရို (၂၅)သန်းရှိနေပါတယ်။

(၉)ဘာဒီယက်ရှီ(မိုနာကို)။ ။လက်ရှိမိုနာကိုရဲ့နောက်တန်းမှာ အဓိက ကစားသမားအဖြစ်တောင်ရှိနေပါပြီ။ အသက်ကတော့(၁၉)နှစ်သာရှိနေသေးပေမဲ့ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုတွေကိုတောင်ခံခဲ့ရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မိုနာကိုအတွက် လီဂူး(၁)မှာ (၄၄)ပွဲကစားပေးထားခဲ့ပြီး ဈေးကွက်တန်ကြေးကတော့ ယူရို(၂၅)သန်းပဲဖြစ်ပါတယ်။(၈)ကူဘို(ဗီလာရီးလ်ရဲ)။ ။အာရှရဲ့ မက်ဆီလို့ တင်စားခံထားရတဲ့ ကူဘိုဟာ ရီးရဲလ်မက်ဒရစ်ကစားသမားတစ်ယောက်ဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ဗီလာရီးလ်ရဲမှာ အငှားနဲ့ သွားရောက်ကစားနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီကဗီလာရီးရဲလ်အတွက်(၃၈)ပွဲပါဝင်ကစားပေးထားခဲ့ပြီး၊ သွင်းဂိုး(၄)ဂိုးနဲ့ ဂိုးဖန်တီးမှု (၅)ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ဒီရာသီမှာလည်းဗီလာရီးလ်ရဲအတွက်ယူရိုပါလိဂ်မှာသွင်းဂိုး(၁)ဂိုးနဲ့ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။လက်ရှိဈေးကွက်တန်ကြေးကတော့ယူရိုသန်း(၃၀)ပဲဖြစ်ပါတယ်။(၇)အိုဒွိုင်း(ချဲလ်ဆီး)။ ။ချဲလ်ဆီအကယ်ဒမီထုက်ကုန်ဖြစ်ပြီး စီနီယာအသင်းကြီးမှာပွဲထွက်ခွင့်တစ်နေရာရယူထားနိုင်ခဲ့ပါတယ်။ချဲလ်ဆီးအသင်းကြီးအတွက် ပြိုင်ပွဲစုံ (၆၈)ပွဲအထိပါဝင်ကစားပေးထားခဲ့ပြီး၊ သွင်းဂိုး (၁၀)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁၁)ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ဈေးကွက်တန်ကြေးကတော့ ယူ(၃၅)သန်းဖြစ်ပါတယ်။

(၆)ဖိုဖာနာ(လက်စတာ)။ ။စိမ့်အက်တီယန့်ကနေပြောင်းရွှေ့ကြေးပေါင်သန်း(၄၀)လောက်နဲ့ လက်စတာတို့ကခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အထူးခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ လက်ရှိဈေးကွက်တန်ကြေးကတော့ ယူ(၂၂.၅)သန်းပဲဖြစ်ပါတယ်။(၅)ဘာကာယိုဆာခါ(အာဆင်နယ်)။ ။အာဆင်နယ်ရဲ့အရေးကြီးဆုံးကစားသမားတွေထဲကတစ်ယောက်အဖြစ်ရှိနေတာပါ။ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာဖို့လမ်းကြောင်းတွေရှိပေါ်မှာရှိနေပြီး၊ အမြင့်မားဆုံးခြေစွမ်းတွေနဲ့ ကွင်းအတွင်းနေရာစုံမှာ ကစားနိုင်စွမ်းရှိတဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိဈေးကွက်တန်ကြေးကတော့ ယူရိုသန်း(၄၀)ဖြစ်ပါတယ်။

(၄)ဂရင်းဝုဒ်(ယူနိုက်တက်)။ ။ပြီးခဲ့တဲ့ ရာသီကယူနိုက်တက်အတွက်ပြိုင်ပွဲစုံ (၁၇)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး၊နောင်တောင်ဂန္ထဝင်ကစားသမားတွေရဲ့ ခြေရာကိုနင်းနိုင်ခဲ့ပါတယ်။ ဘလွန်းဒီအော်ဆုကိုအနာဂတ်မှာရလာနိုင်တဲ့ ကစားသမားတစ်ယောက်အဖြစ်ထင်ကြေးပေးခံထားရတာဖြစ်ပြီး၊ အသက်(၁၉)နှစ်သာရှိနေတဲ့ ဒီဆယ်ကျော်သက်ကစားသမားလေးရဲ့တန်ကြေးကတော့ ယူရိုသန်း(၅၀)ရှိပါတယ်။(၃)ဖာတီ(ဘာစီလိုနာ)။ ။အသက်(၁၈)နှစ်သာရှိနေသေးပြီးတော့ ဘာစီလိုနာအတွက် ပွဲ(၄၀)ကစားပြီးချိန်မှာ သွင်းဂိုး (၁၃)ဂိုးအထိသွင်းယူပေးထားခဲ့ပါတယ်။ စပိန်လက်ရွေးစင်အသင်းကြီးအတွက်ပါ(၄)ပွဲပါဝင်ကစားထားခဲ့ပြီးဖြစ်ပါတယ်။လက်ရှိဈေးကွက်တန်ကြေးကတော့ ယူရိုသန်း(၈၀)ဖြစ်ပါတယ်။

(၂)အက်ဒွာဒိုဂရီးနက်)။ ။ဒီကောင်လေးကတော့ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်လာဖို့ အလားအလာကောင်းတွေပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။လီဂုး(၁)မှာစူပါစတားကစားသမားတစ်ယောက်အဖြစ်လည်းသက်မှတ်ခံထားရပြီး၊လက်ရှိဈေးကွက်တန်ကြေးကတော့ယူရိုသန်း(၅၀)ပဲဖြစ်ပါတယ်။(၁)အဖွန်ဆိုဒေးဗီးလ်(ဘိုင်ယန်)။ ။လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးဆယ်ကျော်သက်ကစားသမားအဖြစ်သက်မှတ်ခံထားရတဲ့ သူကတော့ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံကစားသမား အဖွန်ဆိုဒေးဗီးပဲဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဘယ်နောက်ခံဖြစ်လာဖို့ ထင်ကြေးပေးခံထားရပြီး အသက်(၂၀)မပြည့်ခင်မှာပဲ ဘိုင်ယန်မြူးနစ်နဲ့အတူဆုဖလားပေါင်းများစွာရရှိထားခဲ့ဲပြီးဖြစ်ပါတယ်။ဈေးကွက်တန်ကြေးကတော့ ယူရိုသန်း(၈၀)အထိရှိနေပါတယ်။

AZ – SportsGabar