ပေါင်သန်း (၂၀)မသုံးခဲ့တဲ့ အငြိုးနဲ့ အာဆင်နယ်ဆို ဂိုးမိုးရွာလေသလား ဗာဒီ

အာဆင်နယ်အိမ်ကွင်းအမ်းမရိတ်မှာ ပရီးမီးယားလိဂ်ပထမဆုံးနိုင်ပွဲလို့ ဆိုရမယ့်အပြင် နှစ်ပေါင်း (၅၀)နီးပါးအတွင်း ပထမဆုံးနိုင်ပွဲလို့ဆိုရမယ့် နိုင်ပွဲကို လက်စတာတို့ဖန်တီးနိုင်ခဲ့ပါတယ်။ တိတိကျကျဆိုရရင် (၁၉၇၃)နောက်ပိုင်း အာဆင်နယ်အိမ်ကွင်းမှာ ပထမဆုံးအကြိမ် နိုင်ပွဲကို ဘရန်ဒန်ရော်ဂျာဦးဆောင်တဲ့ လက်စတာက ဗာဒီရဲ့ အနိုင်ဂိုးတလုံးနဲ့အတူ ချေဖျက်လိုက်တာဖြစ်ပါတယ်။

ဗာဒီရဲ့အခုသွင်းဂိုးဟာ အာဆင်နယ်အတွက် အတော်လေးကို ခံရခက်စေတာက အမ်းမရိတ်မှာ သွင်းဂိုးအများဆုံးတိုက်စစ်မှူးဆိုတဲ့ စံချိန်ကိုပိုင်ဆိုင်သွားစေခဲ့တာပါ။ ဗာဒီပရီးမီးယားလိဂ်မှာ စကစားပြီးကတည်းကဖြစ်ပါတယ်။ အမ်းမရိတ်မှာ ဗာဒီရဲ့သွင်းဂိုးဟာ (၅)ဂိုးအထိရှိလာခဲ့ပါပြီ။ ဒါတင်မကေသးပါဘူး။ ဗာဒီအနေနဲ့ အာဆင်နယ်နဲ့တွေ့တဲ့ (၁၂)ပွဲမှာ (၁၁)ဂိုးအထိလည်းသွင်းထားပါသေးတယ်။

သူ့ထက်များတဲ့ ကစားသမားဆိုလို ရွန်းနီ (၁၂)ဂိုးနဲ့ပဲကျန်ရှိတော့တဲ့အထိပါပဲ။ ပရီးမီးယားလိဂ်ဂိုးလည်း (၁၀၉)ဂိုးအထိရှိလာတဲ့ ဗာဒီဟာ ရွိုင်ရန်ဂစ်နဲ့လည်း ဂိုးအရေအတွက်တူလာခဲ့ပါပြီ။ ဒါတောင်မှ ဗာဒီဟာ (၂၅)နှစ်မှ ပရီးမီးယားလိဂ်မှာ ကစားဖူးတာဖြစ်ပါတယ်။ အခုလိုမျိုး ဂိုးသွင်းစွမ်းရည်တွေ ကောင်းနေပြီး၊ အာဆင်နယ်ဆို ဂိုးတွေအများကြီးသွင်းထားတဲ့ ဗာဒီဟာ တကယ်လည်းထူးခြားမှတ်တမ်းရှိနေပါတယ်။

မန်စီးတီးကို (၁၃)ပွဲတွေ့ (၈)ဂိုး၊ လီဗာပူးကို (၁၁)ပွဲတွေ့ (၇)ဂိုး၊ နဲ့ အသင်းကြီးတွေကို တကယ်ဂိုးသွင်းထားတဲ့ ဗာဒီကို လွန်ခဲ့တဲ့ လေးနှစ်က အာဆင်နယ်ဟာ ခေါ်ယူဖို့ လုပ်ခဲ့ဖူးပါတယ်။ အဆိုပါအချိန်တုန်းက ဂျေမီဗာဒီအနေနဲ့ အသက် (၃၀)နားကိုရောက်နေပြီး၊ အသက်အရွယ်အရ အနည်းငယ် စဉ်းစားစရာဖြစ်နေတဲ့အပေါ် လက်စတာတောင်းဆိုတဲ့ ပေါင်သန်း (၂၀)ကို အာဆင်နယ်တို့ပေးဖို့ ငြင်းဆန်ခဲ့ဖူးပါတယ်။

နောက်တော့ (၂၀၁၉-၂၀)မှာ ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာပြီး၊ (၂၃)ဂိုးနဲ့ ရွှေဖိနပ်ဆုကိုပါ အရယူနိုင်ခဲ့သူပါ။ အကယ်လို့ အာဆင်နယ်ကသာ ပေါင်သန်း (၂၀)နဲ့ခေါ်ယူနိုင်ခဲ့ရင် လက်ရှိအချိန်မှာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ်နဲ့ မြင်နိုင်ရပေမဲ့ လက်တွေ့မှာတော့ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် အာဆင်နယ်ဆိုရင် အငြိုးနဲ့ဂိုးတွေသွင်းနေတာလားလို့ ဗာဒီကိုမေးရမလိုပါပဲ။

Aung Bwa – SportsGabar