ဘာစီလိုနာရဲ့စာချုပ်အသစ်မှာ ပီကေးလစာ (၅၀)ရာခိုင်နှုန်းလျှော့ယူလိုက်ရတဲ့ အကြောင်းအရင်း

ပီကေးရဲ့ဘာစီလိုနာကို ချစ်စိတ်က တကယ့်ကို စံထားရမှာပါ။ အသင်းခက်ခဲနေချိန်မှာ စာချုပ်သစ်ညှိနှိုင်းမှုနဲ့ လစာလျှော့ယူဖို့ ကမ်းလှမ်းတာကို ပရော်ဖက်ရှင်နယ်စိတ်မထားဘဲ ပြန်ချုပ်ပေးခဲ့ပါတယ်။ ဒီရာသီအကုန်အထိ သူ့ရဲ့လစာတွေကို တဝက်ပဲယူမယ်လို့ဆုံးဖြတ်ထားသလို ကိုဗစ်ကြောင့်ဖြစ်လာတဲ့ အသင်းရဲ့ ဘဏ္ဍာရေး အခက်အခဲကို ကူညီဖို့ မြန်မြန်ဆန်ဆန်ပဲ ကူညီပေးပါတယ်။

စာချုပ်သစ်လေးခု ချုပ်ခဲ့တာက လင်ဂလတ်၊ ဒီဂျောင်၊ တာစတီဂျန်နဲ့ ပီကေးတို့ပါ။ ပီကေးရဲ့စာချုပ်က လစာအများကြီးလျှော့ယူခဲ့တယ်လို့ Sports ကဖော်ပြခဲ့ပြီး၊ ဘာစီလိုနာရဲ့ဘဏ္ဍာရေးကို အများဆုံးကူညီခဲ့တဲ့ ကစားသမားလို့ဆိုပါတယ်။ ကျန်တဲ့သုံးယောက်က (၃၀)ရာခိုင်နှုန်းတွေကို နှစ်ကုန်တဲ့အထိ လျှော့ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ အတွက်ကြောင့်ပါ။

စာချုပ်သစ်က (၂၀၂၄)မှ ကုန်ဆုံးမှာဖြစ်ပါတယ်။ မူလစာချုပ်က (၂၀၂၀)အထိ စာချုပ်ထားတာဖြစ်တဲ့အတွက် ပီကေးဟာ ဘာစီလိုနာမှာ နောက်လေးရာသီအထိဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့အပြင် သူ့ရဲ့စာချုပ်က စိတ်ဝင်စားဖို့ကောင်းပါတယ်။ အကယ်လို့ လာမယ့်ရာသီ (၂၀၂၁-၂၂)မှာ ဘာစီလိုနာရဲ့ စုစုပေါင်း ၃၅ ရာခိုင်နှုန်းကို သာမကစားခဲ့ရရင် ကလပ်အနေနဲ့ စာချုပ်ကိုဖျက်သိမ်းနိုင်တယ်လို့ ပါရှိပါတယ်။

ကလပ်ဖက်က ပီကေးကို ဆက်ထားနေစရာမလိုဘဲ စာချုပ်ဖျက်သိမ်းနိုင်တယ်လို့ ချုပ်ပေးထားတာက အသင်းကိုပြန်ကြည့်ပေးတာပါ။ ပီကေးအနေနဲ့ လစာယူပြီးအသင်းမှာ ထိုင်နေတာမျိုးကိုလည်း မလိုချင်ဘဲ စာချုပ်ထားတဲ့နှစ်တွေအတွင်း ပုံမှန်ပွဲထွက်ခွင့်သာမရခဲ့ရင် အသင်းကနေ စာချုပ်ဖျက်သိမ်းနိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ ပီကေးကလည်း စာချုပ်မှာပြန်ချုပ်ထားတာပါရှိပါတယ်။

အကယ်လို့ သူ့အနေနဲ့ အသင်းမှာမကစားချင်တော့လို့ပဲဖြစ်ဖြစ်၊ အနားယူချင်ရင်ပဲဖြစ်ဖြစ် စာချုပ်ကိုဖျက်သိမ်းပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပထိပ်သီးကလပ်၊ ထိပ်သီးလိဂ်တွေကလွဲလို့ သူပြောင်းချင်တဲ့ကလပ်ရှိလာခဲ့ရင် ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ပြောင်းခွင့်ပေးရမယ်လို့ ချုပ်ထားခဲ့တာဖြစ်ပါတယ်။ မက်ဆီကိုသင်ခန်းစာယူပြီး၊ ပီကေးချုပ်ခဲ့တဲ့ စာချုပ်က ကလပ်အတွက်လည်းအကျိုးရှိ၊ သူ့အတွက်လည်းအတော်လေးကိုကောင်းခဲ့တယ်ဆိုရမှာပါပဲ။

Aung Bwa – SportsGabar