ဘောလုံးသမိုင်းတလျှောက် တရားဝင်သွင်းဂိုးအများဆုံး အဆင့်လေး ရောက်လာတဲ့မက်ဆီ

ဂျူဗင်တပ်ကို (ဝ-၂)နဲ့ ဘာစီလိုနာအသင်းအနိုင်ရခဲ့တဲ့ ပွဲမှာ မက်ဆီဟာ အသင်းအတွက် ပင်နယ်တီကနေ အနိုင်ဂိုးတဂိုးသွင်းယူပေးခဲ့ပါတယ်။ မက်ဆီအတွက်ပုံမှန်သွင်းဂိုးတစ်ဂိုးလို ဆိုရပေမဲ့ စံချိန်တွေကတော့ မနေခဲ့ပါဘူး။ ဘောလုံးသမိုင်းမှာ သွင်းဂိုးအများဆုံးဆိုတဲ့ ကစားသမားစာရင်းမှာ နေရာတနေရာပြီးတနေရာတက်လာခဲ့ပြီး၊ စံချိန်တွေက ဆက်သွားနေပါတယ်။

ဘောလုံးသမိုင်းမှာ သွင်းဂိုးအများဆုံးအဖြစ်လက်ရှိမှာ သတ်မှတ်ထားတဲ့ ကစားသမားတွေရှိပါတယ်။ (၁)ဂျိုးဆက်ဘီကန် (၈၀၅+)ဂိုး၊ (၂)ရိုမာရီယို (၇၇၂)ဂိုး၊ (၃)ပီလီ (၇၆၇)ဂိုး၊း၊ (၄)ဖာရန့်စ် ပူးကပ် (၇၄၆+)ဂိုး၊ (၅)စီရော်နယ်ဒို (၇၄၂)ဂိုး၊ (၆)ဂတ်မူလာ (၇၃၄)ဂိုး၊ (၇)မက်ဆီ (၇၂၁)ဂိုးပါ။ ဒီစာရင်းက နဂိုရှိပြီးသား ထိပ်တန်းစာရင်းကိုမှ မက်ဆီ၊ ရော်နယ်ဒိုက ဝင်လာတာဖြစ်ပါတယ်။

+ပြထားတဲ့ ကစားသမားတွေက သွင်းဂိုးတွေမသေချာဘဲ သွင်းဂိုးတွေထပ်တိုးနိုင်တယ်လို့ပြထားတာဖြစ်ပါတယ်။ ဒီဂိုးတွေကို သတ်မှတ်ထားတာက ကမ္ဘာအရပ်ရပ်က မှတ်တမ်းတွေကို စုပြီး သမိုင်းတလျှောက်အများဆုံးအဖြစ်သတ်မှတ်ထားဖြစ်တဲ့အတွက် သွင်းဂိုးတွေက အလုံးစုံမှန်တယ်လို့ သတ်မျတ်မရပါဘူး။ သွင်းဂိုးတွေအကုန်လုံးကို တရားဝင်မဟုတ်ဘဲ တခြားပွဲတွေက ဂိုးတွေလည်း ပေါင်းထားတယ်လို့ ဘိန်းစပေါ့ရဲ့တာဝန်ရှိသူ Tancredi Palmeri ကဆိုပါတယ်။

Tancredi Palmeri က သူ့ရဲ့တွစ်တာမှာ ဖော်ပြချက်အရ မက်ဆီဂိုးသွင်းပြီးချိန်မှာ စုစုပေါင်းသွင်းဂိုးဟာ (၇၂၁)ဂိုးရှိလာခဲ့ပြီး၊ ဂတ်မူလာနဲ့အရေအတွက်တူနေတာကနေ ကျော်တက်သွားပြီလို့ဖော်ပြခဲ့ပါတယ်။ တရားဝင်သွင်းဂိုးတွေကိုပဲတွက်ရင် မက်ဆီဟာ (၇၂၁)ဂိုးရှိလာတဲ့အတွက် ကမ္ဘာ့သွင်းဂိုးအများဆုံး နံပါတ်လေးနေရာကို ရောက်လာပြီလို့ ဆိုပါတယ်။

(၁)ပီလီ ၇၆၇၊ (၂)ရော်နယ်ဒို ၇၄၂၊ (၃)ရိုမာရီယို ၇၃၄၊ (၄)မက်ဆီ ၇၂၁၊ (၅)ဂတ်မူလာ ၇၂၀၊ နဲ့ ကမ္ဘာ့တရားဝင်သွင်းဂိုးအများဆုံးစာရင်းမှာ အဆင့်လေးကို ရောက်လာပြီလို့ ဖော်ပြခဲ့ပါတယ်။ ဒီအတိုင်းဆိုရင် ရော်နယ်ဒိုနဲ့ မက်ဆီနှစ်ယောက်သားအနေနဲ့ ကမ္ဘာ့သွင်းဂိုးအများဆုံး စာရင်းကိုမကြာခင်မှာရောက်ဖို့ရှိနေပါတယ်။ အကယ်လို့ ဂျိုးဆက်ဘီကန်ရဲ့ဂိုးတွေနဲ့တွက်ရင်တော့ မီဖို့မလွယ်သေးပါဘူး။

Aung Bwa – SportsGabar