ဒူးဒဏ်ရာကို အောင်မြင်အောင်ခွဲစိတ်နိုင်ခဲ့ပေမဲ့ ထင်ထားသလိုဖြစ်မလာတဲ့ ဗန်ဒိုက်

လီဗာပူးနောက်ခံလူ ဗန်ဒိုက်ယောက် သူ့ရဲ့ဒူးဒဏ်ရာ ACL ကို အောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပါတယ်။ လီဗာပူးက တရားဝင်ထုတ်ပြန်ခဲ့ပြီးနောက်မှာ မကြာခင်ဗန်ဒိုက်ပြန်လာနိုင်မယ့်အနေအထားကို ပိုနီးစပ်လာခဲ့ပါပြီ။ ဒါပေမဲ့ ပရိသတ်တွေ ထင်ထားသလိုမဟုတ်ဘဲ ဗန်ဒိုက်ဟာ နဂိုခန့်မှန်းထားသလိုပဲ ကာလရှည်ကြာဦးမယ်လို့သိရပါတယ်။

နိုဝင်ဘာလ (၁၇)ရက်နေ့ အဲဗာတန်နဲ့ ပွဲပြီးကတည်းက ဗန်ဒိုက်တယောက်မပါဝင်နိုင်ခဲ့ပါဘူး။ အဲဗာတန်ဂိုး သမားပစ်ဖို့ဒ်နဲ့ထိခိုက်မိခဲ့ချိန်၊ ဒူးနာသွားခဲ့ပြီး၊ ဒူးအရှေ့ပိုင်း အရွတ်ကြောစုတ်ပြဲတဲ့ ဒဏ်ရာ ACL ရခဲ့တယ်လို့ ကလပ်ကထုတ်ပြန်ခဲ့ပါတယ်။ လအတန်ကြာနားရမယ်လို့ ခန့်မှန်းခဲ့ပြီးနောက်မှာ ဗန်ဒိုက်ဒဏ်ရာကို ခွဲစိတ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ခွဲစိတ်ခဲ့ပြီးတဲ့နောက် လီဗာပူးက အောင်မြင်တယ်လို့အတည်ပြုခဲ့ပေမဲ့ အခုလိုလည်း ပြောခဲ့ပါတယ်။ ” ပြန်လာနိုင်မယ့်ကာလကို သတ်မှတ်ထာတာမျိုးမရှိပါဘူး” ဒါကြောင့် ဗန်ဒိုက်တယောက် နဂိုအတိုင်းဖြစ်လာဖို့ ခန့်မှန်းထားတဲ့အတိုင်းကြာဦးမှာဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ခန်မှန်းချက်အရ ACL ဟာ ၇ လနဲ့ ၈ လအထိကြာမြင့်တဲ့ ဒဏ်ရာမျိုးလို့ဆိုပါတယ်။

ဗန်ဒိုက် ဒဏ်ရာရပြီးကတည်းက ကလော့ပ်အနေနဲ့ ဖာဘင်ဟိုကိုနောက်တန်းထုတ်သုံးခဲ့ကာ ပြဿနာကို ကြိုတင်ဖြေရှင်းထားခဲ့ပါတယ်။ ဖာဘင်ဟိုပါ ဒဏ်ရာထပ်ရသွားချိန်မှာ လူငယ်ကစားသမားလေးတွေကို အသင်းကိုခေါ်သုံးခဲ့ပြီး၊ ဗဟိုနောက်ခံနေရာကို အလျင်မီအောင် အချိန်မီပြင်ဆင်ထားပါတယ်။ ဗန်ဒိုက် ခွဲစိတ်ပြီးရင်တောင် ကြာဦးမှာကို ကြိုတင်ခန့်မှန်းထားနိုင်ခဲ့လို့ ဖြစ်ပါတယ်။

Aung Bwa – SportsGabar