ပရီးမီးယားလိဂ် ရက်သတ္တပတ် (၇)အတွက် ပွဲစဉ်တွေကို ခန့်မှန်းပေးခဲ့တဲ့ လော်ရိုး

ဒီတပတ်မှာ ပွဲကြီးပွဲကောင်းလို့ဆိုရမယ့် မန်ယူ-အာဆင်နယ်တွေ့ဆုံတဲ့ ပွဲစဉ်က ပရိသတ်တွေကို စိတ်ဝင်စားစေပါတယ်။ အပတ်စဉ် (၇)လို့ဆိုရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ပရိသတ်တွေ မနားတမ်းကြည့်ရမှာက သောကြာကနေ တနင်္လာနေ့အထိ ပွဲတွေကဆက်နေတာပါ။ ပွဲပမ်းနေတဲ့အနေအထားတွေနဲ့ သုံးရက်ခြားကန်ရမှာဖြစ်တဲ့အတွက် ခန့်မှန်းရခက်ဖို့ ရှိလာပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ ဘီဘီစီရဲ့ကျွမ်းကျင် ခန့်မှန်းသူ လော်ရိုးက အပတ်စဉ်တင်ဆက်ပေးနေကြသူ့အစီအစဉ်တိုင်း ရလဒ်တွေ ခန့်မှန်းခဲ့ပါတယ်။ ပြတ်သားတဲ့အနိုင်ရလဒ်တွေကို တင်ဆက်ပေးခဲ့ချိန်မှာတော့ မှန်မမှန်စောင့်ကြည့်ဖို့က ပရိသတ်တာဝန်ဖြစ်လာပါပြီ။ သောကြာနေ့မှာကစားခဲ့မယ့် ပွဲစဉ်ဖြစ်တဲ့ ဝုဗ်နဲ့ ပဲလေ့ပွဲစဉ်မှာ ဝုဗ်က (၂-ဝ)နဲ့ နိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

စနေနေ့မှာ ကစားမယ့်ပွဲတွေကိုတော့ ရှက်ဖီး ဝ-၂ မန်စီးတီး၊ ဘန်လေ ၁-၁ ချဲလ်ဆီး၊ လီဗာပူး ၂-၀ ဝက်စ်ဟမ်းအနေနဲ့ ခန့်မှန်းပေးခဲ့ပါတယ်။ ချဲလ်ဆီးကိုအနိုင်မပေးခဲ့တဲ့ခန့်မှန်းချက်က ပရိသတ်တွေအတွက် စိတ်ဝင်စားစရာပါပဲ။ စူပါဆန်းဒေမှာ ကစားမယ့် ပွဲစဉ်လေးပွဲကိုခန့်မှန်းတာမှာတော့ လုံး၀ သရေပွဲမရှိတော့ပါဘူး။ အနိုင်ရလဒ်ပြတ်သားမယ်လို့ ဆိုပါတယ်။

ဗီလာ ၁-၂ ဆောက်သမ်တန်၊ နယူး၂-၁ အဲဗာတန်၊ မန်ယူ ၂-၀ အာဆင်နယ်၊ တော့တင်ဟမ် ၂-၀ ဘရိုက်တန်အနေနဲ့ ခန့်မှန်းပေးခဲ့ပါတယ်။ စပါးနဲ့မန်ယူဂိုးပြတ်မယ်လို့ ဆိုခဲ့ပြီးနောက်မှာ ကျန်ရှိနေတဲ့ တနင်္လာနေ့ပွဲစဉ်တွေကိုလည်း အနိုင်ရလဒ်တွေပဲဆက် ရွေးခဲ့ပါတယ်။ ဖူလ်ဟမ် ၂-၁ – ဝက်စ်ဘရွန်း၊ လိဒ် ၂-၁ လက်စတာ တို့ပါ။

ထူးခြားချက်အနေနဲ့ ချဲလ်ဆီးပွဲစဉ်ကိုပဲ သရေအနေနဲ့ ခန့်မှန်းခဲ့တဲ့အတွက် Week 7 ဟာ အရှုံးအနိုင်ပြတ်သားမယ်လို့ လော်ရိုးက ယူဆထားတာဖြစ်ပါတယ်။ အသင်းကြီးတွေထဲမှာ အာဆင်နယ်တသင်းပဲ ရှုံးမယ်လို့ ဆိုထားတာကလည်း ပိုစိတ်ဝင်စားဖို့ ကောင်းစေပါတယ်။ လော်ရိုးရဲ့ခန့်မှန်းချက်တွေကလည်း မှန်ကန်ရာခိုင်နှုန်း (၇၀)အထက်မှာရှိတဲ့အတွက် စိတ်ဝင်စားစရာပါပဲ။

Aung Bwa – SportsGabar