နံနက်ပိုင်းအားကစားသတင်းတိုများ (၃၀.၁၀.၂၀၂၀)

ပရီးမီးယားလိဂ်ပရိသတ်တွေ မကျေမနပ်ဖြစ်နေတဲ့ ပေးပါဗျူးစနစ်ကို နိုဝင်ဘာလ (၆-၈)ရက်နေ့အထိ တိုးမြင့်သွားမယ်လို့သိရပြီး၊ အစီအစဉ်ကို ဆက်လက်စမ်းသပ်သွားမယ်လို့ဆိုပါတယ်။ အင်တာနေရှင်နယ်ဘရိတ်တွေပြီးမှ ဆက်ပြသင့်မပြသင့်ပြန်သုံးသပ်သွားမှာဖြစ်တဲ့အတွက် ယူကေ ပရိသတ်တွေဟာ လောလောဆယ် ပိုက်ဆံပေးကြည့်နေရဦးမှာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းကတော့ သူတို့အသင်းရဲ့အိမ်ကွင်းလက်မှတ်တွေဝယ်ထားပြီး၊ ပရိသတ်ဝင်ခွင့်မရတာကြောင့် မကြည့်လိုက်တဲ့ လက်မှတ်ကိုင်ထားသူတွေကို ပိုက်ဆံတွေပြန်အမ်းနေပြီလို့သိရပါတယ်။ အရင်ဆုံး ပထမဆုံးအိမ်ကွင်းငါးပွဲအတွက် လက်မှတ်တွေပြန်အမ်းဖို့ စတင်နေပြီဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံအတွင်းကိုရိုနာဗိုင်းရပ်ကူးစက်နှုန်းမြင့်တက်လာတာကြောင့် ဒီဇင်ဘာလ (၁)ရက်နေ့အထိ ပြင်သစ်ဖလားပွဲစဉ်တွေကို ရွှေ့ဆိုင်းထားလိုက်တယ်လို့သိရပါတယ်။ လီဂူးဝမ်း၊ တူးနဲ့ အမျိုးသမီးလိဂ်ပွဲတွေကိုပဲ ဆက်ကစားဖို့ ဆုံးဖြတ်လိုက်ပြီး၊ ကြားပွဲတွေကို တလလောက်နောက်ဆုတ်လိုက်တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကို ပြန်လည်ကိုင်တွယ်ဖို့အတွက် ပတ်ဂါွဒီယိုလာကို နည်းပြအဖြစ်လိုလားမှုများနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့အနာဂတ်အစီအစဉ်မှာ ဂွါဒီယိုလာကို အလိုရှိနေပြီး၊ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်တော့မယ် အနေအထားမှာ ကိုးမန်းအလွန်ဘာစီနည်းပြအဖြစ် မက်ဆီကိုယ်တိုင်က မြင်တွေ့ချင်တယ်လို့သိရပါတယ်။

အန့်ဝတ်ကို အဝေးကွင်းမှာ သွားကစားခဲ့ရတဲ့ စပါးအသင်းကတော့ မထင်မှတ်ဘဲ (၁-ဝ)နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နည်းပြမော်ရင်ဟိုကိုယ်တိုင်က ရှုံးပွဲအတွက် အသင်းကစားပုံမကောင်းခဲ့ဘူးလို့ဝန်ခံခဲ့ကာ အရှုံးနဲ့ထိုက်တန်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဖြစ်နိုင်ရင် ဒုတိယပိုင်းမှာ လူစား(၁၁)ယောက်အထိလဲချင်ခဲ့တယ်လို့ မော်ရင်ဟိုက အရှုံးအတွက်စိတ်ပျက်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့လူစာရင်းကို အြပောင်းအလဲအကုန်နီးပါလုပ်ပြီး၊ ဒန်းဒေါ့ကို ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာတော့ (၃-ဝ)နဲ့အတူ အာဆင်နယ်တို့ အနိုင်ရခဲ့ပါတယ်။ ပီပီ၊ ဝီးလော့ခ်၊ အန်ကတ်တီးယားနဲ့ လူစုံတက်စုံဂိုးသွင်းခဲ့ကာ သက်သောင့်သက်သာအနိုင်ကစားနိုင်ခဲ့ပါတယ်။

Aung Bwa – SportsGabar