နယ်သာလန်လိဂ်သမိုင်းတလျှောက် (၁၃)ဂိုးဆိုတဲ့ စံချိန်မှာ တပွဲတည်း (၈)ဂိုးပတ်သက်ခဲ့တဲ့ ထရာအိုရေး

အေဂျက်အသင်းရဲ့ဂိုးသွင်းနှုန်းတွေက လျှော့တွက်ရင် မှားသွားမယ်ဆိုတဲ့အသင်းမျိုးပါ။ ကလပ်သမိုင်းတလျှောက်စံချိန်တင်ဖြစ်လာမယ့် သွင်းဂိုးတွေကို (ဝ-၁၃)ရ လဒ်နဲ့ VVV ဗယ်နိုနဲ့ ရင်ဆိုင်အတွေ့မှာ ဖန်တီးနိုင်ခဲ့ပါတယ်။ နယ်သာလန်လိဂ်သမိုင်းမှာလည်း ပထမဆုံးအကြိမ်ဖြစ်၊ သူတို့ရဲ့စံချိန်ဟောင်းဖြစ်တဲ့ (၁၂)ဂိုးအထိသွင်းထားတဲ့ နိုင်ပွဲကိုလည်း စံချိန်ထပ်ချိုးတဲ့အဖြစ်ကို အေဂျက်ဖန်တီးနိုင်ခဲ့တာပါ။

(၁၉၇၂)မှာ အေဂျက်အနေနဲ့ Vitesse အသင်းကို (၁၂-၁)ဆိုတဲ့ ရလဒ်နဲ့ ကလပ်စံချိန်တင်ဂိုးသွင်းပြီး အနိုင်ရဖူးပါတယ်။ လီဗာပူးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ (၁-ဝ)နဲ့ရှုံးနိမ့်ထားတဲ့ အေဂျက်အနေနဲ့ ပထမပိုင်းမှာတင်လေးဂိုးအထိ သွင်းခဲ့ပြီး၊ ဒုတိယပိုင်း ဗယ်နိုဖက်က တယောက်အထုတ်ခံလိုက်ရချိန်မှာ (၉)ဂိုးအထိ ဆက်တိုက်သွင်းခဲ့ပါတယ်။

အသင်းရဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ လက်စနာ ထရာအိုရေးတယောက် တဦးတည်းငါးဂိုးသွင်းခဲ့ကာ ဂိုးဖန်တီးမှု (၃)ကြိမ်နဲ့ သွင်းဂိုးစုစုပေါင်း (၈)ကြိမ်အထိ ပါဝင်ပတ်သက်ခဲ့ပါတယ်။ (၁၉)နှစ်ပဲ ရှိသေးတဲ့ ကစားသမားအတွက် ဒီမှတ်တမ်းက အတော်လေးကို အံ့အားသင့်ဖို့ ကောင်းတဲ့စွမ်းဆောင်ရည်ကို ဖန်တိးနိုင်ခဲ့တာလို့ ဆိုရမှာပါ။

အနောက်အာဖရိက ဘာကီနာ ဖာဆိုလက်ရွေးစင် ထရာအိုရေးအတွက် (၂၀၁၉)ခုနှစ်ပွဲထွက်ချိန်ကစလို့ အေဂျက်အတွက် သွင်းဂိုးအများဆုံးသွင်းယူထားပြီး၊ လက်ရှိအေဂျက်ရဲ့ဂိုးသွင်းစက်အဖြစ်လည်း မှတ်တမ်းတင်ထားပါသေးတယ်။ နောက်ထပ်စံချိန်တွေက ကလပ်အတွက် တပွဲတည်း ငါးဂိုးသွင်းနိုင်တဲ့ ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို မာကိုဗန်ဘက်စတန် (၁၉၈၅) (၆)ဂိုးနောက်ပိုင်း ပထမဆုံးအကြိမ်ပြန်ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ဖရန်ကီဒီဂျောင် (၂၀၁၇)နောက်ပိုင်း တပွဲတည်းသုံးဂိုးဖန်တီးနိုင်တဲ့ အေဂျက်ကစားသမားလည်းဖြစ်ပါတယ်။ အရင် နယ်သာလန်လိဂ်သမိုင်းမှာ ဂိုးမိုးရွာတဲ့ပွဲတွေအဖြစ်သမိုင်းမှာရှိခဲ့တာက (၂)အေဂျက် (၁၂-၁) ဗိုက်တက်ဆီ (၁၉.၅.၁၉၇၂)၊ (၃)DOS Utrecht ၁၀-၀ SHS (၄)ဖီယင်နု (၁၀-ဝ)အန်အေစီ ဘရက်ဒ်ဒါ (၈.၁၂.၁၉၆၃)၊ (၅)ပီအက်ဗွီ (၁၀-ဝ) Go Ahead Eagles (၁၃.၁၀.၁၉၇၃)၊ ၊ (၆)ပီအက်ဗွီ ၁၀-၀ ဗိုလန်ဒန် (၁၈.၄.၁၉၉၈) (၇)ပီအက်ဗွီ (၁၀-ဝ) ဖီယင်နု (၂၄.၁၀.၂၀၁၀) တို့ဖြစ်ပါတယ်။

Aung Bwa – SportsGabar