ဟာလန်းကို လာမယ့်နှစ်မှာ ဟောလန်းကို ဒေါ့မွန်တို့လုံးဝလက်မလွှတ်မယ့် အဓိကအကြောင်းရင်း

ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းကို ဥရောပထိပ်သီးကလပ်တွေ စိတ်ဝင်စားနေကြပါတယ်။ ကစားသမားရဲ့ ဗဟိုတိုက်စစ်မှာ အသက်နဲ့မလိုက်အောင် အသားကျနိုင်တဲ့အချက်က အနာဂတ်မှာ ရေရှည်အသင်းကိုတည်ဆောက်ချင်တဲ့ ကလပ်တွေအတွက် မျက်စိကြစရာပါ။ အထူးသဖြင့် မန်ယူ၊ ရီးရဲလ်မက်ဒရစ်အသင်းတွေအတွက် အမြဲတစေချိတ်ဆက်မှု လုပ်နေသူပါ။

ဒါပေမဲ့ ဒေါ့မွန်က ကစားသမားကို လွယ်လွယ်နဲ့ လက်မလွှတ်ဖို့ ပြင်ဆင်ထားပါတယ်။ အသင်းမှာ လိုအပ်တာမျိုးကြောင့်ဆိုတာထက် ဟာလန်းအနေနဲ့ ဒေါ့မွန်နဲ့ အသင်းကြားချုပ်ဆိုထားတဲ့ စာချုပ်ကြောင့်ဖြစ်ပြီး၊ အကယ်လို့ လာမယ့်နှစ်ကိုသာ အသင်းမှာဆက်ရှိနိုင်ဖို့ ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် ဒေါ့မွန်အနေနဲ့ ဟာလန်းဆီကရမယ့်ပမာဏကြောင့် ဖြစ်ပါတယ်။

ဒီသတင်းကိုတော့ သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုက ဖွင့်ဟခဲ့တာပါ။ (၂၀၂၂) ဇွန်လအထိ အသင်းမှာ ဟာလန်းကိုသာထိန်းသိမ်းထားနိုင်ခဲ့ရင် ဒေါ့မွန်အနေနဲ့ ကစားသမားကို ယူရို (၇၅)သန်းရမှ လက်လွှတ်ခွင့်ဆိုတဲ့ အချက်ကို ထည့်ချုပ်ခဲ့ပါတယ်။ ဒီအချက်ဟာ ဒေါ့မွန်အတွက် အတော်လေးကို များပြားတဲ့ပမာဏဖြစ်နေပါတယ်။ ကစားသမားကို ခေါ်ယူတုန်းကထက် အများကြီးအမြတ်အစွန်းရမှာပါ။

ဟာလန်းကို ဒေါ့မွန်တို့ ရက်ဘူးလ်ဆောဘတ်ကနေ ခေါ်တုန်းက ယူရိုသန်း (၂၀) ပေးချေခဲ့ရပါတယ်။ လေးနှစ်ခွဲစာချုပ်နဲ့အတူ တနှစ်ကို ယူရို ၈ သန်းအထိရမယ် လစာပမာဏနဲ့ ဟာလန်းကိုဒေါ့မွန်တို့ ကြေးကြီးပေးခေါ်ခဲ့တာပါ။ အသက် ၁၉ ပဲရှိသေးတဲ့ ကစားသမားအတွက် အဆိုပါပမာဏက အတော်လေးများပြားခဲ့ပါတယ်။ ဒေါ့မွန်ရဲ့ ရေရှည်မြုပ်နံှမှုတခုလည်းဆိုနိုင်မှာပါ။

လစာနဲ့ ပြောင်းရွှေ့ကြေးတွေတွက်ရင် စုစုပေါင်း ယူရို ၅၆ သန်းအထိကျသွားမယ့် ပမာဏအထိ ဆယ်ကျော်သက်တယောက်ကို သုံးခဲ့တာအကြောင်းရှိပါတယ်။ ပြောခဲ့တဲ့အတိုင်း ယူရို (၂၀၂၂) ဇွန်လအထိ ထိန်းသိမ်းထားနိုင်ခဲ့ရင် ဟာလန်းကိုခေါ်မယ့်အသင်းဟာ ယူရို ၇၅ သန်းအထိသုံးရမှာဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နှစ်နွေရာသီမှာ ကစားသမားကို ရောင်းချဖို့ လုံးဝစဉ်းစားမှာမဟုတ်ဘဲ အသင်းမှာထိန်းသိမ်းဖို့ ဘုတ်အဖွဲ့ဟာ မဖြစ်မနေထိန်းသိမ်းမယ်လို့ သိရပါတယ်။

Aung Bwa – SportsGabar