လီဗာပူးနဲ့ မန်စီးတီးနည်းပြပဲ သာလွန်တဲ့သူရှိတော့တဲ့ လိဒ်နည်းပြ ဘီရယ်ဆာရဲ့မှတ်တမ်း

အက်စတွန်ဗီလာကို (၃-ဝ)နဲ့နိုင်လိုက်တဲ့အချိန်မှာ ဘီရယ်ဆာရဲ့နည်းပြ စွမ်းဆောင်ရည်ကို အထင်သေးဖို့ရာထပ်မဖြစ်နိုင်တော့ပါဘူး။ (၄)ပွဲဆက်နိုင်ထားတဲ့အပြင် လီဗာပူးလိုအသင်းကို (၇-၂)အထိ သွင်းဂိုးတွေနဲ့ ဖြုတ်ထားတဲ့ ဗီလာလိုအသင်းကို ဂိုးပြတ်နိုင်ခဲ့တာပါ။ လိဒ်ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်က တကယ့်ကို အကောင်းဆုံးကို ရောက်နေချိန်မှာ ဘီရယ်ဆာရဲ့မှတ်တမ်းကလည်းမခေပါဘူး။

ဘီရယ်ဆာလိဒ်ယူနိုက်တက်ကို နည်းပြရာထူးတာဝန်စယူချိန်မှာ (၂၀၁၈)သြဂုတ်လတုန်းကပါ။ နှစ်နှစ်ကျော်ကာလအတွင်းမှာ လိဒ်ယူနိုက်တက်ကို တန်းတက်လာစေခဲ့တဲ့အပြင် ပရီးမီးယားလိဂ်မှာ လိဒ်ရဲ့ကစားဟန်ကို တန်းတခုရှိတဲ့အထိကို အဆင့်မြင့်ပေးထားနိုင်ခဲ့ပါတယ်။ လိဒ်ရဲ့ကစားအားက လုံးဝမချတဲ့အပြင် တကယ့်ကို တိုက်စစ်အသားပေးနဲ့ကို ချနေတာပါ။

ဒါကို ဘီရယ်ဆာရဲ့မှတ်တမ်းက သက်သေခံနေပါတယ်။ ဘီရယ်ဆာလိဒ်ကို တာဝန်စယူချိန်ကစလို့ နိုင်ပွဲဟာ စုစုပေါင်း (၅၇)ပွဲအထိရှိခဲ့ပါပြီ။ အဆိုပါအချိန်ကတည်းက သူ့ထက်များတဲ့ နိုင်ပွဲကို အင်္ဂလန်မှာ ပိုင်ဆိုင်ခဲ့တဲ့နည်းပြက မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာ (၅၇)ပွဲနဲ့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ် (၆၅)ပွဲပဲရှိပါတော့တယ်။ အတော်လေးကို အံ့အားသင့်ဖို့ကောင်းတဲ့မှတ်တမ်းပါ။

ဘီရယ်ဆာကန်ခဲ့ရတဲ့ပွဲတွေက ချန်ပီယံရှစ်မှာဆိုပေမဲ့ လူအင်အားအနေအထားက ဘီရယ်ဆာမှာလည်း ကမ္ဘာ့အဆင့်ပလေယာတွေရှိမနေခဲ့ဘဲ လိဒ်ကို တန်းတင်ကေပးခဲ့တာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ (၁၂)ဂိုးအထိသွင်းထားနိုင်ခဲ့တဲ့ ဂိုးသွင်းနှုန်းကလည်း တန်းတက်လာတဲ့အသင်းတသင်းအနေနဲ့ အများဆုံးသွင်းနိုင်တဲ့ခြေစွမ်းအဖြစ်ပရီးမီးယားလိဂ်မှာ မှတ်တမ်းတင်ထားပြီး၊ (၁၉၉၂-၉၃) မစ်ဒယ်ဘရော့နဲ့ မှတ်တမ်းတူဖြစ်ခဲ့ပါတယ်။

ကျန်တဲ့ထူခြားစံချိန်အနေနဲ့ ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ ဘန်းဖို့ဒ်ဟာ (၂၀၀၃)ခုနှစ် မက်ဗီဒူကာနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအဝေးကွင်း ဟက်ထရစ်သွင်းနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ကြားကာလတွေမှာတော့ လိဒ်ဟာတန်းဆင်းသွားခြင်းနဲ့အတူ ရုန်းကန်ခဲ့ရပြီး၊ ပရီးမီးယားလိဂ်အသင်းတွေနဲ့တွေ့ရင်တောင်မှ ဟက်ထရစ်သွင်းနိုင်ခြင်းမရှိခဲ့ပါဘူူး။

Aung Bwa – SportsGabar