လော့ဒေါင်းကာလအပြီး ပရီးမီးယားလိဂ်အမှတ်ရှာဖွေမှုအသင်းစာရင်းမှာ မန်စီးတီးနဲ့မန်ယူဦးဆောင်

အခုတခေါက်ဖော်ပြမယ့် အကြောင်းအရာက (၂၀၂၀-၂၁)ရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမဟုတ်ပါဘူး။ ကိုဗစ်ကာလကြောင့် လော့ဒေါင်းတွေချအပြီး အသင်းတွေမကန်ရတဲ့အပိုင်းပါ။ အဲဒီနောက်ပိုင်းမှာ ကန်ရတဲ့ပွဲစဉ်တွေကစလို့ ပွဲစဉ်တွေပြန်ကန်ရချိန်မှာ အမှတ်အများဆုံး ရှာဖွေနိုင်ခဲ့တဲ့ စာရင်းဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်ကန်ပြီးတဲ့ပွဲစဉ်တွေအထိပါဝင်မှာပါ။

တန်းဆင်းသွားရတဲ့ သုံးသင်းရှိတဲ့အတွက် လက်ရှိကစားနေတဲ့ ပရီးမီးယားလိဂ်ကလပ်တွေထဲက (၁၇)နှစ်သင်းပဲပါဝင်မှာဖြစ်ပါတယ်။ (၁) မန်စီးတီး (၃၀)မှတ်၊ (၂)မန်ယူ ၂၈ မှတ်၊ (၃) လီဗာပူး ၃၀ မှတ်၊ (၄)ဆောက်သမ်တန် ၃၀ မှတ်၊ (၅) စပါး ၂၆ မှတ်၊ (၆) ချဲလ်ဆီး ၂၇ မှတ်၊ (၇)ဝုဗ် (၂၆)မှတ်၊ (၈) အဲဗာတန် (၂၅)မှတ်၊ (၉)အာဆင်နယ်- ၁၅ မှတ်၊

(၁၀)ဗီလာ- ၂၂ မှတ်၊ (၁၁) လက်စတာ (၂၁)မှတ်၊ (၁၃)ဘန်လေ- ၁၆ မှတ်၊ (၁၄)ဘရိုက်တန် ၁၆ မှတ်၊ (၁၅) နယူးကာဆယ် ၁၃ မှတ်၊ (၁၆)ပဲလေ့စ်- ၁၄ မှတ်၊ (၁၇)ရှက်ဖီး- ၁၂ မှတ်။ လော့ဒေါင်းတွေအပြီး ဘောလုံးပွဲတွေ ပြန်စချိန်က ဇွန်လလောက်မှာ ဖြစ်တဲ့အတွက် ပရီးမီးယားလိဂ် (၂၀၁၉-၂၀) ရာ သီလက်ကျန်ပွဲစဉ်တွေမှာ ကစားခဲ့တဲ့အမှတ်တွေလည်းပါဝင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနှစ်ရာသီအစ အမှတ်ပေးဇယားမှာတော့ မတူတော့ပါဘူး။ အသင်းတိုင်းက ပုံစံကောင်းတွေပြနေတဲ့အပြင် လတ်တလောမှာ ဦးဆောင်ထားတာက အဲဗာတန်နဲ့ လီဗာပူးလို အသင်းတွေဖြစ်နေပါတယ်။ မန်ချက်စတာစီးတီးနဲ့ မန်ယူနိုက်တက်တို့ကလည်း ၈ မှတ်၊ ၇ မှတ်နဲ့ အမှတ်ပေးဇယားထိပ်သီးပိုင်းမှာ ရှိမနေဘဲ အလယ်အလတ်ကို ရောက်နေတာတွေ့ရပါတယ်။

Aung Bwa – SportsGabar