နံနက်ပိုင်းအားကစားသတင်းတိုများ (၃၁.၁၀.၂၀၂၀)

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာအနေနဲ့ အစ္စတန်ဘူလ်ကို (၂-ဝ)နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်က ဒဏ်ရာကြောင့် (၃)ပွဲလောက် ထပ်အနားယူရဖို့ရှိနေတယ်လို့သိရပါတယ်။ နေမာအနေနဲ့ ကြွက်သားနာကျင်မှုကိုခံစားနေရတာဖြစ်ပြီး၊ လုံလုံလောက်လောက်ပြန်အနားယူဖို့လိုနေတာဖြစ်ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာက ပရီးမီးယားလိဂ်မှာ လူစားလဲတဲ့စည်းမျဉ်းကို ငါးယောက်အထိ ခွင့်ပြုသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ ကစားသမားတွေအနေနဲ့ ပွဲဆက်ကစားနေရတာက ကြံ့ခိုင်မှု မလုံလောက်တဲ့ ပြဿနာတွေကို ဆက်တိုက်ခံစားနေရတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ရာသီကလို ငါးယောက်အထိထားပေးဖို့ အလိုရှိနေတာဖြစ်ပါတယ်။

မှတ်တမ်းအရ ပရီးမီးယားလိဂ်ရဲ့ လက်ရှိဒဏ်ရာရ ကစားသမားတွေရဲ့ (၄၇) ရာခိုင်နှုန်းဟာ ကြံ့ခိုင်မှုမလုံလောက်တဲ့ ပြဿနာ၊ ကြွက်သား နာကျင်မှုပြဿနာတွေကို ခံစားနေရတာလို့သိရပါတယ်။ ကျန်တဲ့ ကစားသမားတွေကတော့ ပုံမှန်ထိခိုက်ဒဏ်ရာမျိုးတွေဖြစ်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်၊ ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်ကနေ ပြန်သက်သာလာပြီလို့သိရပါတယ်။ စစ်ဆေးမှု နက်ဂတစ်ထွက်သွားပြီဖြစ်တဲ့အတွက် အသင်းနဲ့ပြန်ပူးပေါင်းနိုင်တော့မှာဖြစ်ပါတယ်။

လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကတော့ ဒဏ်ရာခွဲစိတ်မှုအောင်မြင်ခဲ့ပေမဲ့ ပြန်လာမယ့်အချိန်ကို မသိရသေးဘူးလို့ ဆေးအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ အနေအထားအရ ခန့်မှန်းထားသလို ရာသီကုန်အထိ အနားယူရဖို့ရှိနေပြီး၊ ဗန်ဒိုက်ဟာ တရာသီလုံး မကစားနိုင်ဖို့ရှိနေပါတယ်။

အင်္ဂလန်အသင်းရဲ့ (၁၉၆၆) ကမ္ဘာ့ဖလားဆုရှင် ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်းကြီး စတိုင်းလ်ဟာ နာတာရှည်အဖျားရောဂါကြောင့်ဆုံးပါးသွားခဲ့ပြီလို့ သိရပါတယ်။ ကွယ်လွယ်ချိန်မှာ အသက် (၇၈)နှစ်ဖြစ်ပြီး၊ စတိုင်းလ်ရဲ့ကွယ်လွန်မှုကို ဘောလုံးအသိုင်းအဝိုင်းက ပူဆွေးခဲ့ကြပါတယ်။

Aung Bwa – SportsGabar