တန်းဆင်းသွားခဲ့တာတောင် သစ္စာရှိခဲ့တဲ့ ဒိုင်ချီ၊ ပရီးမီးယားလိဂ်ရဲ့ဘိုးသက်ရှည်စာရင်းထဲဝင်လာ

ဒီဖက်ခေတ်လို ပရီးမီးယားလိဂ်မှာ အသင်းတသင်းကို အကြာကြီးကိုင်တွယ်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ အောင်မြင်တဲ့အသင်းတသင်းဖြစ်မလာရင် အထုတ်ခံရတာမျိုးနဲ့ ကိုယ်တိုင်က ပိုကောင်းတဲ့အခွင့်အရေးတွေဆီသွားတာမျိုးတွေကြောင့် သက်တော်ရှည်နည်းပြတွေဟာ မြင်ရခဲလာပါတယ်။ ဒီအချိန်မှာ ဘန်လေနည်းပြ ဒိုင်ချီတယောက်ကော့ မတူခဲ့ပါဘူး။

(၃၀.၁၀.၂၀၂၀)နေ့ဟာ ဘန်လေအသင်းကို ဒိုင်ချီကိုင်တွယ်တာ (၈)နှစ်ပြည့်နှစ်ဖြစ်ပါတယ်။ (၂၀၁၂) အောက်တိုဘာ ၃၀ ရက်နေ့မှာ ဒိုင်ချီကို ဘန်လေအသင်းခန့်အပ်ခဲ့ပြီး၊ အသင်းကိုအလုံးစုံကိုင်တွယ်ဖို့ တာဝန်ယူစေခဲ့ပါတယ်။ ကစားသမားကောင်းကောင်းဝယ်ဖို့ဘတ်ဂျတ်မရခဲ့ပေမဲ့ အသင်းကို အနိမ့်အမြင့်အတက်အကျ ကြမ်းကြမ်းနဲ့ တာဝန်ယူခဲ့တဲ့ ဒိုင်ချီဟာ ဘန်လေနဲ့တန်းပါဆင်းဖူးခဲ့သူပါ။

ဒါပေမဲ့ အသင်းကို ပရီးမီးယားလိဂ်အသင်းကြီးတွေကြားမှာ မယိုင်လဲအောင်တည်ဆောက်ရင်း တန်းပြန်တက်လာတဲ့ (၂၀၁၆-၁၇)ကတည်းကနေအခုထိ ပရီးမီးယားလိဂ်မှာ ရပ်တည်စေခဲ့ပါတယ်။ ရှစ်နှစ်တာ တာဝန်ယူခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ (၁၉၅)ပွဲပဲ ကိုင်တွယ်ထားဖူးတာက ချန်ပီယံရှစ်ပွဲတွေလည်းရှိခဲ့တဲ့အတွက်ကြောင့်လို့ သိရပါတယ်။

လက်ရှိပရီးမီးယားလိဂ် နည်းပြတွေထဲမှာ သက်တမ်းအရှည်ဆုံးနည်းပြ ထိပ်ဆုံး (၂၀)ထဲပါဝင်တဲ့ နှစ်ယောက်ထဲက တယောက်ဆိုလည်းမမှားပါဘူး။ဒိုင်ချီကတော့ အဆင့် (၁၂)ရှိပါတယ်။ အခုလိုရှစ်နှစ်တာကာလကို နည်းပြပြီးချိန်မှာ ဖြစ်ပါတယ်။ ထိပ်တန်းစာရင်းဝင်တဲ့ နည်းပြဖြစ်လာပြီး နောက်နေ့မှာတော့ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကို ရင်ဆိုင်ရမှာပါ။ ဒိုင်ချီအတွက် စိတ်လှုပ်ရှားစရာတွေ ဆက်နေတဲ့ နေ့တွေလို့ဆိုရမှာပါပဲ။

Aung Bwa – SportsGabar