(၁၆)မိနစ်နဲ့ ဟက်ထရစ်သွင်းအပြီးမှာ တဦးချင်းထူးချွန်စံချိန် (၃)ခုရခဲ့တဲ့ ရက်ရှ်ဖို့ဒ်

လစ်ဇစ်ကို (၅-ဝ)နဲ့ နိုင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်ဟာ ဟက်ထရစ်သင်းနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း (၆၃)မိနစ်မှာမှ လူစားဝင်လာခဲ့ပြီး၊ အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကနေ စလို့ ဟက်ထရစ်ရချိန်အထိ (၁၆)မိနစ်ပဲကြာခဲ့ပါတယ်။ (၇၄၊ ၇၈၊ နဲ့ ၉၂ )မိနစ်တွေမှာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဝင်မလာခင်အထိ (၁-ဝ)နဲ့ပဲ နိုင်နေခဲ့တဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်လမ်းကြောင်းကို ဂိုးတွေရရှိအောင်ပြောင်းလဲပေးနိုင်ခဲ့ချိန်၊ ထူးခြားစံချိန်တွေတင်ခဲ့ပြီး၊ optajoe ရဲ့ ဖော်ပြချက်ဟာ ရက်ရှ်ဖို့ဒ်ဟာ တဦးချင်းစံချိန်တွေ သုံးခုတောင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ သမိုင်းမှာ ပထမဆုံးလို့ဆိုရမယ့် စံချိန်နှစ်ခုအပါဝင် သုံးခုအထိ တင်နိုင်ခဲ့တာဖြစ်ပါတယ်။

(၁)အဖွင့်ဂိုးကို စသွင်းနိုင်ခဲ့ချိန်မှာ ရက်ရှ်ဖို့ဒ်အနေနဲ့ နှစ်ပွဲဆက် ချန်ပီယံလိဂ်သွင်းဂိုးကို ပထမဆုံးအနေနဲ့ စသွင်းနိုင်ခဲ့ပါတယ်။ (၂၀၀၃)ခုနှစ် ဒေးဗစ်ဘက်ခမ်း၊ ရီးရဲလ်မက်ဒရစ်ကို လူစားဝင်အနေနဲ့ ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း ချန်ပီယံလိဂ်မှာ လူစားဝင်ပြီး ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအနေနဲ့ ဖြစ်လာခဲ့ပါတယ်။ ကြားကာလထဲမှာ အတော်လေးကို ကြာရှည်တဲ့ အချိန်အတိုင်းအတာတခုထိ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

(၂)မားကပ်ရှ်ရက်ရှ်ဖို့ဒ်ဟာ ဆိုးလ်ရှား (၁၉၉၉)ခုနှစ်မှာ နောတင်ဟမ်ဖောရက်ကို လူစားဝင်လာပြီး၊ ဟက်ထရစ်သွင်းပြီးနောက်မှာ ပထမဆုံး ဟက်ထရစ်သွင်းနိုင်တဲ့ ယူနိုက်တက် ကစားသမားဖြစ်လာခဲ့ပါတယ်။ မတူညီတာက ဆိုးလ်ရှားက ပရီးမီးယားလိဂ်မှာဖြစ်ပြီး၊ ရက်ရှ်ဖို့ဒ်က ချန်ပီယံလိဂ်မှာဖြစ်ပါတယ်။ ယူနိုက်တက်သမိုင်းမှာတော့ အခုလိုဂိုးသွင်းနိုင်တာဟာ ဆိုးလ်ရှားနဲ့ ရက်ရှ်ဖို့ဒ်ပဲရှိတာဖြစ်ပါတယ်။

(၃)ချန်ပီယံလိဂ်ရဲ့ ဟက်ထရစ်သမိုင်းမှာတော့ မားကပ်ရက်ရှ်ဖို့ဒ်ဟာ လူစားဝင်ပြီး၊ ဟက်ထရစ်သွင်းနိုင်တဲ့ ငါးယောက်ြမောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ မတူညီတာက ရက်ရှ်ဖို့ဒ်ရဲ့ လူစားဝင်လာတဲ့အချိန် စုစုပေါင်းဟာ (၂၇)မိနစ်ပဲရှိတဲ့အပြင် ငါးယောက်ထဲမှာလည်း အချိန်အနည်းဆုံး ယူရတဲ့ ကစားသမားအဖြစ်နဲ့စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Aung Bwa – SportsGabar