ဂ်ဳဗင္တပ္ကိုေျပာင္းေရႊ႕ဖို႔သေဘာတူညီမႈရခ့ဲျပီဆိုတ့ဲ ဆာရီ

ခ်ဲလ္ဆီးအသင္းနဲ႔အတူ ယူရိုပါလိဂ္ဖလားကိုရယူႏိုင္ခ့ဲတ့ဲ နည္းျပ ဆာရီဟာ စီးရီးေအ ကလပ္ ဂ်ဳဗင္တပ္အသင္းရဲ႕နည္းျပ ရာထူးအတြက္ သေဘာတူညီမႈရခ့ဲျပီလို႔ သိရပါတယ္။

မေန႔က ခ်ဲလ္ဆီးနဲ႔ ဂ်ဳဗင္တပ္အသင္းတို႔ဟာ ဆာရီရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး ေတြ႔ဆံုေဆြးေႏြးမႈေတြျပဳလုပ္ခ့ဲၾကပါတယ္။ အ့ဲဒီေနာက္မွာေတာ့ ခ်ဲလ္ဆီးနဲ႔ ဂ်ဳဗင္တပ္အသင္းတို႔ဟာ ဆာရီရဲ႕အနာဂတ္နဲ႔ပတ္သက္ျပီး ေနာက္ဆံုးအဆင့္ သေဘာတူညီမႈရရွိခ့ဲျပီလို႔သိရပါတယ္။ ဂ်ဳဗင္တပ္ဟာ ဆာရီကိုအလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူဖို႔သေဘာတူညီမႈရခ့ဲတာျဖစ္ျပီး၊ ေနာက္လာမယ့္အပတ္ အေစာပိုင္းမွာ သတင္းကိုအတည္ျပဳ ေၾကျငာ ေပးသြားမယ္လို႔သိရပါတယ္။

ဆာရီဟာ ခ်ဲလ္ဆီးကိုယခုႏွစ္ေဘာလံုးရာသီကမွေရာက္ရွိခ့ဲတာျဖစ္ျပီး၊ ခ်ဲလ္ဆီးအသင္းကို ပရီးမီးယားလိဂ္မွာ အဆင့္ေလးအတြင္း၀င္ေအာင္စြမ္းေဆာင္ေပးထားႏိုင္ခ့ဲတ့ဲအျပင္ ယူရိုပါလိဂ္မွာလည္း အာဆင္နယ္ကိုအႏိုင္ယူျပီး ဗိုလ္စြဲေအာင္ စြမ္းေဆာင္းေပးထားႏိုင္ခ့ဲတ့ဲနည္းျပလည္းျဖစ္ပါတယ္။ စီးရီးေအရဲ႕ ရွစ္ႏွစ္ဆက္တိုက္ ခ်န္ပီယံၾကီး ဂ်ဳဗင္တပ္ဟာ ႏႈတ္ထြက္သြားတ့ဲ အသင္းရဲ႕နည္းျပ အယ္လီဂရီရဲ႕ေနရာမွာ အစားထိုးဖို႔ နည္းျပသစ္ရွာေဖြေနခ့ဲတာလည္းျဖစ္ပါတယ္။

အေစာပိုင္းက မန္စီးတီးအသင္းရဲ႕နည္းျပ ပတ္ဂြာဒီယိုလာနဲ႔ သေဘာတူညီမႈရခ့ဲျပီလို႔ သတင္းေတြထြက္ေပၚခ့ဲေသးပါတယ္။ ဒါေပမ့ဲ ေနာက္ပိုင္းမွာ ေကာလဟာလေတြသာျဖစ္ခ့ဲျပီး ဂ်ဳဗင္တပ္က ပတ္ဂြာဒီယိုလာကို ဘာကမ္းလွမ္းမႈမွ မျပဳလုပ္ခ့ဲဘူးလို႔ ျငင္းဆိုသြားခ့ဲပါတယ္။ ယခုတစ္ခါမွာေတာ့ ခ်ဲလ္ဆီးအသင္းနည္းျပ ဆာရီနဲ႔ သတင္းေတြထြက္ေပၚလာတာျဖစ္ျပီး၊ အေျပာင္းအေရႊ႕အတြက္ ေနာက္ဆံုးသေဘာတူညီခ်က္ေတာင္ရေနျပီလို႔ သိရပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ဂျုဗင်တပ်ကိုပြောင်းရွှေ့ဖို့သဘောတူညီမှုရခဲ့ပြီဆိုတဲ့ ဆာရီ

ချဲလ်ဆီးအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကိုရယူနိုင်ခဲ့တဲ့ နည်းပြ ဆာရီဟာ စီးရီးအေ ကလပ် ဂျုဗင်တပ်အသင်းရဲ့နည်းပြ ရာထူးအတွက် သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။

မနေ့က ချဲလ်ဆီးနဲ့ ဂျုဗင်တပ်အသင်းတို့ဟာ ဆာရီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ ချဲလ်ဆီးနဲ့ ဂျုဗင်တပ်အသင်းတို့ဟာ ဆာရီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး နောက်ဆုံးအဆင့် သဘောတူညီမှုရရှိခဲ့ပြီလို့သိရပါတယ်။ ဂျုဗင်တပ်ဟာ ဆာရီကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့သဘောတူညီမှုရခဲ့တာဖြစ်ပြီး၊ နောက်လာမယ့်အပတ် အစောပိုင်းမှာ သတင်းကိုအတည်ပြု ကြေငြာ ပေးသွားမယ်လို့သိရပါတယ်။

ဆာရီဟာ ချဲလ်ဆီးကိုယခုနှစ်ဘောလုံးရာသီကမှရောက်ရှိခဲ့တာဖြစ်ပြီး၊ ချဲလ်ဆီးအသင်းကို ပရီးမီးယားလိဂ်မှာ အဆင့်လေးအတွင်းဝင်အောင်စွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့အပြင် ယူရိုပါလိဂ်မှာလည်း အာဆင်နယ်ကိုအနိုင်ယူပြီး ဗိုလ်စွဲအောင် စွမ်းဆောင်းပေးထားနိုင်ခဲ့တဲ့နည်းပြလည်းဖြစ်ပါတယ်။ စီးရီးအေရဲ့ ရှစ်နှစ်ဆက်တိုက် ချန်ပီယံကြီး ဂျုဗင်တပ်ဟာ နှုတ်ထွက်သွားတဲ့ အသင်းရဲ့နည်းပြ အယ်လီဂရီရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေခဲ့တာလည်းဖြစ်ပါတယ်။

အစောပိုင်းက မန်စီးတီးအသင်းရဲ့နည်းပြ ပတ်ဂွာဒီယိုလာနဲ့ သဘောတူညီမှုရခဲ့ပြီလို့ သတင်းတွေထွက်ပေါ်ခဲ့သေးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကောလဟာလတွေသာဖြစ်ခဲ့ပြီး ဂျုဗင်တပ်က ပတ်ဂွာဒီယိုလာကို ဘာကမ်းလှမ်းမှုမှ မပြုလုပ်ခဲ့ဘူးလို့ ငြင်းဆိုသွားခဲ့ပါတယ်။ ယခုတစ်ခါမှာတော့ ချဲလ်ဆီးအသင်းနည်းပြ ဆာရီနဲ့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပြီး၊ အပြောင်းအရွှေ့အတွက် နောက်ဆုံးသဘောတူညီချက်တောင်ရနေပြီလို့ သိရပါတယ်။

Sirဇော်ကြီး@SportsGabar