အီတလီ အားကစားအဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရတဲ့ ရော်နယ်ဒို

ပေါ်တူဂီအတွက် ကစားပေးရင်း ကိုဗစ် (၁၉)ကူးစက်ခံခဲ့ရတဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အီတလီအားကစား အဖွဲ့ချုပ်ရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပြီလို့သိရပါတယ်။ စုံစမ်းစစ်ဆေးတဲ့အကြောင်းရင်းက ကိုဗစ်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ခဲ့တာကို တွေ့ရှိခဲ့လို့ဖြစ်ပြီး၊ ရော်နယ်ဒို တကယ်လိုက်နာခဲ့တာ ဟုတ်မဟုတ်ကို စစ်ဆေးနေတာဖြစ်ပါတယ်။

နောက်လာမယ့်အပတ် ဘာစီလိုနာနဲ့ ဂျူဗင်တပ်ကန်ဖို့ ရှိနေတဲ့အနေအထားမှာ ရော်နယ်ဒိုဟာ ဆေးစစ်မှုခံယူရမှာဖြစ်ပါတယ်။ မကန်ခင် (၄၈)နာရီမှာ ကိုဗစ်ပိုးရှိမရှိ ထပ်စစ်မှာဖြစ်ပြီး၊ မရှိခဲ့ဘူးဆိုရင် ရော်နယ်ဒိုကို ကန်ခွင့်ထပ်ပေးမှာပါ။ ဒါပေမဲ့ ရော်နယ်ဒိုဟာ အခုလိုစစ်ဆေးမှုမခံခင်မှာ တခြားကိစ္စတခုရှိနေတယ်လို့ အီတလီအားကစားဝန်ကြီးချုပ် စပါဒါဖိုရာက အခုလိုပြောခဲ့ပါတယ်။

” ခရစ္စတီယာနိုက စည်းမျဉ်းတွေကို လိုက်နာမှုမရှိခဲ့ပါဘူး။ အဲဒါကို သက်သေပြဖို့ FPO က စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။ ကိုဗစ်ဗိုင်းရပ်က ရော်နယ်ဒိုဖြစ်ရပ်မှာ သင်ကြားပေးခဲ့တာက ဘယ်သူမှ ထူးခြားနေတာမျိုးမရှိဘူးဆိုတာပါ။ ဖြစ်နိုင်သမျှ စည်းကမ်းတွေကို လိုက်နာဖို့ သူတိုကအစ့အားလုံးကလိုက်နာသင့်တဲ့ လူတွေပါ။ ဒါပေမဲ့ အားလုံးလိုလို အိမ်မှာနေရတာက အဖြေပါပဲ’

” လေးစားသမှုနဲ့ပြောရမယ်ဆိုရင်တော့ အခုအဖြစ်အပျက်က စိတ်မကောင်းစရာပါ။ ပေါ်တူဂီနဲ့ကစားပြီးတဲ့ ပထမပိုင်းမှာ ရော်နယ်ဒိုအနေနဲ့ စည်းကမ်းတွေဖောက်ဖျက်ခဲ့တယ်လို့ တွေ့ရပါတယ်။ အဲဒါက အဓိကအချက်ပါ။ ဒီအနေအထားမှာ တိုရီနိုမြို့က စုံစမ်းစစ်ဆေးသူတွေက ပွင့်ပွင့်လင်းလင်းနဲ့ကို စုံစမ်းစစ်ဆေးနေပါတယ်။” လို့ဆိုခဲ့ပါတယ်။ တဖက်မှာတော့ ရော်နယ်ဒိုက သူ့အနေနဲ့ ဖောက်ဖျက်ခဲ့တာမျိုးဘာမှမရှိဘူးလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုအနေနဲ့ ဖောက်ဖျက်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိတာမျိုး ကြေညာမခံထားရပါဘူး။ ဘာစီလိုနာနဲ့ပွဲမှာ ပါဝင်ခွင့်ရဖို့ကိုပဲ ကိုဗစ်ရှိမရှိစစ်ဆေးမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်က စစ်ဆေးမှာဖြစ်ပေမဲ့ ရော်နယ်ဒိုသာ တကယ်မဖောက်ဖျက်ခဲ့ရင် အရေးယူခံရတာမျိုးမရှိတဲ့အတွက် ပရိသတ်တွေ စိုးရိမ်စရာမျိုးမလိုတာတော့အမှန်ပါပဲ။

Aung Bwa – SportsGabar