နံနက်ပိုင်းအားကစားသတင်းတိုများ (၂၄.၁၀.၂၀၂၀)

လေးပွဲဆက်နိုင်ပွဲရနေတဲ့ အက်စတွန်ဗီလာအသင်းရဲ့ ပထမဆုံးရှုံးပွဲအဖြစ် လိဒ်ယူနိုက်တက်က ဖန်တီးပေးခဲ့ပါတယ်။ တိုက်စစ်မှူးဘန်းဖို့ဒ်ရဲ့ဟက်ထရစ်နဲ့အတူ လိဒ်ယူနိုက်တက်တို့ (ဝ-၃)ရလဒ်ကို ဖန်တီးနိုင်ခဲ့ကာ အနိုင် (၃)မှတ်ကို ပြတ်ပြတ်သားသားအရယူခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းနဲ့ ကစားမယ့်ပွဲစဉ်အတွက် ဂိုးသမားနေရာမှာ ဂျော်ဒန်ပစ်ဖို့ဒ်ကို ဆက်ပွဲထုတ်မှာဖြစ်တယ်လို့ အန်ဆယ်လော့တီကဆိုခဲ့ပါတယ်။ လက်ရှိအဲဗာတန်ရဲ့နံပါတ်တစ်ဂိုးသမားဖြစ်ပြီး၊ ယုံကြည်မှုဆက်ပေးမယ့်ပေါ် ပစ်ဖို့ဒ်အနေနဲ့ လက်စွမ်းပြကာကွယ်မလား စောင့်ကြည့်သွားရပါမယ်။

စပါးအသင်းကစားသမား ဆွန်ယောင်မင်ကို တပတ်ချင်းစွမ်းဆောင်ရည်အလိုက် ဘောနပ်စ်တွေပါမယ့် စာချုပ်နဲ့ ငါးနှစ်စာချုပ်သစ်ချုပ်ဆိုသွားဖို့ ပြင်ဆင်နေပြီလို့သိရပါတယ်။ ပေါင် (၂)သိန်းအထိလစာငွေ မြင့်တက်လာဖို့ရှိနေတဲ့ ဆွန်ဟာ စာချုပ်ကို လက်မှတ်ထိုးဖို့ အတော်လေးနီးစပ်နေပြီလို့ သတင်းထွက်လာပါတယ်။

အာဆင်နယ်အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ ဂျက်ဝီရှိုင်းယားအနေနဲ့ လက်ရှိမှာ ပန်းခြံထဲ ထရိန်နင်ဆင်းနေရတယ်လို့ ဝန်ခံခဲ့ပါတယ်။ (၂၈)နှစ်ပဲရှိသေးတဲ့ ကစားသမားအနေနဲ့ ဝက်စ်ဟမ်းနဲ့စာချုပ်ဖျက်လိုက်ပြီးချိန်မှာ ကလပ်လက်မဲ့ဖြစ်နေပြီး၊ ကမ်းလှမ်းလာမယ့်အသင်းတွေကို စောင့်ကြိုနေတယ်လို့ သိရပါတယ်။

လီဗာပူးနည်းပြ ဂျာဂင်ကလော့က ယူနိုက်တက်တိုက်စစ်မှူး၊ မားကပ်ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်လို့ ချီးကျူးမှုတွေလုပ်သွားခဲ့ပါတယ်။ အခုလို ကျောင်းနေ့လယ်စာကဏ္ဍအတွက် စွမ်းစွမ်းတမံလုပ်နေတဲ့အပေါ် သူ့အနေနဲ့ ရက်ရှ်ဖို့်အတွက်ဂုဏ်ယူမိတယ်လို့ ကလော့က ရက်ရှ်ဖို့ဒ်အပေါ် မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ကစားမယ့် အယ်ကလက်စီကို ဒါဘီဟာ ပထမဆုံးအကြိမ် ပရိသတ်မရှိဘဲ ကျင်းမမှာဖြစ်တယ်လို့ သိရပါတယ်။ သမိုင်းမှာ စံချိန်တင်ဖြစ်လာမယ့် အဆိုပါပွဲကို ကိုဗစ်ကြောင့် ပရိသတ်မပါဘဲ ကျင်းပရမှာဖြစ်ပါတယ်။

Aung Bwa – SportsGabar