နံနက်ပိုင်း အားကစားသတင်းတိုများ (၂၅.၁၀.၂၀၂၀)

အင်တာမီလန်အသင်းနဲ့ ဂျီနိုအာအသင်းတို့ကစားခဲ့တဲ့ပွဲစဉ်က (ဝ-၂)နဲ့အတူ ဂျီနိုအာတို့ရှုံးနိမ့်ခဲ့ပါတယ်။ လူကာကူ ၊ အမ်ဘရိုစီယိုတို့ရဲ့သွင်းဂိုးတွေနဲ့ အင်တာမီလန်အနိုင်ရခဲ့ပြီး၊ လူကာကူတယောက် ဂိုးသွင်းနှုန်းရပ်တန့်မရဖြစ်နေပါတယ်။ အင်တာမီလန်နဲ့ ဘယ်လ်ဂျီယမ်အတွက် (၁၃)ပွဲကစား၊ (၁၅)ဂိုးသွင်းနဲ့ ခြေစွမ်းပြခဲ့ပါတယ်။

ဝက်စ်ဟမ်းနဲ့ မန်စီးတီးတို့ ကစားခဲ့တဲ့ပွဲစဉ်က (၁-၁)သရေရလဒ်နဲ့ မန်စီးတီးတို့ တမှတ်ခွဲယူခဲ့ပါတယ်။ ပထမပိုင်းတပိုင်းလုံး ချေပဂိုးမရခဲ့ဘဲ ဒုတိယပိုင်းအရောက်မှာမှ ဖိုဒင်ရဲ့သွင်းဂိုးနဲ့အတူ ချေပဂိုးအဖြစ်ပြောင်းလဲကာ ပွဲပြီးရလဒ်ဖြစ်ခဲ့ပါတယ်။ မှတ်တမ်းအနေနဲ့ ဖိုဒင်ဂိုးသွင်းတိုင်း မရှုံးသေးတဲ့ မန်စီးတီးရဲ့မှတ်တမ်းကောင်းကို ဆက်လက်ပိုင်ဆိုင်သွားခဲ့ပါတယ်။

မွိုက်စ်ကိန်း၊ အမ်ဘာပေ၊ နေမာ အထူးခြေစွမ်းပြပြီး၊ ဒီဂျွန်ကို (၄-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ မွိုက်စ်ကိန်းနဲ့ အမ်ဘာပေ နှစ်ဂိုးစီသွင်းပြီး၊ နေမာ တဦးတည်း နှစ်ကြိမ်ဖန်တီးခဲ့ကာ ပီအက်စ်ဂျီတို့ ဂိုးပြတ်နိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။ မွိုက်စ်ကိန်းဟာ အသက်(၂၀)အရွယ်မှာပဲ ထိပ်သီးလိဂ်သုံးခုမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဖရန့်ဖတ်အသင်းကစားခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ်နဲ့အတူ လီဝမ်ဒေါစကီးတယောက် ခြေစွမ်းပြခဲ့ပါတယ်။ ပါဖတ်ဟက်ထရစ်လို့ခေါ်တဲ့ ဘယ်၊ ညာ၊ ခေါင်း သုံးခုလုံးနဲ့ ဂိုးသွင်းတဲ့ ဟက်ထရစ်ကို ရခဲ့ကာ ပြီးပြည့်စုံတဲ့ ဂိုးသွင်းစကေးတခုကို ပြသခဲ့ပါတယ်။

မန်ယူဝ-၀ချဲလ်ဆီး ပွဲစဉ်မှာ ချဲလ်ဆီးနည်းပြလမ်းပတ်က ပင်နယ်တီမရခဲ့တဲ့အပေါ် ပေါက်ကွဲခဲ့ပါတယ်။ မက်ဂွဲယားရဲ့အက်ပလီကျူတာအပေါ် ဟန့်တာတဲ့ဟန်ဟာ ပင်နယ်တီကျိန်းသေပေါက်ပေးရမယ့် ခေါင်းကိုချုပ်တာမျိုးလို့ ထောက်ပြခဲ့ပြီး၊ ပင်နယ်တီရကိုရရမယ်လို့ ဝေဖန်ခဲ့ပါတယ်။

အေဂျက်နဲ့ ဗီဗီဗီဗယ်နိုတို့ကစားခဲ့တဲ့ ပွဲစဉ်က (၁၃-ဝ)နဲ့အတူ အေဂျက်တို့ နိုင်ခဲ့ပါတယ်။ အဆိုပါပမာဏမျိုး ဂိုးသွင်းတာဟာ နယ်သာလိဂ်သမိုင်းတလျှောက် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ အများဆုံးဟာ (၁၂)ဂိုးအထိသွင်းဖူးတဲ့ ပွဲစဉ်ပဲရှိတဲ့အတွက် အေဂျက်တို့ သမိုင်းစံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

အယ်ကလက်စီကိုပွဲမှာ ရီးရဲလ်ကို (၁-၃)နဲ့ ရှုံးခဲ့တဲ့အပေါ် ဘာစီလိုနာနည်းပြကိုးမန်းက VAR တွေကို ပေါက်ကွဲလိုက်ပါတယ်။ ရာမို့စ်ပင်နယ်တီပေးခဲ့ရတဲ့အလုံးမှာ ဒိုင်တွေဟာ ဘာစီလိုနာနဲ့ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နေပြီး၊ VAR က ဘာစီလိုနာကို အခုလိုရှုံးစေခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။

Aung Bwa – SportsGabar