ဖီလ်ဖိုဒင်ဂိုးသွင်းတိုင်းလုံးဝမရှုံးသေးတဲ့ စံချိန်ကိုပိုင်ဆိုင်နေဆဲမန်စီးတီး

မန်စီးတီးကို ပြိုင်ပွဲစုံတွေ့တိုင်း ၉ ပွဲဆက်အထိ ရှုံးနိမ့်ထားခဲ့ဖူးတဲ့ ဝက်စ်ဟမ်းအသင်းဟာ ဒီနေ့မှာ သူတို့ရဲ့စံချိန်ကောင်းတခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒီကနေ့ပွဲမတွေ့ခွင့်အထိ မန်စီးတီးကို ဘယ်မှာတွေ့တွေ့ (၉)ပွဲအထိ ရှုံးထားတဲ့ ဝက်စ်ဟမ်းဟာ အခုအချိန်မှာတော့ သရေရလဒ်တခုရအောင် အိမ်ကွင်းမှာ ခံကန်သွားနိုင်ခဲ့ပါပြီ။ ဦးဆောင်ဂိုးသွင်းပြီးကို သရေကန်နိုင်ခဲ့တာပါ။

ဇွန်လကတည်းက ဂိုးသွင်းနိုင်တဲ့ ကစားသမား ဟယ်ရီကိန်း (၁၂)ဂိုးကလွဲရင် (၁၁)ဂိုးနဲ့အများဆုံးလိုက်လာပြီဖြစ်တဲ့ အန်တိုနီယိုရဲ့ဦးဆောင်ဂိုးနဲ့ ပွဲကို စိုးမိုးခဲ့ပါတယ်။ မန်စီးတီးကို ပထမတပိုင်းလုံဦးဆောင်ခဲ့ကာ သူတို့ရဲ့စွမ်းဆောင်ရည်ကောင်းတခုကို ထုတ်ပြနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးကြောင့် မန်စီးတီးနောက်ကနေ လိုက်ကစားခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ချေပဂိုးရဖို့ဖိအားပေးခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ ပတ်ဂွါဒီယိုလာအနေနဲ့ ကစားကွက်အပြောင်းအလဲလုပ်ခဲ့ပြီး၊ အဂူရိုအစား ဖိုဒင်ကိုပြောင်းထည့်ခဲ့ပါတယ်။ (၅၁)မိနစ်မှာပဲ လူစားလဲမှန်ကန်မှုအနေနဲ့ ဖိုဒင်ချေပဂိုးသွင်းယူခဲ့ပါတယ်။ မန်စီးတီးရဲ့လာဘ်ကောင်လို့ဆိုရမယ့် ဖိုဒင်၊ စံချိန်ကောင်းတခုကို လုံးဝဆက်ထိန်းသွားခဲ့တာက မန်စီးတီးအတွက် သူပါဝင်ဂိုးသွင်းပေးတိုင်း အသင်းဟာ တပွဲမှမရှုံးဖူးဘူးဆိုတဲ့ စံချိန်ပါပဲ။

ပြီးခဲ့တဲ့ပွဲက လူစာရင်းကို လုံးဝမပြောင်းဘဲ ဝက်စ်ဟမ်းကို ရင်ဆိုင်ခဲ့တာက ပတ်ဂွါဒီယိုလာအတွက် နောက်တန်း အဖြေမဟုတ်သေးခဲ့ပါဘူး။ ဦးဆောင်ဂိုးပေးလိုက်ရတဲ့အချက်မှာ ဟာကွက်လေးတွေရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။ အန်တိုနီယိုရဲ့အဆုံးသတ်ကလည်း ဘိုင်စကယ်ဆိုရင် ဆိုရလောက်အောင် တဂိုးဆိုတဂိုးပြောင်းလဲ ပေးနိုင်တာက ချီးကျူးရမှာပါ။

ဒီထက်ပိုကောင်းတဲ့ လူစာရင်းပိုလိုအပ်နေသလို တိုက်စစ်ပြဿနာကို ဖြေရှင်းဖို့ ကစားသမားအသစ်တွေလိုအပ်နေပါတယ်။ ဖိုဒင်လို ဝှက်ဖဲရဲ့အားသာချက်ကပဲ ပွဲကို မရှုံးနိမ့်အောင် မြင့်တင်နိုင်နေတဲ့အတွက် လာမယ့်ဇန်နဝါရီမှာ တိုက်စစ်ပြဿနာကိုဖြေရှင်းဖို့လည်း စဉ်းစားရဖို့ရှိနေပါတယ်။ နောက်တန်းကတော့ လက်ရှိအချိန်ထိ ဂိုးတွေ ပေးနေရတာက ပိုက်ဆံတွေအများကြီးသုံးထားတဲ့ ဂွါဒီယိုလာခေါင်းခဲစရာပါပဲ။

Aung Bwa – SportsGabar