ဂရင်းဝုဒ်နဲ့ပတ်သက်လို့ မီဒီယာတွေ ဖွနေကြောင်း ဆိုးလ်ရှားဖြေရှင်း

မန်ချက်စတာယူနိုက်တက်ရဲ့နည်းပြ ဆိုးလ်ရှားက အင်္ဂလန်မီဒီယာတွေအနေနဲ့ ဂရင်းဝုဒ်ပစ်မှတ်ထား အာရုံစိုက်နေပြီး၊ သတင်းရဖို့ဖန်တီးနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ပွဲစဉ်မှာ ထရိန်င်ဆင်းနေတဲ့ ဂရင်းဝုဒ်တယောက် သွားကန်မှ ကြံ့ခိုင်မှုမပြည့်လို့ မပါခဲ့တဲ့အပေါ် ထရိန်နင်နောက်ကျတဲ့ ပြဿနာတွေရှိနေတယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။

ကစားသမားအနေနဲ့ အခုလို သတင်းတွေထွက်လာချိန်မှာ ဆိုးလ်ရှားကို ဒီသတင်းမှန်ကန်မှုရှိမရှိ မေးမြန်းခဲ့ကြပါတယ်။ နည်းပြချုပ်တယောက်အနေနဲ့ ဒီသတင်းတွေအပေါ် စိတ်ပျက်နေပြီး၊ အင်္ဂလန်မီဒီယာတွေဟာ ကစားသမားနောက်ကို တကောက်ကောက်လိုက်နေကြပြီလို့ ဆိုလိုက်ပါတယ်။ ” မေဆင်က ဒီနွေရာသီမှာ အင်္ဂလန်အတွက် ကစားနေရင်း အမှားတချို့လုပ်ခဲ့ပါတယ်။”

” ရုတ်တရက်ဆိုသလိုပဲ အင်္ဂလန်မီဒီယာတခုလုံးက သူ့နောက်ကို လိုက်သွားပါတယ်။ ကျွန်တော်မီဒီယာတွေကို စိတ်ပျက်မိပါတယ်။ သူဘာထရိန်နင်မှ နောက်မကျခဲ့ပါဘူး။ ထရိန်နင်မှာရှိတုန်းကလည်း သူ့မှာ ဘာပြဿနာ တစုံတရာမှ မရှိပါဘူး။ အချိန်မှန်အမြဲရောက်ခဲ့သူပါ။ ကျွန်တော်သတင်းတွေကိုကြားပါတယ်။ ယူနိုက်တက် ကစားသမားဟောင်းတွေကလည်း ဒီအကြောင်းကိုပြောနေကြပါတယ်။”

” သူတို့ ဘာကိုပြောနေကြမှန်းတောင် မသိပါဘူး။ ထရိန်နင်အပြင်ဖက်မှာ ဓာတ်ပုံဆရာတွေအမြဲတမ်းရှိပါတယ်။ ဂရင်းဝုဒ်အချိန်မှန်ရောက်မရောက်ကို သူတို့သိတယ်လေ။ အခုလိုသတင်းတွေ ဘယ်ကထွက်လာမှန်းလည်း ကျွန်တော်မသိပါဘူး။ သူ့နောက်မှာ တကယ်ကောင်းတဲ့ မိသားစုလည်းရှိပါတယ်။ အကယ်ဒမီမှာဆိုရင်လည်း တကယ်ကောင်းတဲ့ နောက်ခံဘတ်ဂရောင်းရှိတယ်။ ”

” သူတကယ့်ကို ထရိန်းနေတာ အပြင်းအထန်ပဲ။ အခုလို မေဆင်ကို ပရော်ဖက်ရှင်နယ်မပီသဘူးဆိုတဲ့ သတင်းမျိုးတွေ ထွက်လာတာ ကျွန်တော် ယုံတောင်မယုံနိင်ဖြစ်မိပါတယ်။’ လို့ ပြောခဲ့ပါတယ်။ တကယ်လည်း ဂရင်းဝုဒ်ပွဲမထွက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီပွဲအတွက် အခုလို သတင်းတွေထွက်လာပါ။ ဆိုးလ်ရှားကတော့ သူ့ကစားသမားအနေနဲ့ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့်လို့ပဲ ဖြေရှင်းထားပါတယ်။

Aung Bwa – SportsGabar