သူ႔ရဲ႕ဆံုးျဖတ္ခ်က္ကိုခ်ဲလ္ဆီးပရိသတ္ေတြနားလည္ေပးႏိုင္လိမ့္မယ္လို႔ယံုၾကည္ေနတဲ့ဟာဇက္

ခ်ဲလ္ဆီးကစားသမား အီဒင္ဟာဇက္ဟာ သူ႔ရဲ႕အိပ္မက္အသင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ ဆံုးျဖတ္ခဲ့တာနဲ႔ ပက္သက္ျပီး ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ သူ႕ကို နားလည္ေပးႏိုင္လိမ့္မယ္လို႔ ယံုၾကည္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ အီဒင္ဟာဇက္ရဲ႕အေျပာင္းအေရႊ႕အတြက္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးကို ရရွိမွာ ျဖစ္ျပီး အက်ိဳးအျမတ္မ်ားစြာ ရရွိသြားဖို႔လည္းရွိေနပါတယ္။ အသက္(၂၈)ႏွစ္အရြယ္ ဘယ္လ္ဂ်ီယံ ကစားသမား ဟာဇက္ဟာ ငယ္စဥ္ကတည္းက သူ႔ရဲ႕အခန္းအတြင္းမွာ ဇီဒန္းရဲ႕ ဓါတ္ပံုေတြခ်ိတ္ဆြဲျပီး ၾကီးျပင္းခဲ့သူတစ္ေယာက္လည္းျဖစ္လို႔ သူ႔အေနနဲ႔ ရီးရဲလ္ထံ ေျပာင္းေရႊ႕ဖို႔ကသာလ်င္ ခ်ဲလ္ဆီးကို စြန္႔ခြာႏိုင္တဲ့ တစ္ခုတည္းေသာ အေၾကာင္းျပခ်က္ျဖစ္ခဲ့ပါတယ္။

ဟာဇက္က-

” ဒါဟာ လွ်ိဳ႕၀ွက္ထားစရာ ကိစၥတစ္ခုေတာ့ မဟုတ္ပါဘူး၊ ကြ်န္ေတာ့္ရဲ႕ကစားသမားဘ၀မွာ ပထမဦးဆံုးဂိုးသြင္းယူႏိုင္ခဲ့တဲ့ ငယ္စဥ္အခ်ိန္ကတည္းက တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္၊ ရီးရဲလ္အသင္းမွာ ကစားခြင့္ရရွိဖို႔ အိပ္မက္ခဲ့ရတာပါ၊ အခုေတာ့ ကြ်န္ေတာ့္အိပ္မက္ေတြ အမွန္တစ္ကယ္ ျဖစ္လာေတာ့မယ္”

” ကြ်န္ေတာ့္ရဲ႕ေနာက္ထပ္ အိပ္မက္တစ္ခုကို အေကာင္အထည္ေဖာ္ဖို႔ ဆံုးျဖတ္ခ်က္ကို ပရိသတ္ေတြ နားလည္ေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္၊ လူတိုင္းကေတာ့ ကိုယ့္အိပ္မက္ေတြကို အမွန္တစ္ကယ္ အေကာင္အထည္ေဖာ္ႏိုင္ဖို႔ အခြင့္အေရးရလာတဲ့အခါ လက္လႊတ္ခ်င္ၾကမွာမဟုတ္ပါဘူး၊ ခ်ဲလ္ဆီးကို စြန္႔ခြာဖို႔ ဆံုးျဖတ္ရတာဟာ ကြ်န္ေတာ္ဘ၀မွာ အၾကီးမားဆံုးနဲ႔အခက္ခဲဆံုးပါပဲ” လို႔ ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

သူ့ရဲ့ဆုံးဖြတ်ချက်ကိုချဲလ်ဆီးပရိတ်သတ်တွေနားလည်ပေးနိုင်လိမ့်မယ်လို့ယုံကြည်နေတဲ့ ဟာဇက်

ချဲလ်ဆီးကစားသမား အီဒင်ဟာဇက်ဟာ သူ့ရဲ့အိပ်မက်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပက်သက်ပြီး ချဲလ်ဆီးပရိသတ်တွေအနေနဲ့ သူ့ကို နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဟာဇက်ရဲ့အပြောင်းအရွှေ့အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးကို ရရှိမှာ ဖြစ်ပြီး အကျိုးအမြတ်များစွာ ရရှိသွားဖို့လည်းရှိနေပါတယ်။ အသက်(၂၈)နှစ်အရွယ် ဘယ်လ်ဂျီယံ ကစားသမား ဟာဇက်ဟာ ငယ်စဉ်ကတည်းက သူ့ရဲ့အခန်းအတွင်းမှာ ဇီဒန်းရဲ့ ဓါတ်ပုံတွေချိတ်ဆွဲပြီး ကြီးပြင်းခဲ့သူတစ်ယောက်လည်းဖြစ်လို့ သူ့အနေနဲ့ ရီးရဲလ်ထံ ပြောင်းရွှေ့ဖို့ကသာလျင် ချဲလ်ဆီးကို စွန့်ခွာနိုင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်ခဲ့ပါတယ်။

ဟာဇက်က-

” ဒါဟာ လျှို့ဝှက်ထားစရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ ပထမဦးဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ ငယ်စဉ်အချိန်ကတည်းက တစ်နေ့နေ့တစ်ချိန်ချိန်၊ ရီးရဲလ်အသင်းမှာ ကစားခွင့်ရရှိဖို့ အိပ်မက်ခဲ့ရတာပါ၊ အခုတော့ ကျွန်တော့်အိပ်မက်တွေ အမှန်တစ်ကယ် ဖြစ်လာတော့မယ်”

” ကျွန်တော့်ရဲ့နောက်ထပ် အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ကို ပရိသတ်တွေ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ လူတိုင်းကတော့ ကိုယ့်အိပ်မက်တွေကို အမှန်တစ်ကယ် အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးရလာတဲ့အခါ လက်လွှတ်ချင်ကြမှာမဟုတ်ပါဘူး၊ ချဲလ်ဆီးကို စွန့်ခွာဖို့ ဆုံးဖြတ်ရတာဟာ ကျွန်တော်ဘဝမှာ အကြီးမားဆုံးနဲ့အခက်ခဲဆုံးပါပဲ” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar