ဒဏ်ရာရနေတဲ့ကြားက အသင်းသားတွေကို စိတ်ဓာတ်ခွန်အားပေးသွားတဲ့ ဗန်ဒိုက်အကြောင်း ဟန်ဒါဆန်ဖွင့်ဟ

ဗန်ဒိုက်ရဲ့ ACL ဒဏ်ရာက ကာလရှည်နားရမယ့် အခြေအနေကြောင့် လီဗာပူးအသင်းနောက်တန်း အခက်ကြုံနေပါတယ်။ ဂိုးသမားအလစ်ဆင်ကလည်း မပါနိုင်သေး၊ ဗန်ဒိုက်လည်းအခုလို ဖြစ်သွားတဲ့အချိန်မှာ ပရိသတ်တွေအနေနဲ့ လီဗာပူးရဲ့အခြေအကေို စိုးရိမ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအခြေအနေတွေကို စိတ်သက်ရာရသွားအောင်လို့ လီဗာပူးကပ္ပတိန်ဟန်ဒါဆန်တယောက် ငြိမ်မနေခဲ့ပါဘူး။

အသင်းရဲ့ပွဲကြိုမတိုင်ခင်တွေမှာ ပြုလုပ်တဲ့ အင်တာဗျူးပရိုဂရမ်မှာ ဗန်ဒိုက်တယောက် အဆင်ပြေနေကြောင်းနဲ့ သူတို့ကို စိတ်ဓာတ်ခွန်အားလာပေးသွားခဲ့အကြောင်းတွေ ဖောက်သည်ချခဲ့ပါတယ်။ သူမရှိလည်းဖြစ်အောင်ဆက်သွားကြဖို့ပုံစံမျိုးကို ဒဏ်ရာရနေတဲ့ကြားက အသင်းသားတွေကို စကားလာပြောသွားခဲ့ပြီး၊ လေးစားဖို့ကောင်းတဲ့ ဗန်ဒိုက်အကြောင်းကို အခုလိုဆိုခဲ့ပါတယ်။

” ထရိန်နင်နဲ့ ပွဲနေ့တွေမှာ အပေါက်ကြီးတပေါက်ချန်ခဲ့သလိုမျိုး ဗန်ဒိုက်ပွဲထက်တာနဲ့ တည်ရှိမှုက အရေးပါပါတယ်။ ပရိသတ်တွေက သူအရေးပါတယ်လို့ စဉ်းစားသလိုမျိုးပဲ။ ကျွန်တော်တို့အသင်းဖော်တယောက်အနေနဲ့ဆိုရင် ပိုအရေးပါပါတယ်။ သတင်းတွေကမျိုးစုံဖော်ပြပြီးချိန်မှာ ပုံမှန်ဗန်ဒိုက်လိုပဲ သူကျွန်တော်တို့အားလုံးကို မက်ဆေ့ချ်တခုလာပေးသွားခဲ့တယ်။ တကယ့်ကို လေးစားဖို့ကောင်းတာမျိုးပဲ။’

” လာပြောသွားတဲ့ အကြောင်းအရာ အတိအကျကြီးတော့ ထုတ်ပြောလို့မဖြစ်ဘူးပေါ့။ ဒါပေမဲ့ အဲဒီထဲမှာ သူ့ကိုယ်သူဝမ်းနည်းနေတယ်ဆိုတာမျိုး စကားလုံးတလုံးတောင်မပါခဲ့ဘူး။ ရှေ့ကိုဆက်သွားကြဖို့နဲ့ သူမကြာခင်မှာ ပိုကောင်းပြီး၊ ပြန်လာမယ်ဆိုတဲ့အကြောင်းပဲပါတယ်။ ဆိုရရင် ပြီးခဲ့တဲ့ အင်္ဂါနေ့က အသင်းရဲ့မယ်ဝုဒ်က ထရိန်နင်ကွင်းကို လာသွားတယ်။ ”

” သူကြည့်ရတာ တကယ်ကိုစိတ်ချမ်းသာတယ်။ တကယ့် လူကောင်းကြီးအတိုင်းပဲ။ သူ့ကို နမူနာယူကြဖို့နဲ့ အခုလိုဖြစ်သွားတဲ့အဖြစ်အပျက်တွေကနေ အကောင်းဖက်ကပဲ တွေးကြဖို့ပြောခဲ့တယ်။ ‘ လို့ ဟန်ဒါဆန်က ဆိုခဲ့ပါတယ်။ တကယ်လည်း ဗန်ဒိုက်တယောက် လီဗာပူးကစားသမားတွေကို အခုလိုလာပြောသွားတာက ပရိသတ်တွေကို စိတ်အေးစေပါတယ်။ ဗန်ဒိုက်မပါခဲ့ပေမဲ့ အေဂျက်ကိုလည်း ကလင်းရှစ်နဲ့နိုင်ပွဲယူထားနိုင်တဲ့လီဗာပူးဟာ ဂိုမက်၊ ဖာဘင်ဟို၊ မာတစ်တို့နဲ့ အလုပ်ဖြစ်အောင် ကစားရတော့မှာပဲဖြစ်ပါတယ်။

Aung Bwa – SportsGabar