ဖာဘင်ဟိုဒဏ်ရာရသွားချိန်မှာ ရိုင်းစ်ဝီလီယမ်ကို စင်တင်တော့မယ့် ဂျာဂင်ကလော့ပ်

မစ်ဂျဲလန်းကို (၂-ဝ)နဲ့အနိုင်ရလိုက်ပေမဲ့ ဂျာဂင်ကလော့ပ်အတွက် ပျော်စရာညတည မဟုတ်ခဲ့ပါဘူး။ ကလပ်ရဲ့ခံစစ်ပြဿနာအတွက် ထိုးနှက်ချက်ဖြစ်နေတဲ့ကြားကနေ ဖာဘင်ဟိုကိုပါ လက်လွှတ်ရဖို့ဖြစ်လာပြီး၊ ဒဏ်ရာရသွားခဲ့ပါတယ်။ ဗန်ဒိုက်၊ မာတစ်ဒဏ်ရာရနေတဲ့အပြင် အခုဖာဘင်ဟိုကိုပါ လက်လွှတ်ရဖို့ရှိလာတဲ့အတွက် ကလော့အတွက်တော့ မဖြစ်မနေဆိုသလို လုပ်ဆောင်ရမှာတွေရှိလာခဲ့ပါပြီ။

” သူ့တံကောက်ကြော ဒဏ်ရာကို အခုပြန်ခံစားနေရပါတယ်။ ပြီးတော့ အဲဒါက မကောင်းပါဘူး။ သူပြောတာက သူဆက်ကစားနိုင်သေးတယ်ပေါ့၊ ပြီးလည်းပြီးရော မပြေးနိုင်တော့ဘူး။ အကူအညီလည်းမပေးနိုင်တော့တာပေါ့။ ကျွန်တော်တို့ မနက်ဖြန်မှာ သိရပါလိ့မ်မယ်။ စကန်ဖတ်ပြီးရင်ပေါ့။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်းပြောရရင် အဲ့သတင်းက မကောင်းပါဘူး။”

” ကျွန်တော်တို့ ကောင်းကောင်းလုပ်ဆောင်နေပါတယ်။ ဆိုပေမဲ့လည်း ဖာဘင်ဟိုဒဏ်ရာရသွားတာက အသင်းအတွက် ရှော့ခ်ရစရာပါပဲ။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ အခုအဲဒီပြဿနာအတွက် ဖြေရှင်းရတော့မယ်လေ။ ‘ ဆိုပြီး ဂျာဂင်ကလော့ပ်က မှတ်ချက်ပေးခဲ့ပါတယ်။ နောက်တော့ ဖာဘင်ဟိုအစားအသင်းရဲ့လူငယ်ကစားသမားလေး ရိုင်းဝီလီယမ်ဝင်ကိုထည့်သွင်းခဲ့ရပါတယ်။

အနေအထားက အခုလိုဖြစ်လာချိန်မှာ အဲဗာတန်နဲ့ပွဲအတွက် နောက်တန်းကို ဘယ်လိုပြင်ဆင်မလဲလို့မေးခွန်းထုတ်ခဲ့တဲ့အပေါ် ကလော့ပ်က အခုလိုဖြေကြားခဲ့ပါတယ်။ ” ကျွန်တော်မသိသေးပါဘူး။ ကျွန်တော်တို့ အနေအထားတွေကြည့်ရပါဦးမယ်။ အကယ်လို့ အဲဗာတန်နဲ့ပွဲက ရာသီကုန်လိုဟာမျိုးဆိုရင် ကျွန်တော်တို့အဆင်ပြေတဲ့ တယောက် ဒါမှမဟုတ် အခြားတယောက်ကို ကစားခိုင်းလို့ရပါတယ်။”

” ဒါပေမဲ့ အခုက သုံးရက်နေပြီး တပွဲထပ်ကစားရမှာဆိုတော့ ကျွန်တော်တို့ သင့်တော်တဲ့လူစာရင်းထုတ်ဖို့လိုပါတယ်။ ကျွန်တော်တို့မှာ ငယ်ရွယ်ပြီး၊ အစားထိုးနိုင်တဲ့ ကစားသမားတွေရှိပါတယ်။ ဒီအနေအထားမှာ အဲဒီထဲက ကစားသမားတွေကို ကျွန်တော်တို့ သုံးဖို့လိုလာပါပြီ။ ဆိုပေမဲ့ ရွိုင်းစ်ဝီလီယမ်ကလည်း တကယ့်ကို ပွဲကောင်းတပွဲကို ကောင်းကောင်းကစားနိုင်ခဲ့တာတွေ့ရပါတယ်။ ‘ လို့ ဆိုခဲ့ပါတယ်။

ရွိုင်းစ်ဝီလီယမ်ဆိုတာက ပြီးခဲ့တဲ့ ရာသီမှာ နေရှင်နယ်လိဂ်ကလပ်၊ အင်္ဂလန်အဆင့်ခြောက်လိဂ်ကလပ်၊ ကစ်ဒါမစ်စတာမှာ ခြောက်လအငှားနဲ့ထွက်ကစားပြီး၊ အသင်းကို ပြန်ရောက်လာတဲ့ (၁၉)နှစ်အရွယ် လူငယ်ကစားသမားလေးဖြစ်ပါတယ်။ ပွဲစစချင်းမှာပဲ ခြေစွမ်းကောင်းပြကာ ကလင်းရှစ်လည်းရခဲ့တဲ့အပေါ် ပရိသတ်တွေက အာနိုးလို အသင်းမှာအားကိုးရဖို့ မျှော်လင့်နေပါတယ်။ တကယ်လည်း မဖြစ်မနေထည့်ကန်ရတော့မှာဖြစ်တဲ့အတွက် လူငယ်ကစားသမားတယောက်ကို နောက်ထပ်စင်ထပ်တင်ပြီလို့ လီဗာပူးပရိသတ်တွေ မှတ်ယူရမှာပဲဖြစ်ပါတယ်။

Aung Bwa – SportsGabar